ညီမလေး မသိအောင်ပဲ..ကို.. တိတ် တိတ် က လေး ဖျား နေ ခဲ့ တယ်။


မဖြစ်နိုင်မှန်းသိနေလည်း
ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ
ဆာလောင်  တောင့်တ...
မဆုံနိုင်မှန်းသိနေတာတောင်
ညတွေဆို ကော်ဖီတစ်ခွက်ကို အအေးခံပြီးသောက်နေမိတယ်။
တစ်စုံတစ်ရာကို စိုးရိမ်ထိတ်လန့်နေတဲ့..စိတ်..
အဲ့ဒီ..စိတ်..တွေမှာ အလွယ်တကူ ၀မ်းနည်းလွယ်တတ်တဲ့
ရောဂါတွေ..စွဲကပ်နေတယ်။
သတိတရဖြစ်ခြင်းတွေဟာ ညတွေကို
သိပ်လောင်ကျွမ်းစေတာပဲ ညီမလေးရယ်..
ပျှော်ရွှင်မှုတွေက...ကိုယ့်ကမ္ဘာ မှာ အစရှာလို့မတွေ့တော့ဘူး
မကြာခင်ဆိုရင် နံနက်ခင်းတွေ လင်း လာ တော့ မယ်တဲ့..
ကိုယ့်မှာ လေးလံနေတဲ့စိတ်တွေ ကိုပဲ
နေ့စဉ်နဲ့အမျှ လိုက်ရှာနေရ...

တစ်ကိုယ်ရေ လွမ်းဆွတ်မှုပါပဲ..ညီမလေးရယ်
သတိတရဖြစ်နေရတဲ့..စိတ်..တွေအတွက်
ဖြေဆေးဟာ ရှာမရခဲ့ပါဘူးးးး။
ဆက်သွယ်မှုတွေက ကိုယ့်ကို သော့ခတ်ထားခဲ့သလို
တိတ်ဆိတ်နာကျင်၊တိတ်တဆိတ် လွမ်းဆွေးး
စောင့်မျှော်နေရုံကလွဲလို့..ကိုဘာမှမတတ်နိုင်ခဲ့ဘူးး

ညီမလေး..မသိအောင်
တိတ်တိတ်ကလေး ဖျားနေမိတဲ့ ညနေခင်းလေးတစ်ခုမှာ
အဲ့ဒီလက်ကိုင်ဖုန်းလေးကိုပဲ အရူးတစ်ယောက်လို ငေးမောကြည့်နေမိတယ်။
ဘာမဟုတ်တဲ့ လက်ကိုင်ဖုန်းမြည်သံလေးတစ်ခုဟာ
ကိုယ့်စိတ်အားလုံးစုံကို ဆွဲငင်ထားစေတတ်လား
ရင်ထဲမှာ တလှပ်လှပ်..ဖြစ်နေတယ်
စီးကရက်တွေ တစ်ရှိုက်ပြီး တစ်ရှိုက်..
ရှိုက်လိုက်တိုင်း... ကိုယ့်ရင်ထဲမှာ အောင့်အောင့်နေတယ်။
နာရီလက်တံတွေဟာ..ဘယ်နှစ်ကြိမ်မြောက်လည်ပတ်ခဲ့ပြီလဲ
ကို..ကိုယ့် မျက်ဝန်းတွေ ရူးသွားပြီ..ညီမလေးရေ..
အဲ့ဒီညနေခင်းလေးရဲ့ အိမ်ပြန်ချိန်က.
ဆိုက်ပရပ်(စ်) လမ်းမှာ ကိုတစ်ယောက်ထဲလျှောက်နေရသလို
မိုးမရွာပဲ..ကိုယ့်မှာ မိုးတွေ မိသွားတယ်..
ကို..ညီမလေးကို အရမ်း...လွမ်းးတယ်...
ရင်ဘတ်ထဲမှာ ကွဲအက်နေတဲ့ စကားလုံးတွေဟာ
ကိုယ့်နှုတ်ဖျားမှာ မွေးဖွားခွင့် မရခဲ့ဘူး..ညီမလေးရေ
ကိုယ့်ရဲ့ဖြစ်တည်မှုတွေကှိုရှာဖွေတွေ့ရှိပါရစေ..
ကိုယ့်ရဲ့မနက်ဖြန်တွေကို..မျှော်လင့်ရဲပါရစေ...
ညီမလေး..ကို..သိပ်..ချစ်..တယ်..
သက်ပြင်းချသံတွေနဲ့ အဆုံးသတ်ထားတဲ့ ကဗျာတစ်ပုဒ်ကို
ညီမလေးနားလည်နိုင်ပါ့မလား...

