Showing posts with label ကျွန်တော့်ကဗျာတွေ. Show all posts
Showing posts with label ကျွန်တော့်ကဗျာတွေ. Show all posts

Sunday, November 18, 2018

မင်းမသိတဲ့ ငါ့​ဒေါသတရား


ငါသယ်​ယူထားရ​သော ​လေးလံခြင်းများ
ဒါမှမဟုတ်
ငါ့ကို သယ်​ယူ​နေ​သော ​လေးလံခြင်းများ​ပေါ့
ငါတစ်​​ယောက်​တည်းဖြစ်​​နေတဲ့ စိတ်​​ရောဂါဟာ
တကိုယ်ရ​ည်​ မယုံကြည်​မှုက​နေ ကြီးထွားလာခဲ့တယ်​။
မြင်​မြင်​​နေသမျှ ငါ့ရန်​သူ
မရှိတဲ့ ​သေနတ်​​ကို ကျည့်​ဖြည့်
မင်းကလွဲရင်​ အားလုံးပစ်​ချလိုက်​မယ်
တစ်​​ယောက်​တည်းရှိ​နေတဲ့အခါ
ငါဟာ အ​သေခံဗုံးခွဲသမား
ငါဟာ မင်းအနားက လူ​တွေအားလုံးကို ကိုက်​ဖြတ်ချင်​​နေတဲ့
ဇွန်​ဘီတစ်​​ကောင်
ဆာ​လောင်​မှုဟာ ဦး​ဏှောက်​ က​နေလာတယ်
အဟာရ​တွေကို ငြင်းပယ်​ရင်း
စဉ်းစား​တွေး​ခေါ်ခြင်းက လူ့အဖြစ်​ရဲ့ အဆိပ်​လို
ငါ​ကို ​သောက်​သုံး​ပါ​စေ
ငါ့​သွေးထဲမှာ ပြည့်​​နေတဲ့ မယုံကြည်​ခြင်း အဆိပ်
ငါ့အသက်​ရှုလိုက်​တိုင်း ​လေထုတစ်ခုလုံး
ညစ်​ညမ်းသွားဖို့ ဆန္ဒ​တွေရှိ​နေတယ်
ဒီလိုနဲ့ စီးကရက်​​တွေဖွာ သက်​ပြင်း​တွေရှိုက်​ထုတ်
နာကျင်​မှုအစား လူ့အဖွဲ့အစည်းကို ငြင်းပယ်​ရတာကိုပဲ
ငါပိုသ​ဘောကျ​တယ်​။
ငါ့အတ္တဟာ မင်းရှိ​နေတဲ့ ရှင်​သန်​ခြင်း
ငါ့​ဒေါသဟာ ငါ့​ခေါင်းကို တစ်​​ယောက်​​ယောက်​က ရိုက်​မခွဲခင်
မင်းအနားက တစ်​​ယောက်​​ယောက်​ရဲ့ ​ခေါင်းကိုရိုက်​ခွဲပစ်​ချင်​တဲ့ဆန္ဒ
မင်းမသိတဲ့ ငါ့အိပ်​မက်​မှာ ငါငို​ကြွေးမိတဲ့အခါတိုင်း
မင်းကလွဲရင်​ တစ်​​လောကလုံးကို ငါစိတ်​နာတယ်
မင်းနဲ့​ဝေး​နေရတဲ့အခါ ငါက ကမ္ဘာစစ်​ကို ဖန်​တီးချင်​သူပါ
မင်းအနားကလူ​တွေထံကို ​မေတ္တာတရားမပါတဲ့
နျူ​ဗုံး​တွေ ပို့လွှတ်​မယ်
မင်းကိုချစ်​​နေတာကလွဲလို့
သေချာခြင်းတဲ့အရာ ဘာတစ်​ခုမှ ရှိမ​နေတဲ့ငါဟာ
မင်းမရှိတဲ့အခါ
စိတ်​ရိုင်းဝင်​သွားတဲ့ ​ခွေးရူးတစ်​​ကောင်​ပါပဲ
စိတ်​ထဲရှိသမျှ အံကြိတ်​လို့ ထိုး​ဟောင်​​နေရတယ်​။
မှူးသစ်
















Saturday, November 10, 2018

ငါ့ အ​ကြောက်​တရား

မလုံခြုံ​သော ​နေ့ရက်​များမှာ
တစ်​ကိုယ်​ရည်​ အ​ကြောက်​တရားနဲ့ ​နေထိုင်
အသက်​ရှုရတာကိုပဲ ထိတ်​လန့်​​နေတယ်
မင်းမသိဘူး
မင်းမသိဘူး
မင်းငါ့ကို မသိဘူး
ငါ့နာကျင်​မှုကို မင်းမသိဘူး
ငါ့အ​ကြောက်​တရားကို မင်းမသိဘူး
ငါ့တကိုယ်​ရည်​ လွမ်းဆွတ်​ မှုကို မင်းမသိဘူး
မင်းမသိတဲ့ ငါဟာ
အရာအားလုံးကို ​ကြောက်​လန့်​​နေရသူပါ
မင်းငါ့ကို ​မေ့​နေမှာ ငါ​ကြောက်​တယ်
ငါမဟုတ်​တဲ့ တစ်​​​ယောက်​​ယောက်​နဲ့အတူတူ
မင်းရှိ​နေမှာ ငါ​ကြောက်​တယ်
ငါ .. မင်း​ကို​ကြောက်​တယ်
ငါ့ကိုယ်​ငါ ​ကြောက်​တယ်
နောက်​​တော့ မင်းအနားက ငါ့ရဲ့ သူစိမ်း​တွေကို 
ငါေ​​ကြာက်​တယ်
ငါ့အ​ကြောက်​တရားမှာ ဘယ်​နတ်​ဘုရားမှ
အားကိုးရာမရှိဘူး
ငါဟာ တကိုယ်​ရည်​မလုံခြုံမှုနဲ့
အခန်းကျဉ်းထဲမှာ တိတ်​တဆိတ်​ရူးသွပ်​​နေရသူပါ
တိတ်​ဆိတ်​ခြင်းကို ​ကြောက်​လို့
သီချင်း​တွေဖွင့်​​တော့
အဲ့ဒီ သီချင်း​တွေက ငါ့ကိုယ်​ပြန်​​ခြောက်​လန့်​​နေတယ်
ငါ​ကြောက်​တယ်
အရာအားလုံးကို ငါ​ကြောက်​​နေတယ်

