
ကျွန်တော်တို့ ညစာထမင်းဝိုင်း လူစုံတက်စုံ ယုံကြည်မှု တည်ဆောက်ရအောင်
ထမင်းဝိုင်းပြင်တာက “စ“ လက်ဖက်သုတ်တာ မှာ “ဆုံး“ ... ဆိုပါတော့
အပေါ်ထပ်ခြင်ဆေးခွေခွက်ထဲမှာ နည်းတဲ့ “ အသက် “တွေ မှမဟုတ်တာ/လား!
အပေါ်ထပ် ဟာ ဘိန်းခန်း ... အမလေး! ကိုက် ကို ခေါင်းသွားတာပဲ
ကိုယ့်အသက်ကိုယ်အရသာခံပြီးသောက်နေ အရသာလည်းသိနေ
အရသာသိလို့ခက်နေတာပါကလား ၊ နှုတ်ခမ်းထူထူကြီး
ဖြုတ်ထားလို့ရရင်သိပ်ကောင်းမှာပဲ
နားတွေ ဆေးလိပ်မသောက်တတ်ဖို့လိုမယ်
ဆေးလိပ်ဖြတ်ပေးမယ်
ကောင်လေး ... မီးမှိတ်အိပ်တော့
အောက် တစ်ထပ် လုံး ကြောင်/အိမ် ပါ အိပ်နေ
အခန်းတံခါးဝ မှာ ဦးသုံးကြိမ် အသံမထွက်အောင် ချထားခဲ့
ဘေးစကားတွေ ဒီအိမ်လေး ကို ဘာလို့ စိမ့်ဝင်လွယ်
ပိုက်ဆံစုပြီး နောက်ဖေး အိမ်သာကျွင်းပြန်ဖော်ပစ်မယ်
ဧည့်ခန်း မှာ ဘာလာချမလဲ စောင့်နေတဲ့ ဧည့်သည် တွေ အမျိုးတော်ရတာ
လမ်းပေါ် က ခွေးတို့ သကြားကပ်ပေါင်မုန့်လာစားကြ အင်္ဂါနေ့မို့ မင်းတို့ဒီလို “ဆွဲ“ ရ
လွေးကြ လွေးကြ အာရားပါရား
“ ပူစီ “ တစ်နေ့ ကျွေးနိုင်မှာပါကွာ
လေထိုးရုပ်တွေ လေးထိုး/ကျွတ်ဖာဆိုင်ပို့လိုက် လေထိုးပိုက်လည်း ၀ါရှာပြုန်းနေလေတော့
အဟင်း! မခက်ပေဘူးလား မသဒ္ဓါရင် မလှူဘူး လှူလိုက်ပါပြီတဲ့ ဒါန ဟာ ဒေါပုံ ကို ကားမှားစီး
နင် ဟာ ဘုန်းကြီးသရဲပဲ ဆရာတော့်ကို လျှောက်ကြည့်ဦးမှ
ဆရာတော့် ကို လျှောက် ကြည့်လိုက်ပါ
ရုပ်ရှင်ကြည့်ရင် ယုံကြည်မှု အခန်းပါရင် မရစ်ဘဲ ကြည့်ရအောင်
ဖြစ်စေချင်တာကို အင်္ဂတေကိုင်ထား
ဒီမှာတွေ့လား နှံပြည်စုတ်လက်သီး ကြာလာတော့ မခံချင်ဘူးဗျာ
ချွေးထွက်မှ အလုပ်ဆို ရူပဗေဒ သဘော ကို ဆန့်ကျင်ရာ ရောက်သကဲ့သို့
တတ်တာပေါ့ တတ်ပါတယ် ဒါပေမဲ့ အဟီး ဆရာ Certificate အဟီး မပါလို့
ကဒ်ထူပြားပေါ် တတ်မြောက်ကြောင်း သ၀ဏ်လွှာ/၀န်ခံစာ ရေးခဲ့
ဖတ်လို့ရတယ်မဟုတ်လား ?
