Showing posts with label လောက. Show all posts
Showing posts with label လောက. Show all posts

Sunday, January 13, 2013

ကျွန်တော့်ကို ရူးတယ်လို့ ထင်အောင် မလုပ်ပါနဲ့ အဲ့ဒါက ကျွန်တော့်ကို တကယ်ရူးစေတယ်(လောက)


ဆေးရုံအနံ့က မွှန်လွန်းလို့
အာရုံတွေကို ခဏခဏ ဖြန့်ဖြန့်ဝတ်နေရ။
(အသားမကျသေးဘူး)

မီးလုံးထဲက ထွင်းဖောက်လာတဲ့ အမှန်တရားက
သူ့မျက်လုံးထဲ လောင်မြိုက်နေတယ်

သူ နောက်ဘဝ ဘယ်ဘာသာကိုးကွယ်ရမလဲ
(စဉ်းစားခဲ့)
သူ နောက်ဘဝ ဘာလူမျိုးဖြစ်မလဲ
(စဉ်းစားခဲ့)
သူ စဉ်းစားခဲ့တာတွေကို အကြိမ်ကြိမ် စဉ်းစားမိနေတယ်။

Sunday, November 18, 2012

လည်နေတဲ့နာရီလက်တံလေးရယ်/အသက်ရူသံရယ်/ကိုယ်ရယ်/မင်းရယ်/သုညလေးတလုံးရယ်လောက





စသောက်မယ့် ဘီယာခွက်ထဲမှာ
အမှားတွေက ပလုံစီနေတယ်....။

ကိုယ်ငုံ့ကြည့်လိုက်တော့(သောကြာကြယ်ဟာ)
ကရင်မလင်မှာလည်း ရှိရဲ့
new york တံတားမှာလည်း ရှိရဲ့
မန္တလေးက အောင်ပင်လယ်မှာလည်းရှိရဲ့
ကိုယ့်ရင်ထဲလည်း.......(အဲ့လို)...။

Thursday, November 1, 2012

ကွယ်လွန်ပါစေ-ကွယ်ရာမှာ လွန်လွန်းနေတဲ့ကိစ္စတွေ-ကွယ်လွန်ပါစေ( လောက)


စပိတ်တစ်နဲ့ စ ပိတ်  ပြီး တစ်နေတယ်  သေတာကမှကောင်းဦးမယ် ဆိုတော့ကာ
တန်ဖိုးခပ်ကြီးကြိး အမိုက် ပုံသဏ္ဍာန်အဖမ်းခံထားရတဲ့ ကိစ္စတွေ  ဆိုးမူပြုလိုက်မိတဲ့ အချိန်မတိုင်ခင်တုန်းကတော့ လူကောင်းပါ
စိတ်ရိုင်းတွေမီးမြိုက်လို့
စိတ်ယဉ်ပါးမူ နဲ့ ဇယားရူပ်နေတဲ့ အထဲက ၀တ်ဆံတော်တော်များများကို လူတယောက်က ကောက်စို့ပြီး မွေးဖွားလာခဲ့တဲ့  မှော်သွေးတွေ နဲ့  မမွေးဖွားခင် တနှစ်တိတိ အလိုမှာ ဖြစ်လာခဲ့တဲ့ မှော်သွေးတွေ...

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...