Showing posts with label စတိုင်ရာ. Show all posts
Showing posts with label စတိုင်ရာ. Show all posts

Wednesday, September 18, 2013

ဖေ့စ်ဘုတ်နိုင်ငံတော် ဖေ့စ်ဘုတ်နိုင်ငံသား





အင်တာနက်ဆိုတာကြီး စတင်ပေါ်ကာစ တုန်းက ဆိုလျှင် ကိုကျော်မောင်တို့ ရွာအတွက်တော့ အထီးမှန်း အမမှန်းမသိ ကြောက်လန့်စရာကြီးသက်သက်သာဖြစ်ခဲ့သည်။

ကိုကျော်မောင်တို့ ရွာဆိုသည်က ရွာဆိုသော်လည်း
နယ်မြိုလေးတစ်ခုစာနီးပါးလောက် အနေအထားရှိသည်။ စီးပွားရေးအရလည်း တောင့်တင်းသည့်
အခြေအနေများရှိသည်။ ရွာသူရွာသားတွေအနေနဲ့ကလည်း စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိသည်ဟု ဆိုရမည်။  သူ့အရပ်နှင့်သူ့ဇတ်အခြေအနေများကတော့ အားလုံး အဆင်ပြေပြေရှိနေကြသည့် ရွာကလေးတစ်ရွာပင် ဆက်သွယ်ရေး
ကလည်း လွယ်လွယ် ကူကူ အဆင်ပြေသော အခြေအနေမှာရှိသည်။ ခေတ်နှင့်လိုက်မမီသည့်အရာတစ်ခုဆို၍
ကိုကျော်မောင်တို့ရွာသား အနေနဲ့ နည်းပညာများနဲ့တော့ အလှမ်းဝေးလွန်းသည်။

ဆိုတော့ အင်တာနက်ဆိုတာကြီးနှင့်ပြန်ဆက်ရလျှင်တော့် ကိုကျော်မောင် တို့ရွာ အတွက်ကတော့ ဒါကြီးဘာကြီးလဲဟု
မေးကြရသည့် အနေအထား အင်တာနက်နှင့် ထိစပ်ရသည့် ရွာသား ဆိုသည်ကလည်း မရှိသလောက်နည်းသည်။
လုံးဝမရှိဘူးဆိုတော့လည်းမဟုတ် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေကြတဲ့ လူတွေကို ဆက်သွယ်ကြသည့်
သူတွေတော့ရှိသည်။ ဒီလူတွေရဲ့ တစ်ခွန်းစကား တစ်ခွန်းနားဖြင့် အင်တာနက်ဆိုသည့် အကြောင်းအရာ ကိုကျော်မောင်တို့ ရွာသို့
ရောက်ရှိလာခဲ့လေသည်။

ကိုကျော်မောင်တို့ ရွာကို အင်တာနက်ဆိုသည့် စကားလုံးကြီး စတင်ရောက်ရှိလာချိန်တုန်းကတော့
ရွာကလူတွေအတွက် အထူးတဆန်း မီးကိုစမြင်ဖူးကစ လူရိုင်းတွေလို မထိရဲမတို့ရဲ သည့်အရာတစ်ခုလိုဖြစ်နေသည်.။
ဒါသည်ပင်မက အင်တာနက်ဆိုသည်က ကလေးတွေကို ခြောက်လှန့်ကြသည့် ဒေဝေါကြီးအလား
ရွာသားအခြင်းခြင်းကြားမှာ အပြန်အလှန့်ခြောက်လန့်ကြသည့် အရာတစ်ခုလိုဖြစ်နေသည်။

တစ်ခုခုဆိုလျှင်
"အင်တာနက်ပေါ်ရောက်သွားမယ် ဘာမှတ်လဲ"
"အင်တာနက်ကနေ ဖြန့်လိုက်ရမလား" စသည်ဖြင့် အသုံးပြုပြောဆိုလေ့ရှိကြသည်။
ရွာက လုံမပျိုတစ်ယောက် ၀တ်တာစားတာ အနည်းငယ် ဟော့ဟော့ရမ်းရမ်း ဖြစ်သွားပြီဆိုရင်တော့
"ဒီကောင်မလေးတော့ အင်တာနက်ပေါ်ရောက်တော့မယ် "
"အင်တာနက်ပေါ်ရောက်သွားမှ မှတ်မှာ" စသည်ဖြင့် မှတ်ချက်ပြုပြောဆိုတတ်ကြသေးသည်။

