Showing posts with label စိုးမင်းအောင်. Show all posts
Showing posts with label စိုးမင်းအောင်. Show all posts
Tuesday, November 6, 2012
ဘာ့အဓိပ္ပာယ်အတွက် ဘယ်စကား (စိုးမင်းအောင်)
1:34 AM 8/13/2012
မောင်လည်း ဂျုတ်သုံးတယ် အဲဒီတုန်းက ကမ္ဘာကြီးဟာ ပြောင်ရှင်းရှင်းပဲ ဂုဏ်ယူစရာများအဖြစ်
လေလာရင် လွင့်တက်ကြတယ် ဘယ်တော့မှ မမေ့နိုင်တဲ့ ပစ်မှတ်အဖြစ်
တိုင်ကွယ်ကြားက ကြည့်နေတဲ့ မျက်ဆန်ကြီးဟာ ဆေးသားနဲ့ ရောပြီး အက်ထ
ရေနွေးရေပန်းအောက်မှာ စိမ်လိုက်ကြ နွေးကြ မောကြတယ် မလိုင်ခဲလေးတွေ စားသုံးသလို
ကိုယ်တို့ရဲ့ ကိုယ်ဟာ အရည်ပျော်ပဲ လက်သည်းကြားက ကြေးကို ကလော်တဲ့ အခိုက် ထုံကျဉ်ကျဉ်ပဲ
ဓာတ်ပုံရိုက်တင်ထားပါလား ကွာလန်နေတယ် ဟောက်ကြ ငေါက်ကြ အိပ်ကြ နိုးကြပေါ့
မကောင်းပြောနေတာ အကောင်းလို့ ထင်လို့လား ဦးခေါင်းဓာတ်မှန် ညိုကိုင်း
မျှော်လင့်ထားတော့ရော ဘာတစ်ခုထူးခြားလို့လဲ လာတော့မှာပါ ဘယ်ဈေးနဲ့ တည့်မလဲ
Thursday, November 1, 2012
အမှောင်ကို ဆုပ်လို့ ချောင်မှာ မှိုင် __စိုးမင်းအောင်
12:26 AM
6/12/2012
အသည်းနှလုံး သားအမြဲသန့်ရှင်းအောင် ရော့ခ်သီချင်းဆိုပြီး
ပြီးသွားစရာ အကြောင်းမရှိ
မင်းရဲ့ ကျောကို ငါပွတ်သပ်
ကောင်း မကောင်း နိုးထဖို့ ကြက်ဥအနှစ်လို ပေါက်ထွက်သွားပြီး
လူ့အဖွဲ့အစည်း အရည်ပူဆူဝေများ
အကြည့်သူစိမ်းများ ပန်းထွက် မီးတောက်စေတယ် ရယူလိုမှု ပိုင်ဆိုင်လိုမှု မက်မောမှုတို့နှင့် ပတ်သက်၍
လုံးလုံး အိပ်မရဘူး
အမှောင်နီကောင်တွေက တိုက်ခိုက် ငါကို အခွံနွှာလိုက်တော့
ငါတွေကိုသာ ငါတွေ့ရှိ
အချို့အချို့တွေဟာ တစ်ကောင်နဲ့ တစ်ကောင်ရန်လိုဝါးမျိုနေတာ ငါမလုံခြုံဘူး
လမ်းကြောင်းအတိုင်းပဲ လမ်းရှိသလို သွား နေတယ် လွန်ခဲ့တဲ့ ၃၁ နှစ်က ဤကမ္ဘာမြေပေါ်တွင် ကျွန်တော်မရှိ
ရုတ်တရက်မှာ ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်တယ် ကြားထဲမှာ သွေးစိမ့်စိမ့်များ
ဖီးလ်တက်ခြင်း မရပ်မနား သောကအရောင်းအ၀ယ် လဲလှယ်
ယမ်းနဲ့ ဆက်ဆံနည်း နုံးချည့်
တကယ်တော့ ပန်းတိုင်ကို လှမ်းကိုင် လွတ်ကျ
စိတ္တဇကြံ့ခိုင် စေ ရေး ဆံပင်လိမ်ကောက်ရှုပ်ပွ
BRAND စစ် စစ် လား ဘရင်းဂန်းလား သိပ်ရင်းနှီးလွန်းတယ်နော်
ဒါဦးလေးလွတ်ကျခဲ့တာလား
ဘာလဲ