မှူးသစ်
NOV, 10, 2018
5:20 PM


Friday, November 9, 2018

လွဲ​ချော်​ခြင်း



သူအထင်​ကြီးတဲ့ ကမ္ဘာထဲမှာ
ကျ​တော်​မ​နေနိုင်​ဘူး
ကျ​တော်​ ​ရှင်​သန်​ချင်​တဲ့ မိသားစုဆိုတာ
သူ့ဘဝမဟုတ်​ခဲ့ဘူး
ဒီလိုနဲ့
လွဲ​ချော်​ခြင်းကို ဘဝလို ရှင်​သန်​ခဲ့တယ်
ဒီကမ္ဘာကြီးထဲမှာ
မှူးသစ်

Thursday, November 8, 2018

ခေတ်​ထဲက ထွက်​​ပြေးချင်​သူတစ်​​ယောက်​အ​ကြောင်း


တ​စ်​​ယောက်​က ​ပျော်​ရွှင်​မှုကို ​ရွေးချယ်​တဲ့အခါ
တစ်​ယောက်​က နာကျင်​မှုကို ရတယ်
တစ်​​ယောက်​က လွတ်​လပ်​မှုကို ​ရွေးချယ်​တဲ့အခါ
တစ်​​ယောက်​က အခန်းကျဉ်း​ထဲမှာ ပိတ်​​​လှောင်​သွားတယ်
တစ်​​ယောက်​က အသိုင်းအဝိုင်း​တွေ ကျယ်​ပြန့်​လာတဲ့အခါ
တစ်​​ယောက်​ရဲ့ ​ထောင့််​စွန်း​က​လေးက ပိုပို​သေးလာခဲ့တယ်
ဒါဟာ ကမ္ဘာကြီးရဲ့ ဆက်​သွယ်​မှု​​များနဲ့ မသက်​ဆိုင်​​သော
အချိတ်​အဆက်​များ​ပေါ့

နေ့ရက်​​တွေအ​ကြောင်းကို စဉ်းစားတဲ့အခါတိုင်း
ခေတ်​ကြီးရဲ့ နည်းပညာ​တွေက သုံးစားလို့ကို မရ​တော့ဘူး
ဒဏ်​ရာ​တွေကို ပြက္ခဒိန်​မှာ ထည့်​​ရေးခွင့်​မရှိဘူးဆိုတာက
ပြီး​တော့လည်း ပြီးသွားတာပဲ မဟုတ်​လား
ဒီလိုနဲ့ လူ့အဖြစ်​ရဲ့ ဆင်​​ခြေ​တွေပြည့်နေတဲ့ အခန်းကျဉ်းတစ်ခုထဲ ပိတ်မိနေတယ်။

ဆိုကြပါစို့
လူ​တွေကို စိတ်​ပျက်​တယ်
လူ့အဖွဲ့အစည်းကို စိတ်​ပျက်​တယ်
ဒဏ်​ရာ​တွေမှာ အဆိပ်​တက်​လာတဲ့အခါ
နာကျင်​မှုကို ​ဆေးလို မှီဝဲကြည့်​လိုက်​မယ်
ထုံးတမ်းအစဉ်​အလာနဲ့ ​ရှေးရိုးစွဲ​တွေကို
ဆန့်​ကျင်​​နေသူတစ်​​ယောက်​က
လူဖြစ်​ခြင်းမှာ ​သေရာပါ ကျိမ်​စာ​တွေရှိ​နေတတ်​တယ်​ဆိုတာ
ယုံကြည်​​နေသတဲ့
မရယ်​ရတဲ့ဟာသ​တွေကို လူ​တွေရယ်​နေကြသလို
မနာကျင်​ရဘူးထင်​ရတဲ့ ဒဏ်​ရာ​တွေကလည်း နာကျင်​​နေရပြန်​တာပဲ
အောင်မြင်​​ကျော်​ကြားမှု​တွေ​အလိုကျ
ပျော်​ရွှင်​ခြင်းတရားက ကခုန်​​နေလိမ့်မယ်
တောင်းဆိုစရာ ဘာများရှိဦးမှာလဲ
အ​ဝေးကြည့်​မျက်​မှန်​ကို ပို​ကောင်းတဲ့
ပါဝါတိုးချင်​မိ​ရုံသက်​သက်​ကလွဲလို့

မှူးသစ်
8, Nov, 2018

Wednesday, November 7, 2018

ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....


ဘ၀ဟာ စွန်းထင်းခံထားရတဲ့
အစွန်းအထင်းကလေးတွေလိုပေါ့
ဒီလိုနဲ့ပဲ နွေရာသီတွေထဲကို အလွယ်တစ်ကူ
ပြုတ်ကျလာခဲ့တယ်

