Showing posts with label ထိသွားတဲ့ကဗျာသစ်တွေ. Show all posts
Showing posts with label ထိသွားတဲ့ကဗျာသစ်တွေ. Show all posts
Tuesday, April 1, 2014
တစ်ခုခုဖြစ်လာတော့မလား တွေးမိတိုင်း တစ်ခုခုဖြစ်ပြီးသွားဖို့ကို မျှော်လင့်တယ်
March 25, 2014 at 3:25pm
တစ်ခုခုဖြစ်လာတော့မလား တွေးမိတိုင်း တစ်ခုခုဖြစ်ပြီးသွားဖို့ကို မျှော်လင့်တယ်
အသွေးအသားထဲ ဇမ်မဲလ်ဗိုက်စ်အာနိသင်ဆန်ဆန်
ပိုးမွှားတွေ
Thursday, January 9, 2014
င့ါလက်နက်ကိုင်များ( ၀ီရထက်နောင်)
ချစ်မေတ္တာခေါင်းစီးနဲ့
ငါ့လက်နက်ကိုင်များဟာ မြင်မြင်ရာ
အချုပ်ခန်းသောံကို မမိတမီလှမ်းဆွဲနေတယ်
ကာလအားဖြင့် ညဉ့်သုံးယံစလုံးကျိုးနေတဲ့ငါဟာ လှမ်းဆွဲနေတယ်။
*ချစ်သူနှစ်ဦး အခန်းကျဉ်းလေးရဲ့အလယ်မှာ အနမ်းပေးဖို့ ကျည်ဆန်တွေပလူပျံနေတဲ့အထဲ လာလာ လာ
ငါရပ်နေသေးတယ် ခြေထောက်မရှိတော့ဘူး မြင်မြင်ရာ
မိသားစုဓာတ်ပုံဟာ နံရံမှာ ကျည်ပေါက်ရာတွေနဲ့
ဓာတ်ပုံအပြင်ဘက်မှာတော့ ငါ အသေလိုရပ်နေတယ် သွေးသံရဲရဲ
ဘာရယ်လို့မမြင်နိုင်တဲ့ မီးခိုးမှိုင်းထဲ ငါသေတော့မယ် အကြင်နာ။
စွန့်စားပါ ပညာဥာဏ်ရင့်ကျက်ပါ နေမ၀င်အင်ပါယာ စသော
နံရံက ဖတ်လို့ရသမျှ ကွက်တိကွက်ကျား စာသားတွေပါမကျန်ဘူး ငါ့လက်နက်ကိုင်များဟာ
မြင်မြင်ရာ၊
သောက်ရေးမပါတဲ့ ငါ့တစ်လောကလုံးရဲ့အရေးအသားတွေ နံရံနဲ့ကဗျာကို ဆုတ်ဖြဲလိုက်ကြ။
အေးလိုက်တာမေမေရယ် ဆိုတဲ့စာသား
သွေးပျက်ထိတ်လန့်ဖွယ့် Vamp ရယ်သံ လေးလေးကြီးတွေ
လူ့ဘ၀= beauty & the beast
မချန်ဘူး ခံစားတတ်တဲ့နှလုံးသားဆိုတာလားဘာလား အဲဒါလည်းမချန်ဘူး
သူတို့ဟာမြင်မြင်ရာ၊မမြင်နိုင်တဲ့ ငါ့မျက်လုံးများကိုပါထပ်မံလို့
အချုပ်ခန်းသော့ဟာ ပိုလို့ပိုလို့  ယူဇနာထောင်ချီဝေးသွားရဲ့ အကြင်နာ
သွေးရူးသွေးတန်းအမှောင်မှာ ငါ့လက်နက်ကိုင်တွေကြားထဲ
ငါမှေးမှိတ်သွားပေါ့ စပယ်ပန်းရောင်းသူလေးရယ်
အေးစက်ပျံဝဲနေတဲ့ အမှန်တကယ်သေဆုံးခြင်းဆိုတာတို့
ချစ်ခြင်းမေတ္တာအကြောင်း မရွံမရှာ တစ်ဘ၀လုံးပြောခဲ့တဲ့ ငါ့ပါးစပ် အသံထွက်အင်္ဂါ
နီကယ်ရောင်တောက်တောက် ငါ ရိုဘော့
ရော်ဘာလို ပျင်းတွဲ့တွဲ့ အသက်ရှင်ရပ်တည် နေ့ရက်များ