အင်တာဗျူးတွေ ဟာ inner ကို မဗျူးနိုင်
Outer shell က အယုတ္တ အနတ္တ ထွက်တော့ နံမှန်းလူသိတယ်
အူများ မပုပ်တာ ဗိုက်ထဲ Camera ထည့်ပြီး ပြလိုက်ချင်သေးရဲ့ ကြည့်ကြ
ဘာလို့ အဖေတို့ အမေတို့ ဘေးစကား ကို အရေးတယူ လေထိုင်ပစ်
တော်ပါပြီ အိပ်တာပဲ ကောင်းတယ် အိပ်ချင်ယောင်ဆောင်တာပဲ ကောင်းတယ်
စာအုပ်တွေနာမည်ပျက်တာမင်းကြောင့် မှတ်ကရော ကျွန်တော် တတ်ကျမ်းမဖတ်ဘူး ဖေဖေ
ဦးလေး မိန်းမ ကြက်ဥ ဆို ဖောက်ကြော်ပစ်လိုက်ပြီ ပွတစိစိနဲ့
စကားတွေရှည်ရှည်ဝေးဝေး __________ မပြောချင်ဘူးနဲ့“စ“ရင်
(၂) နာရီ ကို အနည်း“ဆုံး“လို့မှတ်
လူကြီးမင်းလိုရင်း ကို ပြောပါ ခေါင်းညှိမ့် “ဟုတ်ကဲ့သံ“ နဲ့ ထွက်ကျလာ
မင်း က ဘုန်းကြီး သရဲ ပဲ ဟုတ်ကဲ့ အမေလည်း ပြောပါတယ်
ယုံကြည်မှုပိုက်လိုင်း ခေါင်းလဲကြရအောင် ဆေးလိပ်ဖြတ်ပေးမယ်
ကျန်တာ မလုပ်ခဲ့လို့ ဖြတ်စရာလည်းမရှိ/မလို
ဘ၀နှစ်ခု နေလို့မရဘူး ဘယ်သူပြောလဲ ?
ကဗျာ ကို မဆူပါနဲ့ အပြင်ထွက်ချိန်တွေ ထပ်ဖြတ်ပေးမယ် ၊ ဆေးလိပ်ရောပေါ့
အထင်ကိုမကြီးတာ အထင်တော့မသေးနဲ့ပေါ့
ထမင်း စားဖို့ ကဗျ(ာ) တာ မဟုတ်ဘူး
ကဗျ(ာ) ဖို့ ထမင်းစားတာ
အပေါ်ထပ်မှာ ဆေးသမား နေတာလား အစ်မတို့ အိမ်က
ဘေးအိမ်က မေးပြီ ကဲ မေးပြီ ကဲ ဖြေပြီ
ကန်တော့ပါသေးရဲ့ လူကြီးတွေ မရှိသေးလို့ ပြောလိုက်ပေါ့ မေမေ
ခင်ရာဟင်းကောင်း မြိန်ရာဆွေမျိုး ဖြည်းဖြည်းစကားမပြောတတ်တဲ့ ၀န်းကျင်
ဒီ ကမ္ဘာကြီးပေါ် ဘယ်တုန်းက အိမ်ပြောင်းလာတာလဲ ? အဖေ့ဘက်ကအဘွား
အကြောတွေပိတ်ပါများလာတော့ ပြောချင်တာတွေ ကြိတ်ပြောပစ်လိုက်တယ်
သူငယ်ချင်းအပေါင်းအသင်း ရွေးချယ်ခွင့်ပေးခဲ့လို့
တပည့်တော် ဘုရားဥပဒေ ဘောင် “ဗဟို“ အထိ ရောက်အောင် တိုးဝင်ခဲ့ပါ့မယ်
ဘုရားသခင်ကိုအကြီးကြီး ကျေးဇူးတင်တယ်
ကောင်လေး
မီးမှိတ်
ပုဒ်မတွင် လက်ကိုင်ဖုန်းလင်းလာ
*ဒီနေ့ဟာလည်း အရင်နေ့တွေလိုပဲထင်တယ်
ကျှ်တွင် တစ်ခန်းရပ်၏။
*ရင်ဘတ်ထဲကမနက်ဖြန် - လင်းလင်း
| ကောက်ကွေ့
No comments:
Post a Comment