ချိုးဖြူငှက်ရဲ့ တောင်ပံမွေး
ဟိုက်ရှာလပတ် ၀မ်းနည်းစရာ ၀ဖီးလာတယ်
ကိုယ့်လည်မျိုအရိပ် ကိုယ်ပြန်နင်း
သွေးကြောထဲကို အဆိပ်ဝင်သွားတယ် မငြိမ်းချမ်းမှုမှာ ငြိမ်းချမ်းမှုရှိရမယ် ရင်ကြားမှာ
ငါဟာ ဘာစကားပြောတာလဲ ဗြောင်းဆန်ပဲ
ချိုချိုကုန်သွားတယ် ခါးခါး
အလွန်အကျွံသုံးစွဲလိုက်ရင် ဖြူဖျော့သွားပြီး ဘာဆက်ဖြစ်သွားသေးသလဲ
ပျော်ရဲ့လား နေ့စဉ်လိုလိုပဲ ကျွန်တော်တို့ရဲ့ ဒီကမ္ဘာမြေဟာ
သည်းခံပါခင်ဗျာ လောက်တက်
စိုးမင်းအောင်
1:52 AM
6/12/2012
Tuesday, October 30, 2012
ဆေးရေး ဆေးခြယ် ဆေးပျက်(စိုးမင်းအောင်)
စကားလုံးတွေဟာ ငါ့ကို အုပ်ချုပ်တယ် စိမ်းချင်လည်း စိမ်း
ဆေးရုံကြီး လူနာခုတင်ပေါ်က အရေးပေါ်အနာဂတ်
ပျော့ချက်များစွာဟာ တောင့်သွားလိမ့်မယ်
ရင်ညွန့်တစ်ဝိုက်ပြပါ
အစောင့်ဟာ ၀င်ထွက်ခ ကူးတို့ခလို တောင်းရမ်းတယ် ရမ်းတယ်
ကမ္ဘာကြီးဟာ ပေးစရာ မရှိ အဲဒါပဲ ရွက်လွှင့် မီးတုတ် နံရံတွေ ဆီးတား ပုပ်ကိုယ်ကြီး အလွန်ကြီးကြီးပုပ်ကိုယ်ကြီး အလွန်သေးသေးပုပ်ကိုယ်ကြီး
လမ်း၏ အစ တွေးသလား တွေးသလား တွေးသလား ခြေလှမ်းဟာ လမ်း ငါနင့်ဇာအဖုံးကို စုတ်ဖြဲလတ္တံ့သိပ်လိုအပ် ရှားလားလားလား လှုပ်နေသော ကန့်လန့်ကာ
အနောက်က အဓိပ္ပာယ်ဟာ သိပ်ထိတ်လန့်ဖို့ ကောင်းတယ်
နိစ္စဓူဝကို ပျားရည်ဆမ်းသင့်တယ် ဖတ် ဖတ် ဖတ် ဖတ် မပြိုပျက်ခင် တစ်နေ့နေ့
ဖြတ်ကြည့်လျှင် အမြင်ဆိုင်ရာ မမှောက်မှားဘူးဆိုလျှင် အမှားများ
ဆေးရုံကြီး လူနာခုတင်ပေါ်က အရေးပေါ်အနာဂတ်
ပျော့ချက်များစွာဟာ တောင့်သွားလိမ့်မယ်
ရင်ညွန့်တစ်ဝိုက်ပြပါ
အစောင့်ဟာ ၀င်ထွက်ခ ကူးတို့ခလို တောင်းရမ်းတယ် ရမ်းတယ်
ကမ္ဘာကြီးဟာ ပေးစရာ မရှိ အဲဒါပဲ ရွက်လွှင့် မီးတုတ် နံရံတွေ ဆီးတား ပုပ်ကိုယ်ကြီး အလွန်ကြီးကြီးပုပ်ကိုယ်ကြီး အလွန်သေးသေးပုပ်ကိုယ်ကြီး
လမ်း၏ အစ တွေးသလား တွေးသလား တွေးသလား ခြေလှမ်းဟာ လမ်း ငါနင့်ဇာအဖုံးကို စုတ်ဖြဲလတ္တံ့သိပ်လိုအပ် ရှားလားလားလား လှုပ်နေသော ကန့်လန့်ကာ
အနောက်က အဓိပ္ပာယ်ဟာ သိပ်ထိတ်လန့်ဖို့ ကောင်းတယ်
နိစ္စဓူဝကို ပျားရည်ဆမ်းသင့်တယ် ဖတ် ဖတ် ဖတ် ဖတ် မပြိုပျက်ခင် တစ်နေ့နေ့
ဖြတ်ကြည့်လျှင် အမြင်ဆိုင်ရာ မမှောက်မှားဘူးဆိုလျှင် အမှားများ
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...