ဒါတွေပင်မကသေး အင်တာနက် အခွေဆိုပြီး ရွာက အခွေငှားဆိုင်တွေ ရောက်လာပြီဆိုလို့ကတော့ တန်းစီဇယားဖြင့်
လက်မလည်အောင်ငှားရသည့် အခြေအနေမျိုး။ အဲ့ထိလောက်ထိအောင်ပင် အင်တာနက်က ကိုကျော်မောင်တို့ရွာကို ဆွဲဆောင်ထားနိုင်သည်။ ဒီကြားထဲ နိုင်ငံခြားရောက်သူတွေကို ဆက်သွယ်ဖို့ မြို့တက်ပြိး အင်တာနက်ကနေ ဖုန်းပြောသူတွေကလည်း ရွာကိုပြန်ရောက်တဲ့အခါမျိုးမှာ ရိုးရိုးတန်းတန်းပြန်မလာ ပြန်ရောက်ပြီဆိုတာနဲ့
အင်တာနက်ပေါ်က အကြောင်းတွေကိုအားရ၀မ်းသာ ကြွားလုံးထုတ်တတ်ကြသေးသည်။
ဒါကလည်း ကိုကျော်မောင်တို့ ရွာအတွက် အင်တာနက် ပိုး ပိုမိုပြန့်ပွားစေမည့်အကြောင်းအရင်းတစ်ခု
ဖြစ်လာလေတော့သည်။
သိကြသည့် လူဆိုသည်က တစ်ခြားလူမသုံးဖူး မကိုင်တွယ်ဖူးသည့် အသစ်အဆန်းတစ်ခုခု အသုံးပြရပြီဆိုရင် လိုတာထက်ပိုပြီး ပြောဆိုတတ်ကြသည်မှာ သဘာဝပင်မဟုတ်ပါလား ။

ဒီလိုအခြေအနေအမျိုးတွေမှာ ရှိနေတော့ ကိုကျော်မောင်တို့ ရွာကလူတွေအတွက် အင်တာနက်နဲ့ ထိစပ်ခွင့်ရရေးမှာ
မျှော်လင့်ချက်အိမ်မက်ကြီးတစ်ခုဖြစ်နေသည်။ ရွာက သူကြီးအပါအ၀င် ရွာမျက်နာဖုံး သူဌေးတွေကပင် အခွင့်သာလျှင် ရွာမှာ အင်တာနက်အသုံးပြုနိုင်ရေး ကြိုးစားချင်နေကြသည့်အနေအထား။ သို့သော် ရွာသားတွေအတွက် အင်တာနက်အသုံးပြုနိုင်ဖို့ အခက်အခဲတွေကလည်းအများကြီး ဆက်သွယ်ချိတ်ဆက်ဖို့ အဆင်ပြေသည်ထားဦး ကွန်ပျူတာအသုံးပြုတတ်ဖို့က အခက်အခဲဖြစ်နေသည်။ ကွန်ပျူတာဆိုသည်ကလည်း ရွာကလူတွေနှင့် အလှမ်းဝေးလွန်းသည်။ မြို့မှာ ကျောင်းသွားတက်ကြသည့် ကျောင်းသားတွေကလည်း
ကွန်ပျူတာ ပညာရပ်နှင့်ထိစပ်သူတွေမရှိကြ။ ။ဓါတ်ပုံရိုက်တဲ့ ဆိုင်ကလေးတစ်ဆိုင်မှာသာ ကွန်ပျူတာအသေးလေးတစ်လုံးသာရှိသည်။ ဒါတောင်ကွန်ပျူတာကိုင်တဲ့လူက ဖိုတိုရှော့လောက်သာ တတ်မြောက်ထားသူဖြစ်သည်။