ငါ၏ဆန့်ကျင်ဘက်လိင်
ဆက်တင်ကိုအချိန်းမှာ ဒင်္ဂါးပြားတစ်ဖက်ဆီက ငါမမျှော်လင့်ခဲ့ဖူးသော သာယာလှပ နှင်းနွေဦး
ပစ်သာချလိုက်တော့ ငါချစ်သော ငါ့လက်နက်ကိုင်များးးးးးးးးးးးး။             ။
Tuesday, April 30, 2013
စစ်ကြီးပြီးတဲ့အခါ ( မောင်မြတ်သူ)
စစ်ပွဲတွေ အပြီးမှာ ငါတို့ ညီအစ်ကိုတွေ နိုက်ကလပ်မှာ ဆုံကြတယ်။
နိုက်ကလပ်ရဲ့ အ၀င်ဝမှာတင် ကျွန်တော်တို့ရဲ့ စစ်ပြန်ဟောင်းကြီးဟာ
ယူနီဖေါင်းအသစ်နဲ့ တာဝန်အသစ်နဲ့ ယဉ်ကျေးမှုအသစ်နဲ့ အလုပ်ဖြစ်တာကို မြင်ရတယ်။
နပ်စ်မလေး တစ်ယောက်လို အပြုအစု မျိုးကို ရှာဖွေဖို့ ငါတို့ နိုက်ကလပ်ကို ရောက်လာတာ
ဖြစ်တယ်လို့ ငါကပဲ မိန့်ခွန်းပြောလိုက်တယ်။
စားပွဲထိုးကို ဘော်ဒါကြေး အနည်းငယ်ပေးလိုက်တော့
ကောင်မလေးတွေ ငါတို့ ဆီ ရောက်လာတယ်။
အတူတူ တွဲကဖို့ ၊ အတူတူ တွဲလွတ်ဖို့ ၊ အတူတူ တွဲတွဲဖို့
စစ်လျော်ကြေးတွေထဲက ဘော်ဒါကြေးအနည်းငယ် ဝေမျှပြီးတဲ့နောက်မှာ
သူတို့အတွက် ဆန်ဖိုး၊ဆီဖိုး၊ဘော်ဒါဆောင်ဖိုး၊
ဆေးဖိုး၊ ၀ါးဖိုး၊ ချွေးဖို့ စသည်ဖြင့် အများကြီး အဆင်ပြေသွားတယ်လို့ ငါ့ကိုပြောတယ်။
ဗမာသံစဉ် ကိုရီးယားသီချင်းတွေနဲ့ တို့ရဲဘော်တွေ ပျော်ကြတယ်ဆိုရင်ပဲ
နိုက်ကလပ်ကြီးမှာ ယမ်းငွေ့တွေ ပြန်ရလာသလိုလို၊
ခေါင်းရမ်းပန်းတွေပဲ ပွင့်လာသလိုလို၊ မီးလောင်နေတဲ့ ရွာသင်းနံ့လေးတွေပဲ
Tuesday, December 25, 2012
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။ ( ရင်ခွင်ရှိန်း)
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိန်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
Friday, December 21, 2012
ဆေးလိပ်ဖြတ်ပေးမယ် ၊ ယုံကြည်မှုပိုက်လိုင်း ပြန်ပြင်ပေး| ကောက်ကွေ့
စကားတွေ ရှည်ရှည် ဝေးဝေး မပြောချင်ဘူး ၊ မင်းကို ငါတို့က “စ“ ဘာလုပ်မှာလဲ သေချာစဉ်းစား မှာ “ဆုံး“
ကျွန်တော်တို့ ညစာထမင်းဝိုင်း လူစုံတက်စုံ ယုံကြည်မှု တည်ဆောက်ရအောင်
ထမင်းဝိုင်းပြင်တာက “စ“ လက်ဖက်သုတ်တာ မှာ “ဆုံး“ ... ဆိုပါတော့
အပေါ်ထပ်ခြင်ဆေးခွေခွက်ထဲမှာ နည်းတဲ့ “ အသက် “တွေ မှမဟုတ်တာ/လား!