ရာသီဥတု လေးပါးစလုံးမှာ
ကိုယ်စိတ်နှလုံးအရည်အသွေးတွေအားလုံးဟာ
နောက်ကောက်ကျနေ
တစ်ယောက်ယောက်ကနေပြီး ဒီစက်ဝိုင်းတွေကို
ဒီထက် ပိုမြန်အောင် လှည့်ပေးနေရင်ကောင်းမယ်
ခပ်တိုးတိုးလိုက်ဆိုမိနေတဲ့ ခတ်ပေါ်တေးသံတွေအလိုက်
နာကျင်သမျှ ဘာတွေများ အစီစဉ်တကျရှိမလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ထားတဲ့ သော့အိမ်ဟာ
ဒီလိုနဲ့ပဲ သက်တမ်းတွေကို ကျော်လွန် ခဲ့လေပြီ
အရေပြားပေါ်ကနေ စာရွက်ပေါ် ကူးပြောင်းလာသော
မှတ်တမ်းမှတ်ရာများ
မမေ့နိုင်တာတွေလည်း မေ့ခဲ့ဖူးပါပြီ
တစ်ယောက်ယောက်က ဒီငယ်ဘ၀တွေ ပြန်ပေးလည်း
ကိုယ်ဆယ်ယူစရာ ကိုယ့် အိပ်မက်ဟာ
ဘောင်ကျဉ်းကျဉ်းကလေးထက် ပိုမရှိတော့ဘူး
** လူရယ်ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီ စိတ်မှာ
ပြန်လည်လျှော်ဖွတ်မရတော့ဘူး
ဘ၀က ညစ်ပတ်တယ် **
အချိန်တွေဟာ သီချင်းတွေနားထောင်တယ်
ကဗျာတွေရေးတယ် နီတိတွေကိုဆန့်ကျင့်တယ်
အမှတ်အသားတွေကို စွန့်ခွါတယ်.
လမ်းဘေး ကဖေးဆိုင်ကလေးတွေကို ရွေးချယ်ဖြစ်တယ်
ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....
အကျအရှုံးတွေနဲ့ နေသားတကျ..
လိုအပ်တာတွေထက် ပိုပြီးလိုအပ်နေလဲ
မလိုအပ်သလို နေထိုင်
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမရတော့တဲ့
စိတ်ရောဂါဟာ
လူ့သက်တမ်းမှာ ကိုယ်ရေးဖြစ်တဲ့ သမိုင်းအစွန်းအထင်းကလေးတွေ့ပေါ့
မနက်ဖြန်တွေဟာ ဖြစ်သလိုပဲ ရောက်လာပါစေတော့လို့
ခဏခဏတွေးဖြစ်တဲ့ နေ့ဟောင်းနေ့ရက်များ
ဒီလိုနဲ့ပဲ အိပ်မပျော်ဖြစ်တဲ့ညတွေဟာ
လူ့ဖြစ်တည်မှုတွေကို အဆုံးသတ်ပေးသွားနိုင်လိမ့်မယ်လို့
မျှော်လင့်နေရတယ်
မြင်နိုင်တယ်ဆိုရုံအလင်းရောင်ကလေးနဲ့
တိတ်တိတ်ဆိတ်ဆိတ် ရေးခြယ် ထားမိတယ်
အပိုင်းအစသက်သက်တွေလို
တစ်စစီ ကိုယ်ဖြတ်တောက်ထားတဲ့ စိတ်ဟာ
ပြိုကျတော့မယ့် လေထုထဲမှာ
လွင့်နေရသလို မျောနေတာကိုက သိပ်လေးလံနေပါလား
ကိုယ့်သက်တမ်းမှာ ကိုယ့်မှတ်တမ်းမှတ်ရာတွေကိုပဲ
အရင်ဆုံး အဆုံးသတ်ထားချင်မိတယ်
ဒီလိုနဲ့ပဲ.ရွေ့လျားနေသမျှဟာ
ရပ်တန့်နေရတာထက် ပိုရွေ့မလာနိုင်တော့ပါဘူး
အရေပြားပေါ်လောင်လာတဲ့ စာသားတွေဟာ
မရေးဖြစ်တဲ့ ဒိုင်ယာယီစာအုပ်တွေကို
ကျော်လွန်ဖို့ခက်နေတယ်
စွန့်ခွါရတာက ပိုပြီးအင်အားကုန်လွယ်သလား
ကိုယ်ဟာ ဒီသမိုင်းဖြစ်စဉ်မှာ
ဗလာစာရွက်ကြမ်းကြမ်းလေးတစ်ရွက်လိုပေါ့
အိပ်မက်တွေချရေးတာက ခက်ခဲတာတွေထက်
ပိုပြီး ခက်ခဲ ခဲ့ပါတယ်
ကိုယ့်ကို ရွေးချယ်လာခဲ့တဲ့ ကံတရားတွေကို
ကိုယ်က ပြန်ရွေးခြယ်ကြည့်မိတဲ့အခါ
ပြုတ်ကျလာတဲ့ ရာသီဥတုလေးပါးစလုံးမှာ
ထောင့်စွန်းတွေဟာ ပျောက်ဆုံးလို့နေတယ်...
ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....
ဒီဘ၀ဖြစ်စဉ်တစ်ခုလုံးမှာ
အချိန်တွေဟာ
ခက်ခဲတာတွေထက် ပိုပြီးခက်ခဲခဲ့ပါတယ်။
မှူးသစ်
March 18, 2014
** ထူးအိမ်သင် - "လူနဲ့ အင်္ကျီ"

Monday, October 15, 2018

"ငါ"


စီးကရက်တစ်​လိပ်​​လောက်​ ဆိုတာက​နေစပြီး
ငါ့ကို ဂရုစိုက်​​ပေးပါဆိုတဲ့ ​တောင်းဆိုမှု​တွေအထိ
လင်းလိုက်​ ​မှောင်​လိုက်​နဲ့
စိတ်​ပျက်​စရာ​ကောင်း​တဲ့ အိပ်​မက်​​တွေဟာ.
ငါရဲ့ လူဖြစ်​ခြင်းဖြစ်​တယ်
ခပ်​​ဝေး​ဝေးကိုမှ ကြည့်​တတ်​သူ​တွေကြားထဲ
ငါမျက်​လုံးက အသည်းအသန်​ အနီးမှုံ​နေတယ်
ပြောင်းလဲသွားကြတဲ့ လူ​တွေအ​ကြောင်းကို​ငေး
ဆရာကြီးများသမိုင်း ဆိုတာကို ငါမြင်​လာရတဲ့အခါ
အဲ့ဒီစာမျက်​နာကို ငါ​ကျော်​ပစ်​လိုက်​တယ်
လူ့အသိုင်းအဝိုင်းဟာ လူ​ထက်​ နာမည်​​တွေ ဂုဏ်​​တွေ 
ကျော်​ကြားချမ်းသာမှု​တွေကို ပိုပြီး​တောင်းတတယ်
ဒါဟာ ငါ ​နောက်​ဆုံး နာဖြစ်​တဲ့ တရားဖြစ်​တယ်
အဲ့ဒီ​နောက်​ ငါဟာ မ​ထွေးဖြစ်​တဲ့ တံ​တွေးကို မျိုတယ်
ဘီယာတစ်​ခွက်​မှာတယ်​ စီးကရက်​တစ်လိပ်​ကို မီးညှိတယ်
လူ့အဖွဲ့အစည်းဟာ လူ​တွေ​နဲ့​ပေါင်းဖွဲ့စည်းတာမဟုတ်​ဘူးဆိုတာ
ငါ​ကလွဲရင်​ ငါမဟုတ်​သူ​တွေက သိ​နေတယ်
ငါမသိခဲ့တာ​တွေကလည်း အ​တော်​များတယ်
လူ​တွေက ဘီယာဝိုင်းမထိုင်​ဘူး
နာမည်​​တွေက ဘီယာဝိုင်းထိုင်ြ​ကတယ်
လူ​တွေက စာမ​ရေးဘူး သီချင်းမဆိုဘူး
နာမည်​​တွေက စာ​ရေးကြတယ်​ သီချင်းဆိုကြတယ်
လူ​တွေက ရုပ်​ရှင်​မရိုက်​ဘူး
နာမည်​​တွေက ရုပ်​ရှင်​ရိုက်​ကြတယ်
ငါဘာမှ မသိခဲ့ဘူး
လူ​တွေဟာ လူအစစ်​​တွေမဟုတ်​ဘူးဆိုတာ​တွေအထိ
ငါမသိခဲ့ဘူး
လူ့အသိုင်းအဝိုင်း​တွေက ကျယ်​ကျယ်​လာတဲ့အခါ
ငါက တစ်​စတစ်​စ ကျုံ့ကျုံ့​သေးလာတယ်
ငါဘယ်​​လောက်​ ​သေးလာသလဲဆိုတာလည်း
ငါမသိခဲ့ဘူး