ကိုကျော်မောင်တို့ရွာမှာ ထူးခြားသည့် ဥာဏ်ကလေးတစ်ခုတော့ရှိသည်။ အဲ့သည့် ဥာဏ်က တစ်ခြားတော့မဟုတ်
ရွာမှာ တစ်ယောက်ယောက်က တစ်စုံတစ်ခု စပြီးလုပ်လိုက်ပြီဆိုလျှင် တစ်ခြားလူတွေကပါ အားကျမခံ လိုက်လုပ်တတ်ကြသည့် ဥာဏ်ဖြစ်သည်။ ဗီဒီယိုခေတ်တုန်းကလည်း ဗီဒိယို ခေတ်မို့လို့ ၊ တီဗီဂိမ်း ခေတ်ဆိုရင်လည်း တီဗီဂိမ်းခေတ်မို့လို့
တစ်ယောက်နဲ့တစ်ယောက် အားကျမခံ အပြိုင်အဆိုင် လုပ်တတ်ကြသည့် ဥာဏ်ကလေးတွေက ရွာသားအားလုံးမှာရှိနေသည်။ စီးပွားရေး၊ လူမှုရေး နည်းပညာ အစစအရာရာမှာ တစ်ယောက်က စတာနဲ့ နောက်လူတွေကပါ အားကျမခံလိုက်လုပ်တတ်ကြခြင်းဆိုပါတော့။

လက်ကိုင်မိုဘိုင်းဖုန်းပေါ်တွေ ပေါ်ကာစတုန်းဆိုလျှင်လည်းဒီလိုပင် သူ့ထက်ငါဦးအောင် ၀ယ်ယူကိုင်ကြသည်။
ဟန်းဖုန်းကိုခါးချိတ် ရွာပတ်ပြီး မော်တော်ဆိုင်ကယ်ပတ်မောင်းနေကြသူများမှာ မနည်း။
ဒီကြားထဲ ဆိုင်ကယ်မောင်းရင်း ဖုန်းကို အသံအကျယ်ကြီးဖြင့် ပြောနေကြပုံမှာ စတိုင်ကြီးတစ်ခုလို ဖြစ်ခဲ့သေးသည်။
အဲ့သည့်တုန်းက ငါးသိန်းတန်ဖုန်းတွေ ပေါ်ကာစ အချိန်ဆိုပါတော့..။

ဒီလိုဖြင့် နည်းပညာတွေကလည်း တစ်စတစ် တိုးတက်လာခဲ့လေသည်။ ဖုန်းဈေးတွေကလည်း တဖြည်းဖြည်းကျလာသည် ငါးသိန်းပြီးတော့ နှစ်သိန်း၊ နှစ်သိန်းတန်ဖုန်းထွက်လာတော့ရွာမှာရှိတဲ့ လူတိုင်းလိုလိုက ဟန်းဖုန်းကို အသုံးပြု့နိုင်သည့်အနေအထားများသို့ရောက်ရှိနေပြီဖြစ်သည်။

လက်နဲ့တွန်းရတဲ့ တက်စကရင်ဖုန်းဆိုပြီး ကိုကျော်မောင်တို့ ရွာကို ဖုန်းအသစ်အဆန်းတစ်ခု စတင် တင်သွင်းလာသူကတော့ သူကြီးသား ငမူးဖြစ်သည်။ သူကြီးသား ငမူး ကိုင်ထားတာက တရုတ်ဖြစ်ဟာ့ဒ်ဝေး ဟမ်းစက်၊ ဒီဟမ်းစက်ကလေးကို တစ်ကိုင်ကိုင်နဲ့ သူကြီးသားငမူးက

Tuesday, July 2, 2013

"ဂိုးသွင်းကောင်းသူများ"


ပွဲစဉ်ပြီးဆုံးဖို့ နီးလာ လေလေ မြန်မာမရေမရာ လိဂ်ကြီးမှာ အကြိတ်အနယ်ရှိလာလေဖြစ်သည်။

အမှတ်ပေး ဇယား ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်မှုမှာ သည်းသည်းမဲမဲ ဖြစ်လာလေဧ။် အင်တိုက်အားတိုက် ယှဉ်ပြိုင်မှုများက ကြည့်ရူသူ ပရိတ်သတ်တွေကို ရင်သပ်ရူမော ဖြစ်စေသည်။

တကယ်တော့ ထိပ်ဆုံးနေရာအတွက် အဓိက ယှဉ်ပြိုင်နေရသော အသင်းမှာ အများကြီး မရှိလှ နှစ်သင်းသာ ရှိလေဧ။် ထိုနှစ်သင်းဧ။် ပြိုင်ဆိုင်မှုမှာ လွန်စွာ ပြင်းထန်သည်ဟု ဆိုနိုင်သည်။