အပေါ်ထပ် ဟာ ဘိန်းခန်း ... အမလေး! ကိုက် ကို ခေါင်းသွားတာပဲ
ကိုယ့်အသက်ကိုယ်အရသာခံပြီးသောက်နေ အရသာလည်းသိနေ
အရသာသိလို့ခက်နေတာပါကလား ၊  နှုတ်ခမ်းထူထူကြီး
Wednesday, November 21, 2012
နောက်ဆုံး အိမ်မက်က မနေ့ တနေ့ ကလိုပဲ ဖြစ်ပျက်(အေးချမ်း)
စက်တင်ဘာလမှာ ၂၃ နှစ်ပြည့်သွားတဲ့ စိတ္တဇကဗျာဆရာတယောက်ဟာ သူရဲ့  ရူးသွပ်နေတဲ့ နေ့စဉ်ဘ၀မှတ်တမ်းတွေကို ချပြဖို့  မဖြစ်နိုင်တော့ဘူးလို့ ကျနော့်ကို ပြောခဲ့တယ် ။ သူနဲ့ နောက်ဆုံးတွေ့ တဲ့နေ့ ကပြောသွားတယ် ထင်တာပါပဲ ။ သေချာမမှတ်မိဘူး ။ ကဗျာဆရာတယောက်မှာ ရွေးချယ်ပိုင်ခွင့်မရှိ ၊ နောက်ဆုံး လိင်ဆက်ဆံခွင့်တောင် မရှိဘူး လို့ သူပြောသွားတယ် ။ ခင်ဗျားတို့ ကြားရရင် ရယ်မိမှာပဲ ။ သူ့ ကို ခွေးရူးတွေ ၀ိုင်းကိုက်တယ် ။ သူက ပြန်ကိုက်တယ် ။
သူလည်း ရယ်မိမှာပဲ ။ “ လူသေတွေရဲ့ အရေပြားဟာ အတူတူပဲ ” အဲ့စာအုပ်ဖတ်ပြီး သူငိုင်သွားတယ် ။
Monday, November 12, 2012
ခင်ဗျားတို့ အခုတီးခတ်လိုက်တဲ့ ဗုံသံတွေဟာ လတ်လတ်ဆတ်ဆတ် မရှိဘူးဖြစ်နေ။ မိုးကေခမ်း
ပြောပါတယ် ပြောပါတယ် ပြောကြပါတယ်။ ခင်ဗျားတို့ကျုပ်တို့ စကားပြောလေ့ကျင့်ရေးသင်တန်းနဲ့
စကားပြောလေ့ကျင့်ဖို့စာအုပ်နဲ့ စကားပြောလေ့ကျင့်မှုဆိုင်ရာ အသံသွင်းတိတ်ခွေ သို့မဟုတ် လေဆာဓာတ်ပြားနဲ့။
အင်္ဂလိုဆက်ဆွန်ပြဿနာနဲ့ ဘိုဟီးမီးယန်းဓာတ်စာနဲ့ ဟစ်စပန်းနစ်အဝတ်အစားနဲ့ မြန်မာ သို့မဟုတ် ဘားမား
လှေထိုးသားနဲ့ ဖင့်ဆောင့်ငိုမယ့် လှေစီးသူနဲ့။ ဒီမှာ ဒီမှာ ခင်ဗျားအိမ်တော်ထဲ အသက်ကိုမွေးမြူနေရ နှစ်ကာလတွေထဲ
ကျုပ်တို့လည်း ဣဿာမစ္ဆရိယကို အတုံးအတစ်လိုက် လူပါးဝဝ မွေးမြူ။ ထွက်လာတဲ့ အသံက ဘာတဲ့..
