Showing posts with label ၀ီရထက်နောင်. Show all posts
Showing posts with label ၀ီရထက်နောင်. Show all posts
Thursday, January 9, 2014
င့ါလက်နက်ကိုင်များ( ၀ီရထက်နောင်)
ချစ်မေတ္တာခေါင်းစီးနဲ့
ငါ့လက်နက်ကိုင်များဟာ မြင်မြင်ရာ
အချုပ်ခန်းသောံကို မမိတမီလှမ်းဆွဲနေတယ်
ကာလအားဖြင့် ညဉ့်သုံးယံစလုံးကျိုးနေတဲ့ငါဟာ လှမ်းဆွဲနေတယ်။
*ချစ်သူနှစ်ဦး အခန်းကျဉ်းလေးရဲ့အလယ်မှာ အနမ်းပေးဖို့ ကျည်ဆန်တွေပလူပျံနေတဲ့အထဲ လာလာ လာ
ငါရပ်နေသေးတယ် ခြေထောက်မရှိတော့ဘူး မြင်မြင်ရာ
မိသားစုဓာတ်ပုံဟာ နံရံမှာ ကျည်ပေါက်ရာတွေနဲ့
ဓာတ်ပုံအပြင်ဘက်မှာတော့ ငါ အသေလိုရပ်နေတယ် သွေးသံရဲရဲ
ဘာရယ်လို့မမြင်နိုင်တဲ့ မီးခိုးမှိုင်းထဲ ငါသေတော့မယ် အကြင်နာ။
စွန့်စားပါ ပညာဥာဏ်ရင့်ကျက်ပါ နေမ၀င်အင်ပါယာ စသော
နံရံက ဖတ်လို့ရသမျှ ကွက်တိကွက်ကျား စာသားတွေပါမကျန်ဘူး ငါ့လက်နက်ကိုင်များဟာ
မြင်မြင်ရာ၊
သောက်ရေးမပါတဲ့ ငါ့တစ်လောကလုံးရဲ့အရေးအသားတွေ နံရံနဲ့ကဗျာကို ဆုတ်ဖြဲလိုက်ကြ။
အေးလိုက်တာမေမေရယ် ဆိုတဲ့စာသား
သွေးပျက်ထိတ်လန့်ဖွယ့် Vamp ရယ်သံ လေးလေးကြီးတွေ
လူ့ဘ၀= beauty & the beast
မချန်ဘူး ခံစားတတ်တဲ့နှလုံးသားဆိုတာလားဘာလား အဲဒါလည်းမချန်ဘူး
သူတို့ဟာမြင်မြင်ရာ၊မမြင်နိုင်တဲ့ ငါ့မျက်လုံးများကိုပါထပ်မံလို့
အချုပ်ခန်းသော့ဟာ ပိုလို့ပိုလို့  ယူဇနာထောင်ချီဝေးသွားရဲ့ အကြင်နာ
သွေးရူးသွေးတန်းအမှောင်မှာ ငါ့လက်နက်ကိုင်တွေကြားထဲ
ငါမှေးမှိတ်သွားပေါ့ စပယ်ပန်းရောင်းသူလေးရယ်
အေးစက်ပျံဝဲနေတဲ့ အမှန်တကယ်သေဆုံးခြင်းဆိုတာတို့
ချစ်ခြင်းမေတ္တာအကြောင်း မရွံမရှာ တစ်ဘ၀လုံးပြောခဲ့တဲ့ ငါ့ပါးစပ် အသံထွက်အင်္ဂါ
နီကယ်ရောင်တောက်တောက် ငါ ရိုဘော့
ရော်ဘာလို ပျင်းတွဲ့တွဲ့ အသက်ရှင်ရပ်တည် နေ့ရက်များ
ငါ၏ဆန့်ကျင်ဘက်လိင်
ဆက်တင်ကိုအချိန်းမှာ ဒင်္ဂါးပြားတစ်ဖက်ဆီက ငါမမျှော်လင့်ခဲ့ဖူးသော သာယာလှပ နှင်းနွေဦး
ပစ်သာချလိုက်တော့ ငါချစ်သော ငါ့လက်နက်ကိုင်များးးးးးးးးးးးး။             ။
Sunday, November 18, 2012
လူအကြောင်း များ ရေးကြီးခွင်ကျယ်ပြောနေစရာလား ဒေတာဘတ်စ်ရယ် ၀ီရထက်နောင်
ကဗျာဆိုတာ မျက်မမြင်ရဲ့ကိုယ်တွေ့
ချစ်ခြင်းမေတ္တာဆိုတာ မစင် မကြင်နာသူဟာ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာရွှေနတ်သမီးအဖြစ်စိုးမိုးနေတာ
ကွဲသွားရင်အသစ်လဲလိုက် ၀ိုင်ယာရင်းပြန်လိုက် ရှေ့မီးနောက်မီးများ ထိန်နေအောင်လင်းလိုက်
သွေးကြော ဆီပိုက် စီးဆင်းလိုက် နာတာရှည်လိုက် လုပ်ကြံဖန်တီးမှုများ အဟွတ် အဟွတ် ၀မ်းသွားနေတဲ့ အိနြေ္ဒနဲ့
ဘ၀ပင်လုံးကျွတ်ရှုခင်း ပြန်သွားကြပြီ မျက်စေ့ပျက်မျက်နှာပျက် ကျေနပ်နေကြပြီ။
Wednesday, October 31, 2012
ကိုယ်ရောင်ကိုယ်ဝါညနေ(၀ီရထက်နောင်)
မနက်လင်းလာတယ် ။ပုရွက်ပိုးစားခံထားရသလို ဘ၀အဓိပ္ပာယ်နဲ့နိုးလာတယ်။သိမ်ငယ်ဖို့လက်ကျန်နည်းနည်းကျန်နေသေးရင် ထပ်သိမ်ငယ်ပစ်လိုက်တယ်။ဒါဟာနေ့စဉ်ယူငင်သယ်ပိုးခံစားသုံးဆောင်နေကျ အရိုက်အရာ။လမ်းတွေပေါ်မှာ မြို့ပြရဲ့ ခုံးကျော်တံတားတွေပေါ်မှာ လူဟာလူလိုမနေနိုင်တဲ့စိတ်တွေက စိမ်းရွှေရောင်တောက်တောက် မြင်းရိုင်းတွေစီးပြီးလမ်းသလားနေတယ်။ခလုတ်တိုက်လဲကျသွားတယ်။စစ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ ရှုံးသွားတယ်။ဖြည်ထွက် ကန်ပြေးနေတဲ့ ကစဥ့်ကလျားတွေ၊အနုပညာဆိုတာလည်းဘာမှမဟုတ်ပါဘူးကွာဆိုတဲ့ဓားနဲ့ကိုယ့်ကိုယ်ကိုယ် ခုတ်ပိုင်းသတ်ဖြတ်နေတယ်။အပူချိန်နည်းနည်းပြင်းရင် ကိုယ်ဟာ
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...