Showing posts with label တည်တံ့. Show all posts
Showing posts with label တည်တံ့. Show all posts

Tuesday, April 1, 2014

တစ်ခုခုဖြစ်လာတော့မလား တွေးမိတိုင်း တစ်ခုခုဖြစ်ပြီးသွားဖို့ကို မျှော်လင့်တယ်


March 25, 2014 at 3:25pm




တစ်ခုခုဖြစ်လာတော့မလား တွေးမိတိုင်း တစ်ခုခုဖြစ်ပြီးသွားဖို့ကို မျှော်လင့်တယ်

အသွေးအသားထဲ ဇမ်မဲလ်ဗိုက်စ်အာနိသင်ဆန်ဆန်

ပိုးမွှားတွေ

Friday, April 19, 2013

လွန်းဆက်နိုးမြတ်၏ “လာပါပြီ ဗမာပြည်လူမှုလိင်တစ်ပုဒ်”ကို ချဉ်းကပ်ခြင်း - (တည်တံ့)


မှတ်မှတ်ရရ ကဗျာဝေဖန်ရေးမိတ်ဆက်နဲ့စတင်ရင်းနှီးပြီးဒီစာပေအမျိုးအစားကို နှစ်လိုသဘောတွေ့တဲ့ခံစားမှုမျိုး ရခဲ့တာ (ဆရာ)အောင်ခင်မြင့်ကြောင့်ပဲ။ဆယ်တန်းအောင်ပြီးစအချိန် ဘာရည်ရွယ်ချက်မှတိတိပပမပါဘဲ စာပေအမျိုးအစားစုံအောင် လက်လှမ်းမီသမျှရှာဖွေမြည်းစမ်းတဲ့ကာလမှာ သူ့ရဲ့ကဗျာလေ့လာချက်ဆောင်းပါးတွေကို နှစ်နှစ်ခြိုက်ခြိုက်စွဲဖတ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ပိုပြီးကျယ်ပြန့်အောင် ချဲ့ထွင်ရှာဖွေလာဖြစ်ခဲ့တာကဇော်ဇော်အောင်၊ မင်းခက်ရဲ၊ သူရနီ စသဖြင့် .. ။ ရှာရင်းဖတ်ရင်းပဲ ဝေဖန်ရေးစာပေအမျိုးအစားဟာအရေအတွက်အားဖြင့်ရော အရည်အသွေးအားဖြင့်ပါ ကျဲပါးတာကိုလည်း သတိပြုမိတယ်။ ဆောင်းပါးတစ်ပုဒ်ချင်းအနေနဲ့သာအတွေ့ရများပြီး တစ်စုတစ်စည်းထဲ တွေ့ရလေ့မရှိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် စိုင်းဝင်းမြင့်ကဗျာပေါင်းချုပ်ထဲကမောင်သာနိုး၊ အောင်ခင်မြင့်၊ မိုးဝေးနဲ့ မောင်ယုပိုင်ရဲ့လက်ရာကောင်းတွေလို အမှာစာကဏ္ဍထဲမှာပေါ်လာတတ်လာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာ အွန်လိုင်းကဗျာလောကပိုကျယ်ပြန့်လာတာနဲ့အမျှ လိုင်းပေါ်မှာဆိုရင်လည်း ကဗျာရေးသူတွေများလာသလို တစ်ဖက်က ကဗျာဝေဖန်ရေးဘက်မှာမောင်ချာလီ၊ မောင်တီးတို့လို ကဗျာဝေဖန်ရေးသမားတွေရှိလာပြီး သူ့တို့လက်ရာတွေကို ကဗျာဆရာတွေနဲ့ကဗျာပရိသတ်တွေ လေးစားအသိအမှတ်ပြုလာရပြီ။
အရင်ကတော့ ကဗျာနဲ့ ကဗျာလေ့လာချဉ်းကပ်တဲ့ ဝေဖန်ရေးဆောင်းပါးပုံစံကိုသဘောကျနှစ်သက်ပြီး စွဲမြဲဖတ်ရှုတာကလွဲလို့ ကျွန်တော်နဲ့မသက်ဆိုင်တဲ့အရာလို့ပဲ ခံယူထားခဲ့တာ။ကျွန်တော်ဟာ ကဗျာဆရာမဟုတ်၊ ဝေဖန်ရေးသမားလည်း မဟုတ်တဲ့အတွက် ကျွန်တော့်တာဝန်က ဖတ်ရှုရုံသက်သက်ပဲ။ပရင့်မီဒီယာပေါ်မှာဖြစ်စေ အွန်လိုင်းမှာဖြစ်စေ ကဗျာဆရာတွေဟာ ကဗျာရေးသားခြင်းအမှု ဆက်လက်ပြုလုပ်နေကြမှာဖြစ်သလို ဝေဖန်ရေးသမားတွေဘက်ကလည်း သူတို့တာဝန်အတိုင်း လေ့လာချက်ဆောင်းပါးတွေ ဆက်လက်ရေးသားဖို့ကြိုးစားနေမှာပါ။စာဖတ်သူတစ်ဦးအနေနဲ့ ကျွန်တော့်တာဝန်က ဒါတွေကို လက်လှမ်းမီသလောက် ဖတ်ရှုဖို့သက်သက်ပဲ။