မင်း Onlineမှာ ကဗျာရေးတာ ဘာရလဲ..။ ဟုတ်ကဲ့ပါ.. ကျွန်တော်ဟာ မျက်နှာငယ်သူပါ၊
Thursday, November 8, 2012
သောကြာနဲ့ ကြသာပတေးပူးနေတော့ သောကြာကလည်းပူ၊ ကြာသာပတေးကလည်းပူသက်ငြိမ်သစ်
နံရံက ခေါင်းကို ပြေးပြေးဆောင့်နေတယ် သက်ငြိမ်ပန်းချီကားတစ်ချပ်၊ နားထင်မှာ အပေါက်တွေချည်းပ စေ့စေ့ကြည့်နေသမျှကိုယ့်ရန်သူ ကိုယ့်နောက်ကျောကိုထောက်ထားတဲ့ ဓားက ကိုယ့်လိပ်ပြာ ဘယ်လိုမှငြိမ်သက်ခြင်းမရှိ နံရံတစ်ခုနဲ့တစ်ခုကြားမှာ တွန့်လိန်လို့ ကိုယ့်ကိုလှောင်တယ် ဘယ်ထောင့်မှာ အသေတွယ်ကပ်ထားရမလဲ နေပူတယ်၊ မိုးရွာတယ်၊ စိတ္တဇနံရိုး ဆယ်ချောင်းကျိုးတယ်
“၀၀မစားရသေးပေမယ့် ဝေးဝေးနေလိုက်တော့မယ်။” (စိမ်းခက်စိုး)
သေတော့မသေချာဘူး
မူးနေတဲ့ ဒီဂျေတီးလုံးတွေလိုဘဲ
ခံတွင်းအပျက်နားမှာ ဇရက်က ဘာလို့တောင်ပံလာကြိုးတာလဲ
ကောင်းကောင်းမွန်မွန် မပြောချင်ပါဘူးဆိုမှ
ခေတ်ကြီးကို စင်ပေါ်တင်ပေးမိတယ်။
လမ်းလျောက်ရအောင်တဲ့
ငြိမ်းချမ်းမှုကို ကိုယ်ယုံတယ်
စကားလုံးတွေကိုတော့ မယုံတော့ဘူး။
မျှောဖူးခဲ့တဲ့ မီးဖောင်လေးလေ
လွတ်ငြိမ်းချမ်းသာခွင့်ကို အလင်းဆောင်ဖို့ပါ။
Monday, November 5, 2012
. မောနွေ
အဲဒီတောခွေးတွေ ပြည့်ကျပ်နေတဲ့ ပီယာနိုခလုတ်ရဲ့  အနားတဝိုက်မှာ အုံ့စိုင်းစိုင်းခြုံပုတ်တွေနဲ့ အမင်္ဂလာ လမ်းမပေါ်ကနေ
ဒီနှစ်ထဲ ထွေထွေထူးထူး ပြောင်းလဲတာမရှိပါဘူး
ကားပေါ်တက်ပြီး ထိုင်ခုံနေရာဦးရင်း လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့  ဆီလီကွန်ပါဝါ 4 ဂစ် မမ်မိုရီစတစ်ထဲ
နေဟာလည်း ပင်ပေါင်ဘောလုံးလို ဝင်တော့မယ့်ဆဲဆဲ လုံးဝိုင်းဝိုင်းစက်စက်
မင်း သောက်ရမယ့် ဆေးလုံးတွေ ငါဝယ်လာတယ်
အသစ်လျှောက်ရမယ့် မျှော်မှန်းလစာ ၁၅၀၀၀၀ိ/ ကျပ်လို့ ရေးထားတဲ့ ကိုယ်ရေးရာဇဝင်ပါတယ်
ငါ့ မမ်မိုရီစတစ်ထဲ မင့်အကြောင်းနဲ့
ငါ အားကျတဲ့ နိုင်ငံရေးသမား ဒီမီထရော့ဗ်နဲ့ ငါ့မှာ တူတာဆိုလို့
လူဖြစ်လာရခြင်းအတွက် ကျေးဇူးတရားအကြီးမားဆုံးဟာ တာဝန်မကျေခဲ့တဲ့ ကွန်ဒုံးတွေပါပဲ
မိဘနှစ်ပါးဟာ သား၊ သမီးနောင်ရေးအတွက် သံဝါသ ပြုနေချိန်ကတည်းက စဉ်းစားနေပြီလား
လူသားဖေ့ဘုတ်ခ်သုံးနေတဲ့အခါ ရယ်သံကြားလိုက်ရတဲ့ နောက်သဲ့သဲ့က ဇွန်ဘီတွေလို အဆင်မပြေမှုနဲ
အဲ့ဒီည မှာ ငါ့ ကြောင့် ငါတို့ အသိုက်အမြုံလေး ပျက်စီးသွားတယ် by Naymin Thurein
အရောင် တွေကင်းမဲ့ခဲ့ပေမဲ့
ဟင်းလင်ပြင် လေထုထဲမှာ
အနံ့ တွေ ဟာ တည်ရှိနေတယ်….
မိုက်ရိုင်းသူတို့ရဲ့နိဒါန်းမှာ
ငါဟာ ….အမှတ်စဉ် (၁)
ယုတ်မာခြင်းနယ်မြေသစ်ကို….
မှတ်ကျောက်တင် သုံးသပ်ကြည့်တော့
အလင်းတန်းများစွာဟာ
အတိမ်းအစောင်း တွေနဲ့ ပိတ်ဆို့....