ထိုအသင်းတွေကား တစ်ခြား အသင်းများမဟုတ် ဘာညာပြောင်ရှင်း အသင်းနှင့် ဒီမိုမယ်တင်အသင်းတို့ ဖြစ်လေသည်။ လတ်တလော အသာစီးယူထားသော အသင်းမှာ ဘာညာပြောင်ရှင်းအသင်းဖြစ်သည်။

နှစ်ပေါင်းနှစ်ဆယ်လောက် ကွာဟ နေသော ရမှတ် ကွာဟချက်အား လက်ကျန်နှစ်နှစ်အတွင်း ကျော်ဖြတ်ရန် ဘာညာပြောင်ရှင်း အသင်းက ကြုံးဝါးထားပုံရသည်။ အမှန်လည်း အမှီလိုက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဘာပဲပြောပြော ဘာညာပြောင်ရှင်းအသင်းက လက်ကျန် သက်တမ်း ၂ နှစ်နား ကပ်လာလေလေ ရမှတ်တွေတိုးလာလေလေ ဖြစ်သည်။

ဘာညာပြောင်ရှင်း အသင်း က အမှတ်တိုးလာချိန်တွင် ဒီမိုမယ်တင် အသင်းကတော့ ရမှတ်များ ဆုံးရှုံးမှုကို ကြုံတွေ့ နေရရှာသည်။ လူကျွံထောက်ခြောက် ခဏခဏ မိနေသည် သာမက ပင်နာတီပါ အကြိမ်ကြိမ် ပေးနေရခြင်းက အထိ နာလွန်းလေသည်။

ထိုသို့သဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကွာဟခဲ့သော အမှတ်စာရင်းမှာ နီးကပ်သရောင် ရှိလာတော့သည်။

ရှိလာသည်ကိုလည်းမပြောနှင့် ဘာညာပြောင်ရှင်း အသင်းမှာက ကစားသမားကောင်းတွေ အလွန်အများပိုင်ဆိုင်ထားသည်။ တိုက်စစ်မှူး လူချသူ ဆိုလျင် ခေါင်းပြောင် သလောက် အလှည့်အပတ် အလိမ်အခေါက် ကောင်းသူဖြစ်သည်။ ဒါတင်မက ခေါင်းတိုက်ပြီး ဂိုးသွင်းသည့်နေရာတွင် အံ့မခန်းကျွမ်းကျင်သူဖြစ်ဧ။် ၊။ ပင်နယ်တီဧရီယာအတွင်းရောက်ပြီဆိုလျှင် ဒိုင်ပင်ပစ်တတ်သည်မှာလည်း နှစ်ယောက်မရှိ။ ထိုသို့ ကျွမ်းကျင်မှုများကြောင့် တိုက်စစ်မှူး လူချသူ ဧ။် နာမည်မှာ တစ်ရှိန်ထိုးကြီးလာတော့သည်။ ဘယ်လောက်အထိ ကြီးသလဲ ဆိုလျှင် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းဧ။် မျက်နာဖုံးမှာတင် ဖေါ်ပြခံရသည်။အထိ

ထိုတင်မက ဘာညာပြောင်ရှင်း အသင်းဧ။် အလယ်တန်းကစားသမားများက လည်း ဟိုမဒီမ တရုံး ရုံး ဖြင့် အရောက်ပို့တက်သူများ ဖြစ်ကြသည်။

နောက်တန်းကစားသမား ရဲရှုပ် ဆိုလျှင် တံတိုင်းသဖွယ် မျက်နာပြောင်တိုက် ကာကွယ်တတ်သူ ဖြစ်လေဧ။်