သို့သော် လွန်းဆက်နိုးမြတ်ရဲ့“လာပါပြီ ဗမာပြည် လူမှုလိင်တစ်ပုဒ်” ကဗျာ/ကဗျာအရေးအသားကို ဖတ်ပြီးချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ်ဒီကဗျာရဲ့အတွင်းသားနဲ့ အခြားကွယ်မြှုပ်ထားတဲ့အစိတ်အပိုင်းတွေအထိ ဆက်လက်တူးဆွကြည့်လိုစိတ်ပေါ်လာတယ်။ ကဗျာဟာ ဖတ်သူနေရာကကျွန်တော့်ကို ထင်မှတ်မထားတဲ့ ရှော့ခ်တစ်ခုနဲ့ရိုက်ခတ်လိုက်တယ်။ကျွန်တော်ဟာ ဖတ်ရှု၊ အနက်ပြန်၊ ဆွဲဆန့်တွေးတော၊ ပြီးတော့ နှစ်သက်သဘောကျ/မကျ ဆုံးဖြတ်စတဲ့ လုပ်ရိုးလုပ်စဉ်အစီအစဉ်အတိုင်း ဒီကဗျာကို ချဉ်းကပ်ရုံနဲ့ မလုံလောက်တော့ဘူး။ ကဗျာနဲ့ပတ်သက်ပြီးပြောစရာရှိလာတယ်၊ ပြောချင်တာတွေရှိလာတယ်လို့ ခံစားရတယ်။ ဒီအတွက် ကဗျာနဲ့စပ်လျဉ်းပြီးတစ်စုံတရာထုတ်ဖော်ရေးသားရတော့မယ်။ ကိုယ့်အတွေးအမြင်နဲ့ ချဉ်းကပ်ပုံကို ထည့်ဝင်ပြရတော့မယ်။နောက်ပြီး လှိုက်ခနဲပြုတ်ကျသွားခဲ့တဲ့ ကဗျာတွင်းနက်ထဲမှာ ဘာတွေကိုများဖမ်းဆုပ်ရယူနိုင်မလဲဆိုတာပင်လယ်ဓားပြတစ်ယောက်ရဲ့လောဘမျိုးနဲ့ ရှာဖွေရတော့မယ်။
…………………………………………………………………………………………………………………......

တစ်ခါတုန်းက အသိအကျွမ်းကဗျာဆရာတစ်ယောက်ကသူ့ကဗျာတစ်ပိုဒ်ကို ဘယ်လိုအနက်ပြန်သလဲ ဝေဖန်ပေးပါလို့ ပြောတယ်။ ကျွန်တော် ပြုံးပြီးငြင်းပယ်ခဲ့ဖူးတယ်။ ကျွန်တော့်အတွက်ကတော့ ကဗျာတစ်ပုဒ် စတင်သန္ဓေတည်ချိန်မှာ ကဗျာဟာ ရေးသူနဲ့သက်ဆိုင်တယ်။

Tuesday, February 19, 2013

လေ ထဲ မှာ ၀ဲ (တည်တံ့ (G.B.K))