အရုပ်ကြိုးပျက် ပျောက်ကွယ်ခြင်းနဲ့
လက်ပြနှုတ်ဆက်သွားတဲ့ဝိဥာဉ်တွေ…
သွေးစွန်းနေတဲ့ ဓားတစ်ချောင်း၊
နီမြန်းနေတဲ့ သွေးစက်၊သွေးကွက်တွေ
အတားအစီးမဲ့ပွင့်ထွက်ကျလာခြင်းနှင့်တကွ
ငါ့ရဲ့ဘေးနားကနေ တွန်းထိုး ဖြတ်လျှောက်သွားတယ်..
ငါ  လူစိတ်လေး နည်းနည်း ကင်းမဲ့ခဲ့တယ်..
အသိ စိတ်လေးတွေ များများ ပျောက်ရှ
မှားယွင်းသွားတဲ့ စိတ်ခံစားမှုအရ
“ဆွေမျိုး ..........မိဘ……….
ညီအစ်ကို၊မောင်နှမ”
သေသေချာချာ….ငါ…မသိလိုက်ရတော့
ကံကြမ္မာကိုပဲ  အပြစ်လို့ ပုံချလိုက်တယ်..
အသိတရားတွေ ပြန်ဝင်ခဲ့တဲ့အချိန်မှာ
ငါ ရဲ့ ဓားချက်များ စွာအောက်က
ညီတစ်ယောက်ဟာသွေးကွက်ထဲမှာ
အမေလဲသေ…အဖေလဲ ဆုံး…..
သေချာပါတယ်
နောင်တတွေကို ငါ တစ်သက်လုံးမုန်းနေပါ့မယ်
.......................................................                                                       လွန်ခဲ့တဲ့လေးရက်လောက် က ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုလေးတစ်ခုမှ
Sunday, November 4, 2012
ဒူးတင် ပေါင်တင် ပါတ်ဝန်းကျင် (မောင်မြတ်သူ)
မနေ့က လမ်းလျှောက်ထွက်ဖြစ်တယ်
မြို့လေးကို ပြန်ရောက်ရောက်ခြင်း ပထမဆုံး လမ်းလျှောက်ထွက်ခြင်း
ကျွန်မ ရဲ့ အိမ်လေးက မြို့လေးရဲ့ အပြင်ဘက်
ကြိုးတံတားကို လမ်းလျှောက်ရင် ငါးမိနစ်လောက်နဲ့
ရောက်တဲ့ နေရာ။
လွန်ခဲ့တဲ့
အသက် ဆယ့်လေးနှစ်မှာ
မြို့လေးကို စ ခွာရတာပဲ
အဖေ လိုက်ပို့ခဲ့တဲ့ နေရာမှာ
တိုက်ကြီးတွေ ရှိတယ် ကားကြီးတွေ ရှိတယ်
လူတွေ အရမ်းများတယ်
ရောက်ရောက်ခြင်း ပိုက်ဆံ ခုနှစ်သောင်း အဖေ့ကို ထုတ်ပေးတယ်
မန်နေတဲ့ ဂျာကြီးဆိုသူ ကြီး
ဒီလိုနဲ့
အစမ်းခန့် ဖြစ်မှန်း မသိ ဖြစ်လာ
အစမ်းခန့် ကာလဆိုတော့
အစမ်း ခံရ
ဟိုလို အစမ်းခံ ဒီလိုအစမ်း ခံနဲ့
Wednesday, October 31, 2012
တောအရက်ဆိုင်ကလေး(Bo Han)
ပုခုံးပြဲရင်ပြဲမယ် ဒူးကွဲရင်ကွဲမယ်
ဟေ့ ... အသိဥာဏ်ဘယ်တော့ မှမမွဲဘူး
ဒီရွာသား ဒီလယ်လုပ်တယ် ကိုယ့်ထမင်းကိုယ်စား -ီးမိုလို့  ဂျီးတော်နွားကျောင်းရမှာလား
အစိုးရတဲ့ ပြည်သူတွေကို ဖင်ချနေတာ
ဟိုခေတ်ကပေါ်တာ နောက်တော့လုပ်အားပေး ကိုယ်ထူကိုယ်ထ
အခုတော့
ဟို NGO အားကိုးရ ဒီ NGO အားကိုးရနဲ့
မင်းတို့မှာ ဘာများအစိုးရပါလိမ့်
ငါတို့ရွာကျောင်းကြီးဟာ လေးတန်းမအောင်တာကြာပြီ
ရွာဦးကျောင်း ဆွမ်းစားချိန် ခွေးတွေမအူနိုင်တာကြာပြီ
တောင်ပိုင်းက မိညိုလှတို့တစ်သိုက် နယ်စပ်ဘက်ဖာခံထွက်သွားတာကြာပြီ
ရွာထဲကဟာမတွေလည်း ဖရဲစိုက်တရုတ်က ဖရဲသီးလို ခွဲစားနေတာ ကြာပြီ
လူစင်စစ်တွေ ကန်ရေသောက်ပြီး မြက်ခြောက်စားနေရတာ ကြာပြီ
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား .....
