Showing posts with label (မာဃသစ္စာ). Show all posts
Showing posts with label (မာဃသစ္စာ). Show all posts

Thursday, November 1, 2012

မျက်နှာ အဖြူတစ်ခြမ်း အနက်တစ်ခြမ်း နဲ့ ငါတို့တွေ . . .(မာဃသစ္စာ)


( ၁ )

အနီရောင်တောက်တောက် မှာ အမောက်ထောင်လာတဲ့မြို့
လူအင်အားစိုက်မှ လေးဘီလုံးသွား ယန္တယားပေါ တဲ့ မြို့
နိုင်ငံတကာ လှည့်လာတဲ့ လူတစ်ယောက်က
ဒီဒေသမှာ ဘာပေါသလဲ မေးသတဲ့
မြို့ခံလူက လူလည်နဲ့ခွေးချေးပေါတယ်လို့ ဖြေတယ် . . .

တကယ့်ဘ၀ စစ်စစ်တွေက ညစ်ညစ်ထေးထေး
ကိုယ်ကာယ နဲ့ ပုခုန်းတင် ပုဆိုးစုတ်လေး သုံးပြီးငွေရှာ
ရလာတဲ့ ကုန်ထမ်းခတွေကို
အရက်ဆိုင်မှာ အရည်ဖျော်ပစ်
အိမ်လခ ပေးပြီး အရည်ဖျော်ပစ်
သားသမီးအများကြီးဆီမှာ အရည်ဖျော်ပစ်
ဆိပ်ကမ်းက မိန်းမပျက်တွေဆီမှာ ပျော်ဝင်ပစ်
ရီရယ်လစ်ဇင် ရီးရဲလ် လိုက်ဖ်

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...