မှူးသစ်

Monday, April 9, 2018

"မှန်​ကြည့်​ခြင်း"


ကိုယ့်​ကိုယ်​ကို သတိထားကြည့်​မိ​တော့ 
ခေါင်း​ပေါ်က ဆံ​ပင်​​တွေက
တော်​​တော်​ဖြူ​နေပြီ
အသက်​အရွယ်​​တွေရလာတာနဲ့အမျှ
အလိုမကျ​မှု​တွေများလာ
ကိုယ့်​ကိုယ်​ကို ယုံကြည်​မှု​တွေက
တစတစ နည်းလာတယ်​။
အဆိုးမြင်​ဝါဒီသမားတစ်​​ယောက်​အဖြစ်​ကို
မသိမသာ​ရောက်​ရှိလာတယ်​။
ဘုရား​တွေကို မယုံ​တော့ဘူး၊
လူ့အဖွဲ့အစည်းကို မယုံ​တော့ဘူး။
ယုံကြည်​ချက်​​တွေကို မယုံ​တော့ဘူး။
အသက်​က ၃၄
ကမ္ဘာကြီးကို ငြီး​ငွေ့​နေချိန်​မှာ
အင်္ဂါဂြိုဟ်​ခရီးစဉ်​ကိုပဲ
စောင့်​​မျော်​​နေချင်​​တော့တယ်​။

မှူးသစ်

"​ရေတွင်းပျက်​ အိပ်​မက်​"


ညက အိပ်​မက်​ထဲမှာ
ကျ​တော်​ဟာ ရေတွင်းပျက်​တစ်ခုထဲ
ရောက်​​နေတယ်
ပျက်​စီး​နေတဲ့ ​ရေတွင်းထဲမှာ
ဥပက္ခာအပြုခံထားရတဲ့
ရေေ​တွနဲ့အတူ အေးစက်​​လွန်းတဲ့
ခံစားမှုဟာ အကြိမ်​ကြိမ်​ဆွဲနှစ်​ခံ​နေရသလို
အထိတ်​တလန့်​ ​အော်​ဟစ်​လိုက်​တိုင်း
နူတ်​ဖျားက ဘာသံမှ ထွက်​မလာဘူး
ဘယ်​က ​ရောက်​လာမှန်းမသိတဲ့
အသံ​တွေ​​က ကျ​​တော့်ကို​ပြန်​ပြီး
အော်​ဂလီဆန်​​စေတယ်
အ​နွေးဓာတ်​များ ရမလားဆိုပြီး
အလင်း​ရောင်​အစအနကို လှမ်း​မျှော်​ကြီး​မိမှ
ရေတွင်းပျက်​ဟာ ကျ​တော့်​ကို ကမ္ဘာနဲ့​ဝေးရာ
သယ်​​ဆောင်​​နေတယ်​ဆိုတာ
သိလိုက်​ရ​တော့တယ်​။

မျှော်​စင်​​တွေ ..မျှော်​စင်​​တွေ ..
နောက်​​တော့ ဘာ​တွေမှန်းမသိ ..
အ​ကြောက်​တရား​တွေအပြည့်​နဲ့ 
အော်​ဟစ်​တယ်
အသံ​တွေ ကြားရတိုင်း
နာကျင်​တယ်​ ​အေးစက်​တယ်​ ​ကြောက်​ရွံ့တယ်
ကူရာမဲ့လွန်းလာတဲ့အခါ ..
အိပ်​မက်​​သာ ဖြစ်​လိုက်​ပါ
အိပ်​မက်​သာဖြစ်​လိုက်​ပါ...
အခါ​ခါ​ရေရွတ်​​နေမိပါ​တော့တယ်​။

မှူးသစ်

"ဒီဘဝနဲ့ ဒီကမ္ဘာ"


ဒီဘဝက ဘာလဲ။
ကိုယ့်​ကိုယ်​ကို ခဏခဏပြန်​​မေး​တော့။
ဘဝက ဘာမှမဟုတ်​​တော့ဘူး။
ဒီကမ္ဘာကြီးက စိတ်​ပျက်​တာ ခံ​နေရတဲ့
လူသားတစ်​​ယောက်​ပါပဲ။
ခပ်​ငယ်​ငယ်​ကတည်းက အ​ပြောခံခဲ့ရတဲ့
စကားတစ်​ခွန်းရှိတယ်​။
"ဗြမ္မာ့ဦးဂေါင်း"...။
ဘယ်​​နေရာထားထား အဆင်​မ​ပြေဘူး။
ဒါနဲ့များ ကမ္ဘာကြီးက ဘာလိုများ။
ကိုယ့်​ကို ထမ်းထား​နေ​သေးလဲ။
မှတ်​ပုံတင်​မှာ ဖြည့်​စရာ
ထင်​ရှားတဲ့ အမှတ်​အသားရှားတယ်​။
တစ်​သက်​လုံး အ​ရေးခံလိုက်​ရတဲ့
အမှတ်​အသားက
"အမှတ်​သည်း​ခြေမရှိတဲ့​ကောင်​"။
ဒါနဲ့များ ကမ္ဘာကြီးက
ဘာလို့များ ထမ်းထား​နေ​သေးလဲ
အများနဲ့ဆို​တော့
လူတစ်​​ယောက်​စာ ​အောက်​စီဂျင်​ဟာ
ဘာမှ မ​ပြောပ​လောက်​​တော့ဘူး။
ဒီလိုနဲ့ပဲ မထင်​မရှား စိတ်​ဒုက္ခ​တွေကို
ကမ္ဘာကြီးက ထမ်းထားရတယ်​လို့ ထင်​မှတ်​ရ။
*life is full of possibilites* -(Tyrion Lannister) ။
ဒီ​နေရာမှာ​တော့ Tyrion ကို
ပြတ်​ပြတ်​သားသား ငြင်းဆန်​ခဲ့တယ်​။


