Sunday, November 18, 2012

မှား/မှန်ဆိုတာမသိတော့တဲ့ကာလထဲ ပုံရိပ်တွေအခါခါသေဆုံးနေတယ်။ မိုးသစ်လေပြည်


ပိုင်ရှင်နဲ့အခါအခါလွဲချော်နေရတဲ့ လက်စွပ်ကလေးဟာ မြေပြင်ပေါ်မှာ ရှိနေနိုင်တယ်။
အတင်း လုပ်ယူ၍ ရ/မရ ဂစ်တာတစ်လက်ရဲ့ မျက်တောင် အဖွင့်အပိတ်ကနေ
Blue House ဆီကိုသွားတဲ့ ဖိနပ်သံတွေဟာ မီးရောင်တွေလို ရောယှက်
ဖျတ်ခနဲ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် ပိုင်ရှင်နဲ့ အခါခါလွဲချော်နေရတဲ့ လက်စွပ်ကလေး
ဟာ မြေပြင်ပေါ်ကို ရောက်ရှိနေပြီ။ အရိုးအူတိုင်တွေထဲ အငွေ့အသက်တွေ ရင့်ကျက်လာတာနဲ့

အမျှ အတွေ့အကြုံတိုင်းဟာ အကြောင်း တရားနဲ့ အကျိုးတရားနဲ့ ဒိုးပြား ဆွဲရာကတဲ့ မျက်နှာပေးနဲ့။
မှားယွင်းနေဆဲမျိုးပွား သီအိုရီအရ ပိုင်ရှင်နဲ့ အခါခါလွဲချော်နေတဲ့ လက်စွပ်ကလေးဟာ
မြေပြင်ပေါ်မှာ ရှိနေတုန်းပဲ။ မလွတ်ထွက်နိုင်ဘူး။
မရုန်းကြွနိုင်ဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကိုယ့်ကိုယ်ကိုယ်တပ်ဆင်ဖို့ ကြိုးစားနေမိတာပဲ။
ဦးဏှောက်အသေကနေ အချက်အလက်အသေတွေ ပြန်ပြန်ထုတ်ပေးနေတယ်။
သူပဲ။ငါပဲ။ မွဲပြီးရင်း မွဲ။ ရွဲပြီးရင်းရွဲ။ ကြံခိုင်မှုမပြည့်တဲ့ အကြည့်တွေကနေတစ်ဆင့် အက်ဆစ်မိုးတွေ
ချလိုက်စမ်းပါ။ ကြုံဖူးတယ်မလား။
တံခါးပိတ်လိုက်ပြီးတော့မှ ကိုယ်ခန္ဓာဟာ အပြင်ဘက် ကျန်ခဲ့တယ်ဆိုတဲ့ အဖြစ်မျိုး။
သေချာပါတယ်။ ပိုင်ရှင်နဲ့အခါခါလွဲချော်နေရတဲ့လက်စွပ်ကလေးဟာ မြေပြင်ပေါ်မှာ ထာဝရလဲလျောင်းနေမယ့်ပုံ။

  • မိုးသစ်လေပြည်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...