တောင်တက်တောင်ဆင်းလမ်းဟာ စောစောနက ရွာထားခဲ့တဲ့မိုးရေကြောင့် စိုစွတ်ပြောင်လက်ပြီး အနက်ရောင်မြွေတစ်ကောင် ငြိမ်သက်လဲလျောင်းနေသလိုမျိုးပဲ။ သူ့ရဲ့ကျောပြင်ပေါ်က မျက်နှာပြင်မညီတဲ့အရိုးအငေါအဆစ်တွေကြောင့် ငွေမင်ရောင်စကူတာဆိုင်ကယ်လေးက အလိုရှိသလောက် တရိပ်ရိပ်မပြေးနိုင်တာတောင် တဝေါဝေါနဲ့ဝင်ရိုက်တဲ့လေတိုးသံတွေကြားနေရလို့ အရှိန်မသေးဘူးဆိုတာ သိနိုင်တယ်။ နီနာရဲ့ဆံနွယ်ရှည်တွေက တစ်ချက်တစ်ချက် နှာခေါင်းဝဆီ လူးလွန့်တိုးဝှေ့လာတယ်။ ကျွန်တော်သိပ်ကြိုက်တယ်ပြောခဲ့ဖူးတဲ့ သင်းပျံ့ပျံ့ရနံ့တစ်ခုရဲ့ စွဲမက်ဖွယ်ဖြားယောင်းမှုနဲ့အတူပေါ့။ ဒါပေမယ့် ဆိုင်ကယ်ထိုင်ခုံရဲ့ဘေးတစ်ဖက်တစ်ချက်စီက လက်ကိုင်တန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားရလို့ ရင်ခုန်ဖို့အတွေးတွေ ခဏဖျောက်ထားရတယ်။ ရောက်နေတာက နေသားတကျမရှိလှတဲ့ ပုံစံတစ်ခုမဟုတ်လား။ ကျွန်တော့်ခန္ဓာကိုယ် တောင့်တောင့်မတ်မတ်ဖြစ်နေတာကို သတိထားမိသွားတဲ့ နီနာက ရယ်ပြီး သူ့ကိုဖက်ထားပါလားလို့ ပြောတယ်။ ဒါဟာ သိပ်တော့ကောင်းတဲ့အကြံမဟုတ်ဘူး။ ကျွန်တော်ပြန်ရယ်ပြပြီး (သူမမြင်ရမှန်းသိပေမယ့်) ခေါင်းခါလိုက်တယ်။ မတ်စောက်တဲ့တောင်ဆင်းနောက်တစ်နေရာကိုရောက်တော့ ပြောသလို လုပ်လိုက်ခဲ့ဖို့ကောင်းတယ်လို့ တွေးမိပြန်ရော။

ကမ်းခြေလမ်းထဲကိုချိုးကွေ့လာတော့ ညနေခင်းနေရောင်က လမ်းတစ်လျှောက်ကို ပြန်လည်ဖြန့်ကျက်အုပ်မိုးစပြုနေပြီ။ ကဗျာဆရာတစ်ယောက်သာရှိရင် ရွှေခြည်တွေအနားကွပ်ဘောင်သတ်ထားတဲ့

Tuesday, January 29, 2013

အမျိုးသမီးအခွင့်အရေးနဲ့ တန်းတူညီမျှမှု __တည်တံ့(G.B.K) ---







 မေ့ထားလို့မရတဲ့အချက်က စစ်အေးခေတ်လွန် ကမ္ဘာကြီးကိုယ်တိုင်က အိုင်ဒီယိုလိုဂျီကိုးကွယ်မှုကို စွန့်ပစ်ဖို့ ခြေလှမ်း ကြဲလာနေခြင်းပဲ။ ပါရာဒိုင်းတွေရဲ့ရွေ့လျားမှုလားရာဟာ စံနှုန်းနဲ့ ယဉ်ကျေးမှုအဟောင်းတွေကို တစစ ဖြိုဖျက်တိုက်ချဖို့ ဦးတည်နေတယ်။ အချို့က အနောက်ပုံစံယူခြင်းလို့ ခပ်လွယ်လွယ်နာမည်တပ်ကြပေမယ့် သိမှုအမြင်သစ်တွေနဲ့ စံနှုန်းတွေ ဆင့်ကဲပြောင်းလဲလာဖို့ အခြားအကြောင်းအချက်တွေကလည်း အခွင့်အရေးပေးနေတာဖြစ်တယ်။ တော်ဖလာရဲ့ တတိယလှိုင်း၊ အနာဂတ်သွေးလန့်မှုပြဿနာတို့နဲ့ ရင်းနှီးပြီးသူတွေကတော့ ဒီဆိုလိုရင်းကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နိုင်မယ်။ အလွယ်အားဖြင့် ခေတ်ရဲ့တောင်းဆိုမှုလို့ ခြုံငုံအနက်ပြန်နိုင်တယ်။ ဘရွတ်ခ်လာမ်မာက သူ့ရဲ့ဆောင်းပါး “The Kids Are Not All Right” မှာ တရုတ်မျိုးဆက်လူငယ်တွေရဲ့ အတိတ်နဲ့အဆက်ပြတ်မှုအပေါ် သုံးသပ်ထားပြတယ်။ ဥက္ကဌမော်ရဲ့ စာအုပ်နီလေးများဟာ ယနေ့ခေတ် လူငယ်တွေအပေါ် သြဇာလွှမ်းမိုးသက်ရောက်မှု မရှိတော့သလို လိုလည်းမလိုအပ်တော့တဲ့ အခြေအနေမျိုးပဲ။ ဂျပန်ဟာလည်း လတ်တလောနှစ်များမှာ လူငယ်မျိုးဆက်များအကြား