မှူးသစ်

Wednesday, December 20, 2017

** ကြယ်ကြည့်ခြင်း **


ဒဏ်ရာတွေ ဘယ်လောက်တောင်
များခဲ့ပြီလဲလို့ မေးလာတဲ့အခါ
ကိုယ်က ကြယ်​တွေကို ရေတွက်ကြည့်နေလိုက်မယ်
တိုးတိုက်မိတော့ မလိုလို
ရှုပ်ထွေးလွန်းနေတဲ့ လမ်းတွေပေါ်မှာ
လူတွေနဲ့ မျက်လုံးခြင်း မဆုံဖြစ်အောင်
ရှောင်လွှဲနေတတ်တဲ့ အလေ့အထ
လူ့အဖွဲ့အစည်းထဲမှာ
လေးလံခြင်းတရားဟာ
လေထုထဲ ရွေ့လျားလို့နေတယ်။
နာကျင်မှုဆိုတာ
အသံလှိုင်းတွေထဲမှာ
ပျော်ဝင်နိုင်သတဲ့.
အဆင့်မြင့်တယ်လီဖုန်းတွေရဲ့
ယဉ်ကျေးမှုအပြောင်းအလဲဟာ
အနီးဆုံးက
တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဝေးကွာခြင်းကို
သယ်ဆောင်လာနေတယ်
နေ့စွဲတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့အခါ
အဲ့ဒီအစား ကြယ်တွေကိုပဲ
ငေးမောနေလို့ရရင် အကောင်းသား
ညနေခင်းမှာ သီချင်းတွေရှိတယ်လို့
ဘယ်သူကများပြောလိုက်သလဲ
မရေးဖြစ်တဲ့ကဗျာတွေအကြောင်း
မတော်တဆ တွေးဖြစ်လာတဲ့အခါမျိုးမှာ
ကော်ဖီတစ်ခွက်နဲ့
ကိုယ့်အကြားအာရုံကို
ကိုယ်က ပြန်လှည့်စားရတယ်။
တစ်ခါတစ်ခါတော့ လူ့ဘဝဆိုတာ
အပေါစားဇာတ်ကားကြည့်နေသလို
မရယ်မောတတ်ခြင်းကို
ရယ်မောခြင်းနဲ့ မျိုချ
နှစ် ၃၀ ကျော်ပေးလိုက်ပြီးတဲ့နောက်
လူဖြစ်ခြင်းဟာ အတတ်ပညာတစ်ခုဆိုတဲ့
အသိပဲရခဲ့တယ်
ဒါပါပဲ
နာကျင်လာတဲ့အခါ
မမြင်နိုင်တဲ့
ကြယ်တွေကို ရေတွက်ကြည့်ကြတာပေါ့။

မှူးသစ်

*တစ်ကိုယ်ရည်ညစာ (၂)*



ဝေးကွာခြင်းဟာ
ရုပ်ရှင်ဇာတ်ကား မဟုတ်တော့
လိုသလောက် ကျော်ပစ်လို့ မရနိုင်ဘူး
အခန်းတံခါးကို ဖွင့်ပြီးတဲ့နောက်
တိတ်ဆိတ်ခြင်းက
စတင် ခြောက်လှန့်လာတော့တာပဲ
ဖွင့်လက်စ စာအုပ်ကို ကောက်ကိုင်
တီဗီခလုတ်ကို ဖွင့်ကြည့်
တစ်လောကလုံးက
အရောင်ရောင်အမှားမှားနဲ့
ကိုယ်က တဂျောက်ဂျောက်မြည်နေတဲ့
အဲ့ဒီ နာရီလက်တံတွေနဲ့ပဲ
ခဏခဏ သောက်ပြဿနာတက်နေတယ်။
စားပွဲပေါ်မှာ အေးစက်နေတဲ့
တစ်ကိုယ်ရည်ညစာဟာ
ကိုယ်နဲ့အတူတူ အထီးကျန်ခြင်းကို စားသုံးတော့မလို့
ရှက်စရာကောင်းပေမယ့်
ခုလောလောဆယ်မှာ
`အံကြိတ်ထားတဲ့ ဝဋ်ကြွေး´လို့ အမည်တပ်ထားရုံကလွဲပြီး
တခြား ဘာမှမတတ်နိုင်ဘူး
သောက်တလွဲ နည်းပညာခေတ်ကြီးကို
ငြင်းပယ်ချင်ပေမယ့်
တစ်ခါတစ်ခါတော့
တယ်လီဖုန်းလေးတစ်လုံးနဲ့
ကိုယ့်ကိုယ်ကို ပြန်ကယ်တင်ရတယ်။
ပြောကြတာတော့
ဒီဇင်ဘာဟာ ဆောင်းအငွေ့အသက်တွေနဲ့တဲ့
ကဗျာဆရာရဲ့ ညနေခင်းမှာ
ရာသီဥတုကပူပြီး နေ့စွဲတွေက အေးစက်နေလေရဲ့
တကယ်တော့
နေ့စွဲဆိုတာ နာကျင်မှုအမှုန်တွေစုစည်းပြီး
ဖြစ်တည်နေတဲ့အရာ

အဲ့ဒီလိုနဲ့
စားပွဲပေါ်မှာ အေးစက်နေတဲ့
တကိုယ်ရည်ညစာကို အလွတ်ကြီးငေးလို့
ဝင်သက်ထွက်သက်တိုင်း
ဝေးကွာခြင်းတရားကို အခါခါမှတ်နေရတယ်။
မှူးသစ်

Tuesday, November 21, 2017

"သုံးဆယ်ကျော်"


အလကားနေ အလကား
ဘာမှ မရှိတဲ့
ဟာလာဟင်းလင်းပြင်ကြီးကိုပဲ
လက်ဖဝါးထဲထည့်
ဖြေလိုက် ဆုပ်လိုက်နဲ့
အသက်​အရွယ်​ကလေးရလာတော့
အရေးအကြောင်းဆို
အကြောက်တရားက
ဘယ်ကို ပြေးပုန်းရမလဲဆိုတာကနေ
စပြီးစဉ်းစားတယ်