တစ်ဖက် အသင်းက စွမ်းဆောင်ရည်မြှင့်လာသည့် အချိန်တွင် ဒီမိုမယ်တင် အသင်းမှာ အထက်က ဆိုခဲ့သလို ပင်နာတီ အပေးခံရလိုက် လူကျွံထောက်ချောက် မိလိုက်ဖြင့် ပတ်လည် ရိုက်နေသည်။ ဒီကြားထဲ ဒီမိုမယ်တင် အသင်းမန်နေဂျာက လူ့အခွင့်အရေး ဖဲရားပလေး ဟု လုပ်နေချိန်တွင် ဘာညာပြောင်ရှင်း အသင်းက ဘာမပြောညာမပြော ဘောလုံးကောက်ယူပြီး ဂိုးရှုးပစ်တာ ခံရသည်မှာ လည်း ခဏခဏ၊ အဓိက တိုက်စစ်မှူး များမှာလည်း ဂိုးပေါက်ပျောက်နေပြီး ၊ဂိုးသွင်းခါနီးတိုင်း လူကျွံဘောဖမ်းတာ ခံနေရရှာသည်။

ထိုသို့ဖြင့် နှစ်သင်းကြား အမှတ်ကွာဟ မှု ကျဉ်းသထက် ကျဉ်းလာတော့သည်။

ဘာပဲပြောပြော ဘာညာပြောင်ရှင်း အသင်းက နှစ်ပေါင်းနှစ်ဆယ်ကျော်ကွာဟနေသော အမှတ်စာရင်းကို အမီိလိုက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။ အသင်းမန်နေဂျာ မောင်ပြောင်ရှင်း ဆိုလျှင် အေးရောအေးကြောင်းလေးဖြင့် အသာနှပ်တက်သူဖြစ်သူ။ ကိုပြောင်ရှင်းက နေရာယူတဲ့နေရာ၌ သိပ်တော်သည်၊ ပါးနပ်သည်၊ အခွင့်မသာလို့ကတော့ သူဘယ်တော့မှ ကွင်းဘေးကို မထွက် နည်းပြခုံမှာ အသာလေး ဥ နေသည်။ အခြေအနေကောင်းပြီဆိုချိန်မှ တစ်ခွန်းလောက် ထ ပြောလိုက်သည်။ အမှတ်တိုးလောက်ဖို့သေချာမှာ လက်ကလေးပြ အသာအယာ ပြန်ထိုင်နေလိုက်သည်။

"အိတ် ဖွင့် ပေး စာ ထွက် ပေါ် ခဲ့ ပြီး နောက် "



=======================

ဦးဇင်း နုရွသူ တစ်ယောက် ကမ္ဘာကျော် မဂ္ဂဇင်း ကြီး ဧ။် ဆောင်းပါးရှင်မကလေး အား အိတ် ဖွင့် ပေးစာ ပေး ပို့ ရေးသား ပြီး နောက် တွင် မြန်မာ့ ရသ စာပေ လောက တစ်ခု လုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားတော့သည်။

အနုအရွ စာရေးဆရာ/ဆရာမ ကြီး ငယ် တို့မှာ ဦးဇင်း နုရွသူထံ အပြေးအလွှား သွားရောက်၍ လျှောက်ထားကြတော့သည်။

နာမည်ကျော် အချစ်တက်ကျမ်း ဆရာမလေးများ ဖြစ်ကြသော ပေါထားထား(ဗိန္ဒောတက္ကသိုလ်) တို့ ဆုမြတ်ချွန်ချွန် တို့မှာ ဦးဇင်း နုရွသူ ထံ အပြေးအလွှား သွားရောက်၍

"ကျေးဇူးပြု ပြီးတော့ အရှင်ဘုရား လူမထွက်ပါနဲ့ဘုရား၊ အရှင်ဘုရားသား လူထွက်ပြီး စာရေးဆရာ လုပ်ပါက နုပါပေ့ ဆိုတဲ့ တပည့်တော်မ တို့ စာအုပ်တွေ ငုတ်တုတ်မေ့သွားမှာ၊ တပည့်တော်မ တို့မှာ ဒီစာအုပ်ကလေးတွေ ရေးပြီး ရှော့ပင်တွေထွက်နေရတာပါ ဘုရား။ တစ်သက်လုံး ပစ္စည်းလေးပါး ဒကာမ လုပ်ပါ့မယ် ဘုရား၊ လူထွက်ပြီးတော့သာ စာရေးဆရာမလုပ်ပါနဲ့" ဟု အလောတကြီး လျှောက်ထားကြကုန်သည်။

Friday, April 19, 2013

အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ


  • အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

( မှူးသစ် နှင့် မောင်မြတ်သူ တို့ ပူးပေါင်း၍ ကျီစယ်သည်)