Sunday, January 27, 2013

အာပလာဆရာရွှီးနှင့် စကားစမြည်___တည်တံ့ (G.B.K)



"ဆရာ .. ဆရာ"
ကျွန်ုပ်သည် အိမ်ရှေ့လှေကားရင်းမှ အော်ခေါ်သံကြောင့် တချောက်ချောက်ရိုက်လက်စ စာတစ်ပုဒ်ကို လက်စသတ်ရင်း ကွန်ပြူတာရှေ့မှ ထလာခဲ့ရသည်။ တံခါးဝမှာရပ်နေသော ခပ်ရွယ်ရွယ်လူငယ်တစ်ယောက်သည် ကျွန်ုပ်ကို မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးရွှဲကြီးများဖြင့် စူးစိုက်ကြည့်လျက်ရှိသည်။

- "ဆရာအာပလာရွှီးလားမသိဘူးခင်ဗျား"
- "အိန်း ကျွန်ုပ်ပဲကွဲ့။ ကဲ ဆိုပါဦး လာရင်းကိစ္စ"
- "ကျွန်တော်က xxxမဂ္ဂဇင်းတိုက်ကပါ။ ဆရာနဲ့ချိန်းဆိုထားတဲ့အင်တာဗျူးအတွက် တိုက်ကလွှတ်လိုက်လို့ပါ"

ထိုအခါကျမှ ကျွန်ုပ်လည်းသတိရမိသွားသည်။ ယမန်နေ့က မဂ္ဂဇင်းတိုက်တစ်ခုမှဖုန်းဆက်၍ အင်တာဗျူးလက်ခံပေးပါရန် တိုးလျှိုးတောင်းပန်ခဲ့၏။ အောင်မြင်ကျော်ကြားလူကြိုက်များလှသည့် ကျွန်ုပ်လိုစာရေးဆရာအကျော်အမော်အဖို့ လူသိ များပြီးဖြစ်သည့်အတွက် သေးဖွဲလှသည့်

Sunday, December 2, 2012

ဒီလိုပါပဲ နာဒီယာ၊ တစ်ခါတစ်ခါ ဘ၀ဟာ အသားမပါဆားမပါ တည်တံ့ (G.B.K)




ဒီလိုပါပဲ နာဒီယာ .. ။
မှတ်တမ်းမှတ်ရာတစ်ချို့ ကျန်ကောင်းကျန်ဦးမှာပေါ့။ ခေါင်းထဲမှာတော့ တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲလို့။  ဖန်ခွက်ထိခတ်သံတွေ၊ ဂီတသံတွေ၊ တီးတိုးစကားသံတွေ၊ အရေပြားချင်း ထိတွေ့ဆော့ကစားသံတွေနဲ့ မနေ့ညကအကြောင်းတွေ မပြောကြနဲ့စို့လား။ နီထွေးလှပတဲ့မင်းရဲ့နှုတ်ခမ်းနှစ်လွှာပေါ်မှာ လက်ညှိုးတစ်ချောင်း ကန့်လန့်ဖြတ်တင်လို့ အမူအရာနဲ့တားချင်တားမယ်။ မျက်လုံးတစ်ဖက် မှိတ်ပြချင်ပြမယ်။ ပူနွေးဆဲအတိတ်တွေကို အအေးခန်းထဲ ထိုးသိပ်ထည့်လိုက်ပြီး ဆလိုက်မီးရောင်ကို လက်ရှိကာလအပိုင်းအခြားတစ်ခုပေါ် ရွှေ့ပြောင်းလိုက်တယ်။ မနက်နိုးလာချိန်တုန်းက တစ်ထောင်တန်ဘယ်နှစ်ရွက် မင်းရဲ့လက်ကိုင်အိတ်ထဲမှာ ရှာတွေ့ခဲ့သလဲ။ သုံးရွက်လား လေးရွက်လား။ ဒီလိုပါပဲ နာဒီယာ၊ လူကြီးမင်းဟာ ထုံးစံအတိုင်း အိပ်ယာထနောက်ကျနေတယ်။
ရေချိုးခန်းထဲက မင်းပြန်ထွက်လာချိန်အထိ၊ တစ်ညလုံးမေ့လျော့နေခဲ့တဲ့ ကေဘဲလ်တီဗီကို

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...