Showing posts with label ကိုသျှား. Show all posts
Showing posts with label ကိုသျှား. Show all posts

Tuesday, February 19, 2013

*ကြည့်စမ်း မင်းက ငါ့ကို ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သပေါ့ တကယ်တမ်းကျ ငါက တတိယတန်းစားလူတစ်ယောက်ပါကွာ*(ကိုသျှား)

တဖွဲဖွဲကြွေကျနေတဲ့သစ်ရွက်တွေပေါ် ထိလွယ်ရှလွယ်ကို ပစ်တင်လိုက်မိသလား
ကိုယ်ခန္ဓာကနေ အဓိပ္ပာယ်တွေ တစ်ဖဲ့ချင်းပဲ့ကျနေရတဲ့အထဲ
လွယ်လွယ်လေးခက်နေတဲ့နားလည်မှု မျက်စိရှေ့တင် ခုမြင်ခုပျောက် တငွေ့ငွေ့
လူသားစစ်စစ်ဆိုတော့ ကြောက်စရာရှိရင် ကြောက်တယ်၊တုန်လှုပ်တယ်

ဒုက္ခကို ဒုက္ခမှန်းသိရက်နဲ့ အသက်စွန့်ဟပ်နေတာလား
ဒုက္ခကို ဒုက္ခမှန်းမသိလို့ လောက်လန်းတွယ်နေတာလား
ခိုကိုးရာမဲ့ရထားတစ်စင်း ဘူတာရုံကို သံရှည်ဆွဲ ငေးနေ
အသက်ငင်ညတွေကို ဆွဲဆန့်ရင်း မြို့ကြီးပြကြီးထဲ မျက်ရည်ဝလာ

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...