စာလုံးတစ်လုံးခြင်း စီဖို့တောင်
ချိတုံ့ချတုံ့ ဖြစ်လို့
တီဗီခလုတ်နှိပ်ဖို့
စာရွက်တစ်ရွက်လှန်ဖို့
နာကျင်မှုကို ကဗျာလုပ်ရေးဖို့
အိပ်ရာက တရေးနိုးရင် ပြန်အိပ်ကြည့်ဖို့
မြေဆွဲအားထက် လေးလံနေတဲ့ စိတ်မှာ
ဘာမှမတတ်နိုင်ဘူး
ဘာမှမတတ်နိုင်ဘူး
ဒီလိုနဲ့ပဲ မရွတ်ဘဲ
အလွတ်ရရနေတဲ့ ဂါထာ
အခေါက်ခေါက်အခါခါ နာမိတဲ့တရားဟာ
ဘီယာဗူးဖောက် စီးကရက်ကို မီးညှိ
လူတွေ ထူထပ်ရာနဲ့ ခပ်ဝေးဝေး
ငြိမ်သက်ခြင်းကို
ငြိမ်သက်စွာရှာဖွေကြည့်တယ်။
မငယ်တော့ဘူး မငယ်တော့ဘူး
သတိတွေကို သတိလက်လွတ်ဖြစ်ရင်း
အသက်အရွယ်ဟာ
လူ့သက်တမ်းကို ၃၀ ကျော်လာပြီးတဲ့နောက်
နာရီလက်တံတွေပဲ ခဏခဏ
ရေရွတ်ကြည့်မိနေတော့တာပဲ
စိတ်လိုလက်ရ မရှိတဲ့နေ့ရက်တွေက
အချိန်တွေလို တစ်ရွေ့ပြီးတော့ တစ်ရွေ့ပေါ့
စာရွက်အလွတ်တွေလို
တစ်ရွက်ပြီးတော့ နောက်တစ်ရွက်ပေါ့
နေရေထိုင်ရေး၊ ကျန်းမာရေး နောက်တော့
စီးပွားရေး စသည်ဖြင့်
အဆင်ပြေရဲ့လား..
မေးခွန်းတွေသိပ်များလာတဲ့အခါ
ဘာရယ်မဟုတ်ပါဘူး
အလကားနေ အလကား
ဆုပ်လိုက်ဖြေလိုက် လုပ်နေတဲ့
ဟင်းလင်းပြင်ကြီးရယ်ပါ။
မှူးသစ်
14,Nov,2017

Friday, September 1, 2017

အကြမ်းဖက်နေတဲ့ ကမ္ဘာ**

လူတွေဟာ လူဖြစ်ပြီးတော့မှ
လူ့အခွင့်အရေးကို တန်ဖိုးမထားတတ်ကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ.

ကမ္ဘာကြီးမှာ နာကျင်နေတဲ့ ငြိမ်ချမ်းရေးနဲ့ ချစ်မေတ္တာတရားဟာ
ဘယ်လိုနည်းနဲ့များ လူ့အဖွဲ့အစည်းကို ကယ်တင်ပေးနိုင်လေမလဲ
ခေတ်ကြီးကစလို့ သစ်ရွက်လေးတွေ ကြွေကျသွားတဲ့ အထိ
ဆောင်းခိုငှက်တွေ ပျံသန်းသွားကြတဲ့အထိ
ပြက္ခဒိန်ပေါ်မှာတင် ကုန်ဆုံးသွားတဲ့ ရာသီဥတုတွေ အထိ
စားပွဲပေါ်မှာတင် ပြီးဆုံးသွားတဲ့ ရေမီးစုံ ငြိမ်းချမ်းရေး ပါမစ်တွေအထိ
စကားလုံးလှလှတွေအောက်မှာ
ပရိုပိုဆယ်တွေအတွက် ရှင်နေရတဲ့ လူသားခြင်းစာနာမှုတွေ အထိ
ဘာကိုမှ ယုံကြည်ချင်စရာ မကောင်းတော့တဲ့ကမ္ဘာမှာ..
လူတွေဟာ လူဖြစ်ပြီးတော့မှ လူလူခြင်း တန်ဖိုးမထားတတ်ကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ.
လူတွေဟာ ကမ္ဘာကြီးကို မျက်ရည်ယို ဗုံးတွေနဲ့ ကယ်တင်မလို့တဲ့
အမုန်းတရားတွေက မရပ်တန့်တဲ့ မိုးတွေလိုရွာ
လူနဲ့ အမှတ်အသားတွေဟာ ဒဏ်ရာဒဏ်ချက်တွေ
သိပ်များတယ်ဆိုတာ
ရှင်သန်သမျှ အသားအရောင်တွေက
အမှန်အမှားဆုံးဖြတ်ချက်တွေပေးလို့
လူ့အခွင့်အရေးဆိုတာ လူနားမလည်တဲ့
ဘာသာစကားတစ်ခုဖြစ်နေတဲ့ ကမ္ဘာ
ယုံကြည်ကိုးကွယ်မှုနဲ့ အကြမ်းဖက်တရားဟာ
ခွဲခြားမရတော့တဲ့ ကမ္ဘာ
အသားအရောင်အလိုက်
လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို ခွဲခြားစိတ်ဖြာလိုက်တဲ့ ကမ္ဘာ
အကြမ်းဖက်လက်နက်တွေကိုမကိုင် ဖတ်စာအုပ်ကလေးတွေ
ကိုင်ထားကြတဲ့ ကလေးတွေအားလုံး ရက်ရက်စက်စက်သက်
အသတ်ခံရတဲ့ကမ္ဘာ
အာဏာကို မလုပါဘူး ကိုယ်ပိုင်တဲ့
လယ်ယာမြေကလေးပြန်ရဖို့ ငေးကြည့်မိရုံပါဆိုတဲ့
တောင်သူ အဒေါ်ကြီးတစ်ယောက်
ဦးခေါင်းနဲ့ မမျှတဲ့ ကျည်ဆန်အောက်မှာ အသက်ပျောက်ခဲ့ရတဲ့ ကမ္ဘာ.
အကြမ်းဖက်တရားနဲ့ ခွဲခြားမရတော့တဲ့ ကမ္ဘာကြီးမှာ.
လူတွေဟာ လူဖြစ်ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ချစ်မေတ္တာတရား
ပျောက်ဆုံးနေကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ
အကြမ်းဖက်ကမ္ဘာကြီးမှာ လူသတ်ဝါဒနဲ့
အစွန်းရောက်တရားကို
လက်ဖ၀ါးတင်ပြီး
"ဥုံဖွ"လို့ ရေရွတ်လိုက်ရုံနဲ့ ပျောက်ကွယ်သွားဖို့
တစ်ယောက်ဒဏ်ရာတွေကို တစ်ယောက်က နာကျင်ပေးတတ်တဲ့
ယဉ်ကျေးသောကမ္ဘာကြီး ဖြစ်လာဖို့..
ဆုတောင်းလို့မှ ကောင်းပါလေစ
အကြမ်းဖက်သမားတွေ မွေးထုတ်နေတဲ့
ဟော့ဒီ ကမ္ဘာကြီး
သံသရာအဆက်ဆက်မှာ သားရှောပါစေကြောင်း
ဆုတောင်း မေတ္တာ ပို့သ လိုက်ပါရဲ့..
မှူးသစ်