၂၁ ရာစုလွန် မြန်မာနိုင်ငံဧ။် အကြီးမားဆုံးပြောင်းလဲလာမှုမှာ ဂိုဏ်းဂဏတွေ များပြားစွာ ကွဲပြားထွက်ပေါ်လာခြင်း ဂုဏ်းဂဏဟုဆိုသော်လည်း သိုင်းဝတ္တုတွေထဲကလို ဂိုဏ်းမျိုးတွေတော့မဟုတ် ။ ကွဲပြားထွက်ပေါ်လာတဲ့ ဂိုဏ်းတွေကဂဏန်းများဖြစ်သည်။ ၉၆၉ ဂိုဏ်း ၊ ၇၈၆ ဂိုဏ်း.. ၃၆၅ ဂိုဏ်း.. စသည့်ဖြင့် သုံးလုံးဂဏန်း ဂိုဏ်းတွေ အများအပြားပေါ်လာကြသည်။ ဂဏန်းတွေရဲ့ အနှစ်သာရ အဓိပါယ်ကတော့ မည်သို့ မည်ပုံရှိသည် မရှိ သန်ရာသန်ရာ ဆွဲပြီး အခုလို ဂိုဏ်းဖွဲ့လိုသူတွေက လိုရာဆွဲပြီး ဂိုဏ်းဖွဲ့လိုက်ခြင်းလည်းဖြစ်လေသည်။

တစ်ချို့ဆိုလျှင် အယူက ရဲရဲတောက်ပြင်းထန်သည်။ သူ့တို့ ဟစ်ကြွေးကြသည်များလည်း ရှိသေးသည်
အဲ့ဒါက တစ်ခြားမဟုတ်
"လောက မှာ လူနှစ်မျိုးပဲ ၉၆၉ မဟုတ်ရင် ၇၈၆ ပဲ "

ခေတ်က တစ်မျိုးတစ်ပုံပြောင်းသွားလေသည်

အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ


  • အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

( မှူးသစ် နှင့် မောင်မြတ်သူ တို့ ပူးပေါင်း၍ ကျီစယ်သည်)


၂၁ ရာစုလွန် မြန်မာနိုင်ငံဧ။် အကြီးမားဆုံးပြောင်းလဲလာမှုမှာ ဂိုဏ်းဂဏတွေ များပြားစွာ ကွဲပြားထွက်ပေါ်လာခြင်း ဂုဏ်းဂဏဟုဆိုသော်လည်း သိုင်းဝတ္တုတွေထဲကလို ဂိုဏ်းမျိုးတွေတော့မဟုတ် ။ ကွဲပြားထွက်ပေါ်လာတဲ့ ဂိုဏ်းတွေကဂဏန်းများဖြစ်သည်။ ၉၆၉ ဂိုဏ်း ၊ ၇၈၆ ဂိုဏ်း.. ၃၆၅ ဂိုဏ်း.. စသည့်ဖြင့် သုံးလုံးဂဏန်း ဂိုဏ်းတွေ အများအပြားပေါ်လာကြသည်။ ဂဏန်းတွေရဲ့ အနှစ်သာရ အဓိပါယ်ကတော့ မည်သို့ မည်ပုံရှိသည် မရှိ သန်ရာသန်ရာ ဆွဲပြီး အခုလို ဂိုဏ်းဖွဲ့လိုသူတွေက လိုရာဆွဲပြီး ဂိုဏ်းဖွဲ့လိုက်ခြင်းလည်းဖြစ်လေသည်။

တစ်ချို့ဆိုလျှင် အယူက ရဲရဲတောက်ပြင်းထန်သည်။ သူ့တို့ ဟစ်ကြွေးကြသည်များလည်း ရှိသေးသည်
အဲ့ဒါက တစ်ခြားမဟုတ်
"လောက မှာ လူနှစ်မျိုးပဲ ၉၆၉ မဟုတ်ရင် ၇၈၆ ပဲ "

ခေတ်က တစ်မျိုးတစ်ပုံပြောင်းသွားလေသည်

Tuesday, March 12, 2013

လွှတ်ပျော်ကြတဲ့ ကဗျာလွှတ်တော် တတိယပိုင်း(မှူးသစ်)


