Showing posts with label မောင်မိုးမြင့်. Show all posts
Showing posts with label မောင်မိုးမြင့်. Show all posts
Tuesday, April 1, 2014
" သွေးသံရဲရဲ ဆောင်းနေ့များ အလွန် "
အေးစက်မှု အဆုပ်လိုက် အခဲလိုက်တွေဟာ သည်းသည်းလှုပ် ကျဆင်း
တစ်ယောက်ကို တစ်ယောက် သဲသဲကွဲကွဲ မြင်ရဖို့ မလွယ်တော့
အတိတ်
" အိမ်နဘေးက သစ်ပင်မှာ ငှက်ဆိုးထိုးသံတွေ "
ထပ်တလဲလဲ အာရုံကြောထဲ စိမ့်ဝင်လာခဲ့တဲ့
သိပ်ကြိုက်တဲ့ စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စ
လက်လုပ်ရွှံ့မီးဖိုထဲ ထီးရိုးဝါးလေးစိတ်ကွဲ ထင်းစလေးတွေ
အပေါ်ယံ အရေပြား နွေးသွားယုံလေးအတွက် တဖျစ်ဖျစ် လောင်ကျွမ်းပေးရ
Friday, January 10, 2014
ကိုယ့်မှာ တစ်ခုခုချို့ ယွင်းနေပြီဆို အဲ့ဒါ စိတ်ပိုင်းဆိုင်ရာ အထားအသိုမတက်မှုပဲ( မောင်မိုးမြင့်)
ကိုယ်က တစ်ခုခုဆို အရမ်းထိလွယ်ခိုက်လွယ်
ဆပ်ပြာပူပေါင်းကလေးလိုပဲ ခံစားမှုအရေပြားဟာ သိပ်ကိုပါးလွှာလွန်းနေခဲ့တယ်
နုတ်ခမ်းပေါ်မှ မွှေးညှင်းစိမ်းများ အမြင်ကျဉ်းမြောင်းမှု ကိုယ်သင်းရနံ့
ဖိုင်ဘာဆက်ကြောင်းတွေပေါ်က အသံမော်လီကျူး ခပ်သေးသေး အစရှိတာတွေ
ထိခိုက်လိုက်တာနဲ့ တစ်စစီပေါက်ကွဲသွားလောက်အောင်
ကိုယ့် အာရုံခံစားမှုဟာ အမြဲကျွတ်ဆတ်နေခဲ့
ဒီလိုနဲ့ ပစ်မှတ်ထားပြီး ကိုယ့်ကို တိတိကျကျမှားပါ
ကိုယ်စိတ်နှစ်ပါးလုံးနဲ့ ရင်းနှီးပြီး ကိုယ့်အပေါ် ရိုးရိုးသားသားမှားပါ
ဆပ်ပြာပူပေါင်းကလေးလိုပဲ ခံစားမှုအရေပြားဟာ သိပ်ကိုပါးလွှာလွန်းနေခဲ့တယ်
နုတ်ခမ်းပေါ်မှ မွှေးညှင်းစိမ်းများ အမြင်ကျဉ်းမြောင်းမှု ကိုယ်သင်းရနံ့
ဖိုင်ဘာဆက်ကြောင်းတွေပေါ်က အသံမော်လီကျူး ခပ်သေးသေး အစရှိတာတွေ
ထိခိုက်လိုက်တာနဲ့ တစ်စစီပေါက်ကွဲသွားလောက်အောင်
ကိုယ့် အာရုံခံစားမှုဟာ အမြဲကျွတ်ဆတ်နေခဲ့
ဒီလိုနဲ့ ပစ်မှတ်ထားပြီး ကိုယ့်ကို တိတိကျကျမှားပါ
ကိုယ်စိတ်နှစ်ပါးလုံးနဲ့ ရင်းနှီးပြီး ကိုယ့်အပေါ် ရိုးရိုးသားသားမှားပါ
Friday, April 19, 2013
“ တစ်ဖက်မြင် ကောက်ကြောင်း တစ်ချို့ ”(မောင်မိုးမြင့်)
ကျွန်တော့်အကြောင်းကိုရေးထားတဲ့ စာတစ်ပုဒ်ကို ကျွန်တော့်ဘလော့်မှာ ပြန်တင်ဖို့ တော်တော့်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီစာဟာ တာယာနဲ့ ကျွန်တော် နောက်တော့ ကျွန်တော်တို့အစုအဖွဲ့ မိသားစုကလေး ကြားက ရင်းနှီးမှု၊ ပွင့်လင်းမှု ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ တွေအတွက် တန်းဖိုးဖြတ်လို့ မရနိုင်တဲ့ အရာတစ်ခုဖြစ်နေတဲ့ ဘလော့မှာ အမှတ်တရ တင်ထားဖြစ်သွားခဲ့ပါတယ်။
လူတစ်ယောက်အကြောင်းကိုရေးရတာဟာ အလွန်မှပဲ တာဝန်ကြီးလှပါတယ် ။ ကိုယ် ရေးလိုက်တဲ့သူရဲ့ အပေါ်မှာ ပုဂ္ဂိုလ်ရေးရာအရ စော်ကားသလိုဖြစ်မှာလဲ စိုးရိမ်မိပါတယ် ။ ဒါပေမဲ့ ကျနော်အခုရေးပါပြီ ။ ရေးရတာလဲ အကြောင်းကလေးတွေ ရှိပါတယ် ။ ခင်ဗျားတို့မှာလဲ ခင်ဗျားတို့ ကျင်လည်ရာ လူမှု့ပတ်ဝန်းကျင်က အသိ၊ မိတ်ဆွေ၊ အပေါင်းအဖော်တွေ ရှိမှာပါ ။ ကျနော့်မှာလဲ ထိုနည်းတူပါပဲ ။ အထက်မှာ ရေးခဲ့သလိုပါပဲ လူပုဂ္ဂိုလ်အကြောင်းရေးရတာဟာ တာဝန်ကြီးပါတယ် ။ အခု ကျနော်ကတော့ ကျနော့် တစ်ယောက်ထဲကို ကိုယ်စားပြုပြီး ကျနော့်အမြင်ကိုပဲ ရေးမှာဖြစ်တဲ့အတွက် အမှားအယွင်းဖြစ်သွားရင်လဲ
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...