Monday, March 31, 2014

ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....

ဘ၀ဟာ စွန်းထင်းခံထားရတဲ့ အစွန်းအထင်းကလေးတွေလိုပေါ့
ဒီလိုနဲ့ပဲ နွေရာသီတွေထဲကို အလွယ်တစ်ကူ ပြုတ်ကျလာခဲ့တယ်
ရာသီဥတု လေးပါးစလုံးမှာ ကိုယ်စိတ်နှလုံးအရည်အသွေးတွေအားလုံးဟာ နောက်ကောက်ကျနေ
တစ်ယောက်ယောက်ကနေပြီး ဒီစက်ဝိုင်းတွေကို ဒီထက် ပိုမြန်အောင် လှည့်ပေးနေရင်ကောင်းမယ်
ခပ်တိုးတိုးလိုက်ဆိုမိနေတဲ့ ခတ်ပေါ်တေးသံတွေအလိုက် နာကျင်သမျှ ဘာတွေများ အစီစဉ်တကျရှိမလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ထားတဲ့ သော့အိမ်ဟာ ဒီလိုနဲ့ပဲ သက်တမ်းတွေကို ကျော်လွန် ခဲ့လေပြီ

Thursday, January 9, 2014

ဟိုတစ်စ ဒီတစ်စ (မှူးသစ်)



စက္ကန့်ငယ်တွေကြားထဲမှာ စိတ် တစ်ခုရှိတယ်

အလင်းရောင်တွေရဲ့ ဖြစ်တည်မှုဟာ အမှောင်တစ်ခု ဖြစ်တယ်

ကောင်းကင်ရဲ မိုး ဟာ လိုတရ ပစ္စည်းတစ်ခု မဖြစ်နိုင်ရင်

တိမ်တွေဟာ ခုတ် ထစ် ခံ ထားရတဲ့ ရေ ပွက် အပိုင်းအစ

လက်ကိုင်အိမ်ထဲက ဓါးကို ဆွဲထုတ်လိုက်တယ်

ဘယ်သူကမှ ခန္ဒာကိုယ်မှာ ကျည်လွဲ ဆေးတွေ ထိုးသွင်းထားဖို့ အခွင့်အရေးမရှိ

သိမ်ငယ်စိတ်..( မှူးသစ်)


သိမ်ငယ်စိတ်ဟာ အခန်းထောင့်မှာ

တိတ်တိတ် ကလေး ခွေလို့
မင်းဟာ ဘယ်လို ပျော်ရွှင်မှုတွေနဲ့များ

ချစ်ခြင်းမေတ္တာကို တိုင်းတာခဲ့တာလဲ
လက်ထဲမှာ ဆုပ်ကိုင်ထားသမျှ
တစ်နေ့ပြီးတစ်နေ့ တန်ဖိုးတွေ ပိုပို လျော့ကျသွား  
မင်းဟာ ဘယ်လို အထင်ကြီးမှုတွေနဲ့များ
ပျော်ရွှင်မှုကို အခွင့်အရေးပေးတတ်သလဲ
သိမ်ငယ်စိတ်ဟာ အခန်းထောင့်မှာ ခွေခွေကလေး ဖြေလို့
ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရုပ်သံလိုင်းက
ဖျော်ဖြေမှုအစီစဉ်တွေ ကိုယ် ကြည့်မိနေတယ်
သောက်လက်စ ကော်ဖီခွက်တွေဆို လက်နဲ့ တွန်းထိုးမှောက်ပစ်လိုက်ချင်နေတဲ့
စိတ်ပြဿနာ 
အတိတ်တွေကစပြီး အနာဂတ်တစ်ခုလုံးအထိ မေ့သွားချင်တဲ့ ရောဂါမျိုး
ကျရှုံးပြီးသားအရာတွေကို ပုန်းရှိုးကွယ်ရှိုး
ဘယ်နေရာတွေမှာသွားပြီး ၀ှက်ထားလိုက်ရမလဲ

Tuesday, November 26, 2013

လူငယ်တစ်ယောက် ကျကွဲသွားတဲ့ မြို့


November 24, 2013 at 9:24pm





အကျအရှုံးများတယ် လူငယ်တစ်ယောက် ကျကွဲသွားတဲ့ မြို့ဆိုတာ ထက် ပိုပြီး
တိတိကျကျ ဖွင့်ဆိုရမယ့် စကားလုံးတွေမရှိဘူး
ကိုယ့်နားထင် ကိုယ်ပြန်တေ့ထားတဲ့ ပစ်မှတ်တောင် လွဲချော် နေရတဲ့ မြို့ပေါ်မှာ
လမ်းလယ်က ဂီယာထိုးသံတွေလို စောင့်ကြီးအောင့်ကြီး နိုင်လွန်းတဲ့ မြို့ပေါ်မှာ
သိပ်မထူးဆန်းတဲ့ ဖြစ်ရပ်မျိုးနဲ့
လူကူးမျဉ်းကျားမှာ လိုအပ်တဲ့ အချိန်တွေထက် ပိုပြီး တွေဝေရပ်ဆိုင်းနေမိတယ်။
ပုခုံးခြင်းတိုက်ခံရရင်တောင် ပလက်ဖေါင်းပေါ်ကနေ ပြုတ်ကျသွားတော့မလောက် အခြေအနေ
ယိုင်နဲ့နေတဲ့စိတ်ဟာ တိမ်တိုတိမ်စတွေလို ပြိုကွဲတော့မလိုဖြစ်
ကိုယ့်လက်ဖ၀ါးကို ကိုယ်ပြန်ပြီးကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်။
ကိုယ်ဟာ အသက်အရွယ်တွေကြီးရင့်လာတဲ့ လူငယ် အသက်မှာလိုနေတဲ့ ရေဓါတ်လို
နာကျင်မှုကို သတိရတိုင်း အချိန်အခါမရွေး သောက်သုံးဖြစ်ပါတယ်။
ဆိုလိုချင်တာထက်ပိုပြီး ငြိမ်သက်လာတယ်။
အဲ့ဒီထက်ပိုပြီးတော့လည်း ငြိမ်သက်တတ်အောင်ကြိုးစားရမယ်။
လူငယ်တစ်ယောက်ဟာ မြို့ပေါ်မှာ ကျကွဲသွားတယ်။ မီးပွိုင့်တွေ စိမ်းသွားတယ်
ဘတ်(စ်)ကားတွေက အစ တန်ဖိုးကြီးမော်တော်ယဉ်တွေအဆုံး ရွေ့လျားသွားကြတယ်။