ကိုယ်ရောင်ကိုယ်ဝါညနေ(၀ီရထက်နောင်)
မနက်လင်းလာတယ် ။ပုရွက်ပိုးစားခံထားရသလို ဘ၀အဓိပ္ပာယ်နဲ့နိုးလာတယ်။သိမ်ငယ်ဖို့လက်ကျန်နည်းနည်းကျန်နေသေးရင် ထပ်သိမ်ငယ်ပစ်လိုက်တယ်။ဒါဟာနေ့စဉ်ယူငင်သယ်ပိုးခံစားသုံးဆောင်နေကျ အရိုက်အရာ။လမ်းတွေပေါ်မှာ မြို့ပြရဲ့ ခုံးကျော်တံတားတွေပေါ်မှာ လူဟာလူလိုမနေနိုင်တဲ့စိတ်တွေက စိမ်းရွှေရောင်တောက်တောက် မြင်းရိုင်းတွေစီးပြီးလမ်းသလားနေတယ်။ခလုတ်တိုက်လဲကျသွားတယ်။စစ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ ရှုံးသွားတယ်။ဖြည်ထွက် ကန်ပြေးနေတဲ့ ကစဥ့်ကလျားတွေ၊အနုပညာဆိုတာလည်းဘာမှမဟုတ်ပါဘူးကွာဆိုတဲ့ဓားနဲ့ကိုယ့်ကိုယ်ကိုယ် ခုတ်ပိုင်းသတ်ဖြတ်နေတယ်။အပူချိန်နည်းနည်းပြင်းရင် ကိုယ်ဟာ
ဖော်ပြပါ INDEX အတိုင်း လရောင်သာခိုက်မှာ အမ်စတာဒမ်သို့ ရောက်ရှိ by Moe Kay Khamm on Wednesday, October 31, 2012 at 11:07pm · ဖော်ပြပါ INDEX အတိုင်း လရောင်သာခိုက်မှာ အမ်စတာဒမ်သို့ ရောက်ရှိ(မိုးကေခမ်း)
ကမ္ဘာကြီးရေ… ထလော့ သင့်အိပ်မက်တွေ ဆိုးတယ်  ကိုယ့်ထမင်းကိုယ်စားပြီး  ကြားရတဲ့အသံ ကျီးကန်းအာသံ  ကျွန်တော်တို့ဟာ  ချက်ကြိုးကို ဖြတ်ပြီး ကြယ်မစုံခဲ့ဘူး  ချမ်းသာခြင်းဟာ ခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်တယ်  ငါ ငယ်စဉ်က စပိန်ဂစ်တာတစ်လက်ကို ဆံပင်ဖြောင့်ဆိုင်က ထွက်လာတဲ့ ကောင်မလေးနဲ့ ခလုတ်တိုက်မိလို့ ငါတို့၏ ပရိယေသနများ အတည်လိုလို၊အဟုတ်လိုလိုနဲ့  အရိုးခေါင်းတီရှပ်နဲ့ လျှပ်စစ်ကြိုးတွေ ချည်နှောင်ထားတဲ့ သူ့လက်ရေးလက်သားနဲ့ ငါ့ကို မွေးပြီး နှစ်ပေါင်းငါးဆယ်အတွင်း အထပ်ထပ်မြင့်တက်သွားတဲ့ တိုက်ကြီးကြီးတွေကို လှမ်းမျှော်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု မှားယွင်းဖို့ရာ  ဇွန်လကို ငါတို့ပိုင်တယ်ထား ဒီနေ့  ဒီမှာ…ဒီမှာ…ဟိုမှာ…ဟိုမှာ  ပြတင်းတံခါးတွေ ဖွင့်လိုက်ပြီးတာနဲ့ မိုးစက်ကလေးပါပဲ… ဒီကဗျာ
Tuesday, October 30, 2012
ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်(ဆလိုင်းမာန်)
လူတွေတစ်ယောက်နဲ.တစ်ယောက်
ကြည့်ကြရင်ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်