အိုဘားမား ကဗျာရွတ်ဖို့ စတင်ပြီး ကြံရွယ်လိုက်စဉ် အချိန်မှာပဲ လွှတ်တော်အတွင်း ဗြုန်းစားကြီးပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဖြစ်သွားပုံမှာ တစ်ခြားမဟုတ် ကဗျာဆရာမင်းခိုင်မြဲက အလန့်တကြား ထအော်သည်.။

"ဟိုး... ဟိုးထား ဟိုးထား  ဆရာ ကဗျာရွတ်လို့မဖြစ်သေးဘူး"

အိုဘားမား ခင်မျာ မျက်နှာမည်းလေးဖြင့် ကြောင်ကြည့်နေရရှာသည်။ ကဗျာဆရာ မင်းခိုင်မြဲက လွှတ်တော် စင်မြင့်ပေါ်သို့ အပြေးအလွှား တက်သွားခဲ့ပြီး
"ခင်များ ကဗျာကို တန်းဝင်မ၀င် အရင်စစ်ဆေးဖို့လိုတယ်" ဟု ဆိုကာ ကဗျာစာရွက်ကို လုယူလိုက်သည်။
နာမည်ကြီး ကဗျာဆရာ တွေရှေ့ရောက်နေသော အိုဘားမား ခင်မျာ ဘာမှ မပြောနိုင်ရှာ စစ်မည်ဆိုတော့ လည်း စစ်ပေါ့ တစ်ခြားတတ်နိုင်သည်မရှိ လျှော့ပေးလိုက်ရသည်။

ကဗျာဆရာ မင်းခိုင်မြဲက ကဗျာစာရွက်ကို ဖင်တပြန်ခေါင်းတပြန် သေသေချာချာ စစ်ဆေးနေရင် ပါးစပ်ကလည်းပြောနေလိုက်သည်။

"ဟန်တွေကတော့ တာရာမင်းဝေ အရိပ်က မလွတ်သေးဘူး ဒါပေမယ့် ပို့စ်ဘက်လည်းမရောက်ဘူး မညှာတမ်းပြောရရင် မော်ဒန် လောက်တောင် မရှိသေးဘူး LP ဘက် နွယ်တယ်လို့ပြောရင် မှားလိမ့်မယ် နီယိုဆိုတာ ပိုဝေးပြီးပေါ့ "

Friday, March 8, 2013

ဇူကာဘတ် အလိုရှိသည် ဆုကြေး ကြိုက်သလောက် (မှူးသစ်)



မစ္စတာ ဇူကာဘက်မှာ တော်တော့်ကို အကျင့်မကောင်းသူဟု ဆိုရမည်ဖြစ်သည်။ ၂၀၃၀ ခုနှစ်အရောက်တွင် ဇူကာဘတ်က ဘာမပြောညာမပြော ထဖေါက်လာသည်။  မြန်မာနိုင်ငံသားတို့ တန်းတန်းစွဲ ဖြစ်နေ
သည့် အချိန်ကြတော့မှ ဖေ့စ်ဘုတ် social Network ကြီးကို ဖျက်သိမ်းပစ် လိုက်သည်။ မြန်မာနိုင်ငံသားအားလုံးဧ။် ဒေါသသည် ဇူကာဘတ်အပေါ် စုပုံကြသွားတော့သည်။ ယုတ်စွဆုံး ဦးသန်းရွှေကိုပင် သတိမရတော့ ဇူကာဘတ်ဆိုလျှင် တွေ့ရာင်္သကျိုင်း
ဓါးမဆိုင်း ဟု ကြုံးဝါး ကြသူများပင်ရှိလာသည်။ တစ်ချို့ကြတော့ ငိုကြီးချက်မတွေဖြစ်၊ တစ်ချို့ဆိုလျှင် ခပ်ကြောင် ကြောင် တွေ ဖြစ်ကုန်ကြတဲ့ အထိ။ ကောင်မလေးအများစုမှာ ၀မ်းနည်းတကြီး  ချုံးချုံးချ ငိုကြသည် လှတပတရိုက်ထားတဲ့ သူတို့ ဓါတ်ပုံ လွှတ်ပစ်ဖို့သာ ရှိတော့သည်ဟု နာနာကျည်းကျည်း ဆိုကြသည်။ဇူကာဘတ်ဆိုလျှင် နုတ်နုတ်စင်း ချင်သည်အထိ တူးတူးခါးခါးဖြစ်ကုန်သည်။ ဇူကာဘတ်ကိစ္စက မြန်မာနိုင်ငံမှာ တော်တော်လေးကို ဂယက်ရိုက်သွားသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဒီကစ္စကနိုင်ငံတော်သမ္မတရုံးထိရောက်သွားသည်။ နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူကြီးတစ်ဦးက ဇူကာဘတ်ကို တရားစွဲ ဖို့ သမ္မတကို မြှောက်ပေးသည်။ သမ္မတ ပြောရေးဆိုခွင့်ရှိသူက