ကိုယ်က..ကမ္ဘာကြီးရဲ့အမှုန်အမွှားလေးတစ်ခု..
လူ့ပတ်ဝန်းကျင်မှာ ဘာမှ အရေးမပါအရာမရောက် သူတစ်ယောက်
ဘယ်သူ့အတွက်မှ အရေးကြီးတဲ့သူ မဖြစ်ခဲ့ဖူးပါဘူး ညီမလေးရယ်
အဲ့ဒီလို အဖြစ်အပျက်တွေအတွက် "တောက်"တစ်ခေါက်ခေါက် ဖြစ်နေရတဲ့
လူတစ်ယောက်က ညီမလေးအတွက် အရေးကြီးတဲ့သူဖြစ်ချင်ခဲ့တာ..
ကိုယ့်အတ္တတွေ သိပ်ကြီးနေသလား ညီမလေးရေ..
မကြာခင်ဆိုရင် နံနက်ခင်းတွေကလင်း လာ တော့ မယ် တဲ့.

ညီမလေး..ဘ၀..ရဲ့..ပျှော်ရွှင်မှုတွေမှာ
ကိုယ့်အတ္တတွေ က အတားအဆီးတစ်ခုဖြစ်ခဲ့ရင်
ကိုယ့်အတ္တကို ကိုကိုယ်တိုင် ရိုက် ချိုး ပစ် ပါ ရ စေ..
ကိုယ့်ရဲ့နာကျင်မှုတွေက ညီမလေးရဲ့ ငြိမ်းချမ်းမှုတွေကို.. နှောက်ယှက်နေခဲ့မယ်ဆိုရင်..
ကိုယ့်ရှင်သန်မှုကို ကိုကိုယ်တိုင် အ ဆုံး သတ် ပစ် ပါ ရ  စေ..
ညီမလေးရေ..မနက်ဖြန်ဆိုတဲ့ခရီးတွေဟာ..သိပ်ရှည်နေမှာပဲ..
ဘ၀မှာ..  မတော်တစ ခလုတ်လေးတစ်ချက် တိုက်မိတဲ့အခါ..
ကို့..ကိုသ တိ ရ ပါ။
ဖျတ်ခနဲ မျက်ရည်လေးတစ်စက်ကျမိတဲ့အခါ
ကိုယ့်..ကို သ တိ ရ ပါ။
အမှတ်တမဲ့.. သစ်ရွက်ကလေးတစ်ရွက်ကြွေ..ကျ..သွားတာမြင်တဲ့အခါ
ကိုယ့်..ကိုသတိရပါ။

ဒီကဗျာကို အဆုံးမသတ်ခင်ထိ
မရည်တွက်နိုင်တဲ့..စီးကရက်တွေကို ဆက်လက်ပြီးမီးညှိနေဆဲ
ညီမလေးရေ....
ကိုယ့် ကဗျာတွေရဲ့ အဆုံးသတ်မှာ..
တိတ်ဆိတ်သက်ပြင်းချသံတွေ ကပ်ညှိနေဆဲ
တကယ်တော့..ညီမလေးရေ..
ချစ်ခြင်းမေတ္တာ မှာ..
ကိုယ့် ကျန်းမာရေးတွေ မကောင်းခဲ့ဘူးးးးး

အဲ့ဒီညနေခင်းလေးမှာပေါ့...
ညီမလေး မသိအောင်ပဲ..ကို.. တိတ် တိတ် က လေး ဖျား နေ ခဲ့ တယ်။


                                                                                       မှူးသစ်

                                                                                       1/3/2012

                                                                                         3;45 AM

1 comment:

  1. ဘ၀မှာ.. မတော်တစ ခလုတ်လေးတစ်ချက် တိုက်မိတဲ့အခါ..
    ကို့..ကိုသ တိ ရ ပါ။
    ဖျတ်ခနဲ မျက်ရည်လေးတစ်စက်ကျမိတဲ့အခါ
    ကိုယ့်..ကို သ တိ ရ ပါ။
    အမှတ်တမဲ့.. သစ်ရွက်ကလေးတစ်ရွက်ကြွေ..ကျ..သွားတာမြင်တဲ့အခါ
    ကိုယ့်..ကိုသတိရပါ။

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...