တစ်မျိုးကြီးပဲ။
ဒါဘယ်လိုခံစားမူမျိုးလဲမရှင်းပြတတ်ဘူး။
ဘယ်အရာမဆိုအဝေးမှာရှိတာဖြစ်မယ်
တိမ်တွေတောင်ခပ်ဝေးဝေးမှာပဲလွင့်နေတယ်
အဲသလိုမြင်ရရင်ငါ့ရင်မှာတစ်မျိုးကြီးပဲ
လွမ်းလို့.....(မြ)
ကျောင်းတော်ကြိးကိုလွမ်းတယ်  တစ်ဖက်တစ်ချက်ဆီမှာ စိန်ပန်းနဲ့ငုဝါ ခင်း
လမ်းကလေးထက် နင်းသွားတဲ့  ဘီးလေးက စာသင်ခန်းဆီ သို့ 
ကျောက်သင်ပုန်းကြီးရှေ့  ခုံက ကိုယ့်နေရာ ငယ်ငယ်ကလို လု လုမိ
ချယ်လေးရဲ့ လက်ကိုကိုင် ကန်သုံးဆင့် တံတားထက် အပေါဆုံက လေ
ခေါက်တုန့်ခေါက်ပြန် သွားခဲ့တဲံ့  တောင်ပေါ်လမ်း အကြော်ဆိုင်လေး
လွမ်းတယ်  အမြှောက်ကြီး က အ၇င်အတိုင်းပဲလား
အတိုင်းသားမြင်နေရတဲ့  အ၀ိုင်းကြိးထိပ် ခဏ ခဏ ပတ်နင်း သူငယ်ချင်းေ၇.....
ပြိုင်စီးဖို့  ဘီးယူခဲ့
Golden cross  ကအကိုကြီးက လွှတ်သဘောကောင်း ဘာပဲလိုလို အကြွေးရ ဒိုင်ယာရီမှာ
စွယ်တော်ဦးမှာ ထိုင် တုပ်ခဲ့တဲ့အတင်းထဲ အဆောင်မှုးချယ်ကြိးက အားကြီးဆိုး
ခိုးခိုးပြီး ရေနွေးကျိုတိုင်း မိတယ်  တဆူဆူနဲ့ အချိန်မတော်ထ ထ လျှော်တဲ့ခေါင်း ကိုထု ချစ်ချယ်ကြီး
ရွေဘုံပေါ်မှာပျော်ပါ နေခြည်သီချင်းကြားတိုင်း မျက်ရည်လည်
ဂစ်တာတစ်လက်နဲံ့  လာတီးတိုင်း ရွေသံလွင်မှာပျော်ခိုင်းတဲ့ ဘော်ဘော်တွေ
မှတ်မှတ်ရရသွားခဲ့တဲ့ ညဈေး ပြောင်းပြန်စီးခဲ့ လမ်း ပေါ်
မိတ်ဆက်ဖူးပြီ စခန်းမှုကြီး လူကြီးသမီးယောင်ဆောင်တဲ့ ပိုး....
နင့်ကို အလွမ်းဆုံးပဲ..(ဒဏ်ကြေးဆောင်တဲ့စာရွက်ကြီးပွတ်ပွတ်ပြီး ဟီး ဟီး )
လာ..ဟာ အလွမ်းတွေသီရအောင် ၀ါသနာတူမို့
ကဗျာတွေတစ်ပိုဒ်ဆီရွတ် မီးရောင်မပါတဲ့ ညတွေထဲ
ဘေးခန်းက သရဲကြောက်တဲ့ အမကြီးကို စခဲ့တာလဲ လွမ်းတာပဲ
ရွေမောဌောဘုရားကအပြန် ဦးလေးကြီးကို ၀င် အဆစ်ရတဲ့ကျောက်ကျောတောင် အကြိးအသေးရွေး ပျော်ခဲ့
အငြင်းပွားစ၇ာ တွေ့ တိုင်းဝါးရုံစာပေထဲ သွားသွားမွှေ  ၀င်ခဲ့တဲ့ ယဉ်စွန်းတန်း
လိုင်ချီးတစ်ခွက် (၂၅၀)  နင်သွားတဲ့ တို့တွေ (ထမင်းတစ်ထုပ် ၅၀။ ဟင်းတစ်ပွဲ ၁၂၀)
ငံပြာရည်ဆီသတ်နဲ့  နယ်ခဲ့တဲ့ ညစာကမေ့မရ
အမှတ်ရဆုံးက စက်တော်ရာဘုရားမှာ ၀င်္ကပါထဲ ကျန်ခဲ့တဲ့ငါ
အော်ငိုသလိုနဲ့ အကျယ်ကြီးရယ်ခဲ့  ရေကြည်ဦးဘုရားသွားရင် အတွဲတွေကွဲသတဲ့..