Wednesday, November 13, 2013

"ငါ့ကို ပြောပြပေးပါဆိုတဲ့အကြောင်းကိုလည်း ငါဘယ်သူ့ကိုမှ ပြောမပြချင်ဘူး"






နာကျင်မှုက ဘ၀ထဲမှာ ဖြတ်ပြီး ပျံသန်းသွားတဲ့အခါ
ဒဏ်ရာတွေကို  ခေါက်ဓါးတစ်လက်လို အသုံးပြုပြီး
လက်ဖျံရိုးသွေးကြော ခလုတ်ကလေး ဖြုတ်လိုက်တယ်
ယို့ယွင်းနေတဲ့ ဘောလုံးအသင်းက ရှေ့တန်းတိုက်စစ်မှူးတွေလို
နောက်တန်းမှာပဲ ဆင်းပြီး ပြန်ပြန် ကာနေရတယ်
စိတ်မှာ မလုံခြုံမှုတွေနဲ့ ကိုယ်ပူချိန်မြင့်တတ်လာတဲ့ ထရော်မာ
အရာအားလုံးဟာ သိုသိုသိပ်သိပ် ကိုယ့်တံခါး ကိုယ်ပြန်ပိတ်ထား လိုက်ရတော့မယ်
လူဟာ မီးခိုးငွေ့ကလေးတွေထပ် ပိုပြီး လွင့်မျောလွယ် သလား

Friday, November 1, 2013

ရေပေါ်ဆီ တီရှပ်

ရေပေါ်ဆီ တီရှပ်

September 25, 2013 at 11:52am


ရေပေါ်ဆီ တီရှပ်
ထင်မြင်ယူဆချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပူနေရလောက်အောင်
မြင့်တက်လာတဲ့ စိုးရိမ်စရာ ကိုယ်ပူချိန်။ ဘာတွေကိုယုံကြည်သလဲလို့မေးလာရင်
ခေါင်းတွေကို အလိုလို ခါထုတ် ခန္ဒာကိုယ်တစ်ခုလုံးမှာ အသက်ရူကြပ်ချင်လာတယ်
လတ်တလောအိပ်မက်တွေမှာ ယုံကြည်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ်  ပြန်ဆယ်ယူနေရ
ကိုယ်ချင်းစာတရားကို ငွေကြေးနဲ့ ၀ယ်ယူထားတဲ့ လူ့ရေပေါ်စီပေါ်တွေရဲ့ ယဉ်ကျေးမှု
လက်ခုပ်သံတွေမှာ ငွေကြေးနဲ့ အာဏာရနံ့တွေရနေတယ်။
ငါလည်း ၀ယ်ယူခံလိုက်ရပြီလားဆိုတာကို အလန့်တကြားဖြစ်မိနေတယ်။
လူတွေဟာ မယုံကြည်ရဘူး ငါ့မိတ်ဆွေတွေတောင် တီရှပ်ကိုယ်စီနဲ့
ငါ့မှာ မသိမသာနဲ့ ခပ်တိုးတိုးလေး ရေရွတ်နေရတယ်။

Wednesday, September 18, 2013

စောက်သုံးမကျတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ဒီကမ္ဘာကြီးကို အဟောင်းအတိုင်းထားခဲ့မယ်

ရင်ခွင်ရှိန်း၊ ဇက်ကကြိုး၊ မှူးသစ်

မသေခင်တစ်ခုခုတော့ လုပ်သွားရမယ်ဆိုတဲ့ ဘာမှန်းမသိတဲ့ ယဉ်ကျေးမှုတွေ
သေနေတဲ့ အတွေးအခေါ် ခံစားချက်တွေ မယုံကြည်မှုနဲ့ မျှော်လင့်ချက်ဟာ
နေထိုင် ရှင်သန် ရတာ မွန်းကြပ်လွန်းတယ်
တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ပြုံးပြနေရတာမှာ အန္တာရယ် အငွေ့အသက်တွေရရှိ
လွှတ်ချခဲ့ရမှာတွေ သိပ်များနေတယ် ။
တန်ဖိုးထားမှုတွေဟာ အယုံအကြည်ကင်းမဲ့စရာကောင်းလာတာနဲ့အမျှ
လွှတ်ချခဲ့ရမှာတွေ သိပ်များလာတယ် ။
စီးကရက်တွေကို ဖွာရှိုက်ရင်း လောင်မြိုက်သွားတဲ့ အခိုက်အတန့်ဟာ
အရေပြားလန်နေတဲ့ စိတ်ကို သပ်လျှို ရိုက်သွင်းလိုက်တာပေါ့
လူ့အဖွဲ့အစည်းကို ဂရုစိုက်နေပေးခြင်းဟာ ရူးခြင်းကိုဖြစ်စေတယ်
လွတ်နေတဲ့ နေရာတွေထဲက ရှိရှိသမျှ ယုံကြည်မှုကို ဆွဲထုတ်
ဘာတွေကို ဂရုစိုက်ပြီးတော့များ လူ့ဘ၀ကြီးကို ရွေးချယ်လိုက်ရမလဲ
အသစ်အဆန်းလိုလို တံဆပ်ကပ်ထားတဲ့ လူမှု့ဆက်ဆံရေးအဟောင်းတွေကိုပဲ တစ်စတစ်စ ရွံ့ရှာလာ

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...