Sunday, November 18, 2012
လူအကြောင်း များ ရေးကြီးခွင်ကျယ်ပြောနေစရာလား ဒေတာဘတ်စ်ရယ် ၀ီရထက်နောင်
ကဗျာဆိုတာ မျက်မမြင်ရဲ့ကိုယ်တွေ့
ချစ်ခြင်းမေတ္တာဆိုတာ မစင် မကြင်နာသူဟာ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာရွှေနတ်သမီးအဖြစ်စိုးမိုးနေတာ
ကွဲသွားရင်အသစ်လဲလိုက် ၀ိုင်ယာရင်းပြန်လိုက် ရှေ့မီးနောက်မီးများ ထိန်နေအောင်လင်းလိုက်
သွေးကြော ဆီပိုက် စီးဆင်းလိုက် နာတာရှည်လိုက် လုပ်ကြံဖန်တီးမှုများ အဟွတ် အဟွတ် ၀မ်းသွားနေတဲ့ အိနြေ္ဒနဲ့
ဘ၀ပင်လုံးကျွတ်ရှုခင်း ပြန်သွားကြပြီ မျက်စေ့ပျက်မျက်နှာပျက် ကျေနပ်နေကြပြီ။
အခမ်းအနားကို အခွံများအတိုင်း အရပြင်ဆင် မိတ်ကပ်ထူထပ်ပစ်လိုက်တော့
ဒီစာသားတွေဟာလည်း ငါ့ရဲ့အညစ်အကြေးပဲ။ခုန်ချသွားတယ်၊နှုတ်ခမ်းနီဆိုးတယ်၊ဘော်ဒီလိုးရှင်းလူးတယ်၊ဈေးကွက်မြှင့်တင်ရင်း
ချစ်ခြင်းမကချစ်တယ်။
ဒီကနေ့ ဘိုင်နရီစနစ်နဲ့အတူတူနေတယ်။
မြစ်တားထားတဲ့ရင်လျားဟာ ပြေသွား အနားမှာ မြေခွေးဟာ သူ့သားကို အထပ်ထပ်မှာကြားနေတယ်။
ဘ၀မှာ ဘာမှမသိတာဟာ အသစ် သံသရာအထိကျေနပ်စွာသယ်ဆောင်သွားခွင့်ရနိုင်တဲ့ တောက်ပမှု မြေသြဇာ
အတုသီးများခွဲစားခွင့်ရတဲ့မနက်ဖြန်
ဘ၀င်ကျရဲ့လား  ဆိုးမှုကောင်းမှု ပျော်မှုနဲ့နာကျင်မှု ပြီးတော့ မဲအများဆုံးသိမ်းပိုက်တဲ့လူကြီး
ရော်ဘာတွေထဲ ငွေ့နေရင် မင်းဟာ အခြောက်ပဲ အကြင်နာ
ငါနေမကောင်းတဲ့နေ့က ပါဝါအော့ဖ်ဖို့ကို ဆယ့်ခြောက်မိနစ်တိတိလေးလံပြီး ဆက်တိုက်ကြေကွဲခြင်းဖြင့် နေကောင်းပစ်လိုက်တယ်။
မာခဲနေတာပဲ ရေ ရေခဲ လူခဲ ခံစားမှုအခဲ ကျေနပ်မှုအခဲ ဖျားနာမှုအခဲ ရေပေါ်ဆီအခဲ
Fun ကြွသွားပြီ ပူလောင်လူဆိုးလိုသေဆုံး
ကြော်ငြာတွေအားလုံးငါသိမ်းထားတယ် မေမေကအစ ကြော်ငြာတွေကိုငါသိမ်းထားတယ်
ငါ့ကဗျာကိုချစ်ပါ မြတ်နိုးပါ သုံးစွဲပါ အမြို့မြို့အနယ်နယ်တိုင်းမှာဝယ်လို့ရနိုင်တာ။
အရည်ကျိုဈေးကွက်ပျက်စီးတော့မယ့်အခြေအနေမှာ လူသားဟာ သံချေးတက်အိပ်စက်နေတယ်။
လိုက်ပါဟ လိုက်ပါဟ မင်းအစ်ကိုမင်းညီလေး မီရာစွဲ လျင်မြန်မှုဆီလိုက်ပါဟ
သေလိုက်ပါတော့ကွာ ငါ့ဖြင့်အင်ဂျင်အွိုင်းငတ်လိုက်တာ ။အချစ်ကိုငတ်လိုက်တာ
အပြာရောင်ကြယ်ကလေးနဲ့ လယ်ကွင်းပြင် ၀ါဝါများကိုလွမ်းလိုက်တာ။ရည်းစားဦးကိုလွမ်းလိုက်တာ။
နှလုံးသားနဲ့မသင်္ကာရတာကိုလွမ်းလိုက်တာ ။ငါ့ကိုယ်ငါလွမ်းလိုက်တာ။ ဂျောက်.....။
No comments:
Post a Comment
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...