သွားးခဲ့တာပဲ..တစ်ယောက်ခါးတစ်ယောက်ဖက် ခရေသုံးဆင့်မှာ ကစားခဲ့တာ
ကျားဘိုဆွဲရင်း ပြန်မလင်းကျွန်းကို ပတ်နင်းခဲ့
အမောဖြေ နေရာသစ်မှာ ထမင်းစား လက်ဖက်ထမင်းက တယ်ကောင်းနော်
နာရီစင်ရှေ့ အရောက် နင်ပြောခဲ့တာ
ဒီနာရီကြိးမရပ်သရွေ့  ခင်မင်မှုတွေ မရပ်ဘူး..
ငါ့ အတွေးက ရှည်လိုက်တာ ခုထိ အသစ်
ဘယ်တော့မှမဟောင်းမဲ့ ရုပ်ရှင်.....နော်......သူငယ်ချင်း....
လွမ်းလို့.........။           ။
မြ(၂၈.၆.၂၀၁၂)
Monday, October 29, 2012
မြဲမြဲမှတ်ထား ။ ငါ့ကို လွှတ်မချနဲ့ (အေးချမ်း)
ငါ့ကို လွှတ်မချနဲ့  ….။ ကြိုးကို တင်းကြပ်စွာ စီးထားပါ ။ဒီကဗျာမှာ ငါဟာ နေမကောင်းဘူးဆိုတာ နဲ့ စတယ် ။ ဆေးဝါးတွေ ရဲ့  Quality ညံ့ဖျင်းမှုကနေစ လည်ချောင်းထဲရေတခွက်ဝင်သွားပြီး ညရေးညတာ အိပ်မပျော်မှုတွေနဲ့  ကိုယ် ရနေတယ် ။ အဝေးကြီးဆိုတာတွေ ၊ နေ့စဉ်လောင်ကျွမ်းနေရတဲ့ မီးတွေ အပြင်မှာ ထိခိုက်ဒဏ်ရာတွေနဲ့  စိတ်ဓာတ်ကျစရာ အမှုအခင်းတွေထဲမှာ စိတ်ရဲ့ စွဲလန်းမှုတခုခု လိုအပ်နေတယ် …. ။လူတယောက်ရဲ့  ပင်ကို စိတ်ထားနူးညံ့သိမ်မွှေ့မှုတွေကို တိရစ္ဆာန်တွေ ၊ ကလေးတွေနဲ့  စိတ်ရောဂါသည်တွေက ပိုပြီးသိနားလည်တယ်။
တန်ဖိုးနည်း အိမ်ယာ(မောင်မိုးမြင့်)
တန်ဖိုးနည်း အိမ်ယာ
အရေးပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ တစ်နေ့ (မောနွေ)
မှောင်မဲနေတဲ့ အခန်းတစ်ခန်းထဲမှာ ဝင်ထိုင်မလို့ စတင်ကြိုးစားတယ်
ကိုယ်…ကိုယ်တိုင်ဟာ တံခါးတစ်ချပ်ဖြစ်သွားတဲ့အခါ ဒါဟာ ကံတရားက မာဂျင်နယ်လိုက်ဇ်လုပ်ကြံတာခံလိုက်ရသလို
စိတ်ကူးထဲ လောင်နေတဲ့ အလင်းမှာ ဘာအလင်းမှထပ်မလိုဘူး
စကြဝဠာရဲ့ ကယ်ရီကေးချားအပါအဝင် အလင်းနဲ့ရေးထားတဲ့ အရာအားလုံး
ချစ်ခြင်းမေတ္တာရဲ့ ဗျည်း၊ သရတွေအားလုံးဟာ အရောင်မရှိတဲ့အတွက် ဘယ်တော့မှ မထင်ဘူး။
လူ့အရေပြားပေါ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတံဆိပ်နဲ့ သစ်ပင်စိုက်လိုက်
Nihilist အယူအဆနဲ့ လူ့ဘ၀ကိုမမြင်ချင်
ခါးကိုဖက်ပြီး လမ်းလျှောက်သွားနေတဲ့ ကောင်လေးနဲ့ကောင်မလေးကို အရူးတစ်ကောင်က လိုက်ကြည့်
*လူတွေပြည့်ကျပ်နေတဲ့ အခန်းထဲမှာ ငါတစ်ယောက်တည်း အထီးကျန်နေတယ်*
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...