Sunday, January 27, 2013

အာပလာဆရာရွှီးနှင့် စကားစမြည်___တည်တံ့ (G.B.K)



"ဆရာ .. ဆရာ"
ကျွန်ုပ်သည် အိမ်ရှေ့လှေကားရင်းမှ အော်ခေါ်သံကြောင့် တချောက်ချောက်ရိုက်လက်စ စာတစ်ပုဒ်ကို လက်စသတ်ရင်း ကွန်ပြူတာရှေ့မှ ထလာခဲ့ရသည်။ တံခါးဝမှာရပ်နေသော ခပ်ရွယ်ရွယ်လူငယ်တစ်ယောက်သည် ကျွန်ုပ်ကို မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးရွှဲကြီးများဖြင့် စူးစိုက်ကြည့်လျက်ရှိသည်။

- "ဆရာအာပလာရွှီးလားမသိဘူးခင်ဗျား"
- "အိန်း ကျွန်ုပ်ပဲကွဲ့။ ကဲ ဆိုပါဦး လာရင်းကိစ္စ"
- "ကျွန်တော်က xxxမဂ္ဂဇင်းတိုက်ကပါ။ ဆရာနဲ့ချိန်းဆိုထားတဲ့အင်တာဗျူးအတွက် တိုက်ကလွှတ်လိုက်လို့ပါ"

ထိုအခါကျမှ ကျွန်ုပ်လည်းသတိရမိသွားသည်။ ယမန်နေ့က မဂ္ဂဇင်းတိုက်တစ်ခုမှဖုန်းဆက်၍ အင်တာဗျူးလက်ခံပေးပါရန် တိုးလျှိုးတောင်းပန်ခဲ့၏။ အောင်မြင်ကျော်ကြားလူကြိုက်များလှသည့် ကျွန်ုပ်လိုစာရေးဆရာအကျော်အမော်အဖို့ လူသိ များပြီးဖြစ်သည့်အတွက် သေးဖွဲလှသည့်

Wednesday, October 31, 2012

“လွှတ်ပျော်ကြတဲ့ ကဗျာ လွှတ်တော်”

မှူးသစ်...

2030 ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေး နိုင်ငံရေး ဖွံဖြိုးတိုးတက်မှုမှာ ကျည်ဆန် ရထားနှင့် နှိုင်းရမည့် အခြေအနေဟု ဆိုရမည်။ အင်အားကြီးပါပေ့ဟု ဆိုနိုင်သော အမေရိကန်၊ တရုတ်တို့ပင် ငေးမောအားကျယူရလောက်တဲ့အထိဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ “ဥုံဖွ!!”ဟူ၍ နတ် ရေကန်ထဲသို့ပစ်ချလိုက်သလိုပင် မည်သူမျှ မယုံကြည်နိုင်လောက်သောအခြေအနေထိ တိုးတက်လာ တော့သည်။ လွှတ်တော်မှာဆိုလျှင် ဥပဒေတွေ ပြဌာန်းပြင်ဆင်စရာမလိုတော့လောက်အောင် ပြည့်စုံ သွားပြီဟု ဆိုရမည်။ အစိုးရအဖွဲ့မှ သမ္မတ အလုပ်မှာဆိုလျှင် တစ်ခါတရံ မိန့်ခွန်းပြောတာလောက်၊ လက်မှတ်ထိုးတာလောက်နှင့် နိုင်ငံခြားဧည့်သည်တွေလက်ခံတွေ့ဆုံတာလောက်ပဲရှိတော့သည်

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...