Sunday, November 18, 2012
လည်နေတဲ့နာရီလက်တံလေးရယ်/အသက်ရူသံရယ်/ကိုယ်ရယ်/မင်းရယ်/သုညလေးတလုံးရယ်လောက
စသောက်မယ့် ဘီယာခွက်ထဲမှာ
အမှားတွေက ပလုံစီနေတယ်....။
ကိုယ်ငုံ့ကြည့်လိုက်တော့(သောကြာကြယ်ဟာ)
ကရင်မလင်မှာလည်း ရှိရဲ့
new york တံတားမှာလည်း ရှိရဲ့
မန္တလေးက အောင်ပင်လယ်မှာလည်းရှိရဲ့
ကိုယ့်ရင်ထဲလည်း.......(အဲ့လို)...။
ကြယ်တွေကြွေရင် ဘယ်သူ့ပါးပေါ်ကျမလဲလို့
ငါးရိုးထဲမှာကပ်နေတဲ့အသားစလေး အာခေါင်ထဲမှာ
အင်္ဂါ နဲ့ ဗုဒ္ဓဟူး...နှစ်ရက်စာလောက်တော့
ဂျီးထော်ကို တွေ့မိချိန်လေး….
လွယ်အိတ်ထဲမှာ စာအုပ်တအုပ်ထဲမှာ
စာရွက်လေးတရွက်ရဲ့ရင်ထဲမှာ
ဂျီးထော်ကို ***** ဆိုတဲ့ စာလုံးဟာ
ကိုယ့်လက်နဲ့ဖန်တီးတဲ့မှင်.......
သူ့တဦးထဲသာ ချစ်ကြောင်းကိုယ်စားပြုတဲ့…
ကိုယ့်နှလုံးသားရဲ့မှန်တချပ်စစ်စစ်…..
2016 မှာ Weezer ရဲ့ Island In The Sun သီချင်းလေးဆိုပြချင်တယ်
2012 ဆိုတဲ့ ဒီဗီဒီအခွေတောင် ထစ်နေပါပြီ (စိုးရိမ်တယ်)
တစက္ကန့်ကို ရွှေရတု တစက္ကန့်ကို ငွေရတုနဲ့
သံကြေးရတုအထိမရောက်သွားဖို့ ခပ်မြန်မြန်လေး
(နောက်ပြီးတော့ ရယ်စရာပဲ….အခွေဗေဒင်)
မဆီမဆိုင် ကမ္ဘာမကြေသီချင်း ရွတ်ကြည့်နေမိတယ်
သုည တလုံးဝိုင်းအောင်ရေးပြီး နေကြည့်ဖို့
ကမ္ဘာဟာလုံးဝန်းလှပနေတယ်….
လုံးဝန်းတဲ့ရင်ဘတ်ထဲမှာ မီးတိုင်ရှည်ရှည်တွေရှိတယ်
စမူဆာရှိတယ် လမ်းပြားပြားတွေရှိတယ်
ပိရမစ်ရှိတယ် (ထူးဆန်းတယ်)
အသွေးအသားတွေဖုံးထားတဲ့ ကျွန်တော်ချစ်သော
အရိုးစု တစုလည်းရှိတယ် ။
သုညထဲမှာ သုညလေးတွေရှိနေကြရဲ့
ကမ္ဘာထဲမှာ ကမ္ဘာလေးတွေရှိနေကြရဲ့
သူမနဲ့ကျွန်တော့်ရဲ့ကမ္ဘာလေးလည်း
သုညထဲမှာပဲ မျှော်လင့်မိပါရဲ့။
***** =ဓါတ်ပုံမှ စာသားဖြစ်သည်
ဂျီးထော် = ချစ်သူကို ကျွန်တော်ခေါ်သောနာမည်…
လောက
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment