လူတွေဟာ လူဖြစ်ပြီးတော့မှ
လူ့အခွင့်အရေးကို တန်ဖိုးမထားတတ်ကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ.
ကမ္ဘာကြီးမှာ နာကျင်နေတဲ့ ငြိမ်ချမ်းရေးနဲ့ ချစ်မေတ္တာတရားဟာ
ဘယ်လိုနည်းနဲ့များ လူ့အဖွဲ့အစည်းကို ကယ်တင်ပေးနိုင်လေမလဲ
ခေတ်ကြီးကစလို့ သစ်ရွက်လေးတွေ ကြွေကျသွားတဲ့ အထိ
ဆောင်းခိုငှက်တွေ ပျံသန်းသွားကြတဲ့အထိ
ပြက္ခဒိန်ပေါ်မှာတင် ကုန်ဆုံးသွားတဲ့ ရာသီဥတုတွေ အထိ
စားပွဲပေါ်မှာတင် ပြီးဆုံးသွားတဲ့ ရေမီးစုံ ငြိမ်းချမ်းရေး ပါမစ်တွေအထိ
စကားလုံးလှလှတွေအောက်မှာ
ပရိုပိုဆယ်တွေအတွက် ရှင်နေရတဲ့ လူသားခြင်းစာနာမှုတွေ အထိ
ဘာကိုမှ ယုံကြည်ချင်စရာ မကောင်းတော့တဲ့ကမ္ဘာမှာ..
လူတွေဟာ လူဖြစ်ပြီးတော့မှ လူလူခြင်း တန်ဖိုးမထားတတ်ကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ.
လူတွေဟာ ကမ္ဘာကြီးကို မျက်ရည်ယို ဗုံးတွေနဲ့ ကယ်တင်မလို့တဲ့
အမုန်းတရားတွေက မရပ်တန့်တဲ့ မိုးတွေလိုရွာ
လူနဲ့ အမှတ်အသားတွေဟာ ဒဏ်ရာဒဏ်ချက်တွေ
သိပ်များတယ်ဆိုတာ
ရှင်သန်သမျှ အသားအရောင်တွေက
အမှန်အမှားဆုံးဖြတ်ချက်တွေပေးလို့
လူ့အခွင့်အရေးဆိုတာ လူနားမလည်တဲ့
ဘာသာစကားတစ်ခုဖြစ်နေတဲ့ ကမ္ဘာ
ယုံကြည်ကိုးကွယ်မှုနဲ့ အကြမ်းဖက်တရားဟာ
ခွဲခြားမရတော့တဲ့ ကမ္ဘာ
အသားအရောင်အလိုက်
လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို ခွဲခြားစိတ်ဖြာလိုက်တဲ့ ကမ္ဘာ
အကြမ်းဖက်လက်နက်တွေကိုမကိုင် ဖတ်စာအုပ်ကလေးတွေ
ကိုင်ထားကြတဲ့ ကလေးတွေအားလုံး ရက်ရက်စက်စက်သက်
အသတ်ခံရတဲ့ကမ္ဘာ
အာဏာကို မလုပါဘူး ကိုယ်ပိုင်တဲ့
လယ်ယာမြေကလေးပြန်ရဖို့ ငေးကြည့်မိရုံပါဆိုတဲ့
တောင်သူ အဒေါ်ကြီးတစ်ယောက်
ဦးခေါင်းနဲ့ မမျှတဲ့ ကျည်ဆန်အောက်မှာ အသက်ပျောက်ခဲ့ရတဲ့ ကမ္ဘာ.
အကြမ်းဖက်တရားနဲ့ ခွဲခြားမရတော့တဲ့ ကမ္ဘာကြီးမှာ.
လူတွေဟာ လူဖြစ်ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ချစ်မေတ္တာတရား
ပျောက်ဆုံးနေကြတဲ့အခါ
လူတွေဟာ လူစင်စစ်မှ ဟုတ်ပါလေစ
အကြမ်းဖက်ကမ္ဘာကြီးမှာ လူသတ်ဝါဒနဲ့
အစွန်းရောက်တရားကို
လက်ဖ၀ါးတင်ပြီး
"ဥုံဖွ"လို့ ရေရွတ်လိုက်ရုံနဲ့ ပျောက်ကွယ်သွားဖို့
တစ်ယောက်ဒဏ်ရာတွေကို တစ်ယောက်က နာကျင်ပေးတတ်တဲ့
ယဉ်ကျေးသောကမ္ဘာကြီး ဖြစ်လာဖို့..
ဆုတောင်းလို့မှ ကောင်းပါလေစ
အကြမ်းဖက်သမားတွေ မွေးထုတ်နေတဲ့
ဟော့ဒီ ကမ္ဘာကြီး
သံသရာအဆက်ဆက်မှာ သားရှောပါစေကြောင်း
ဆုတောင်း မေတ္တာ ပို့သ လိုက်ပါရဲ့..
မှူးသစ်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment