Showing posts with label ကဗျာဆောင်းပါး. Show all posts
Showing posts with label ကဗျာဆောင်းပါး. Show all posts

Friday, April 19, 2013

လွန်းဆက်နိုးမြတ်၏ “လာပါပြီ ဗမာပြည်လူမှုလိင်တစ်ပုဒ်”ကို ချဉ်းကပ်ခြင်း - (တည်တံ့)


မှတ်မှတ်ရရ ကဗျာဝေဖန်ရေးမိတ်ဆက်နဲ့စတင်ရင်းနှီးပြီးဒီစာပေအမျိုးအစားကို နှစ်လိုသဘောတွေ့တဲ့ခံစားမှုမျိုး ရခဲ့တာ (ဆရာ)အောင်ခင်မြင့်ကြောင့်ပဲ။ဆယ်တန်းအောင်ပြီးစအချိန် ဘာရည်ရွယ်ချက်မှတိတိပပမပါဘဲ စာပေအမျိုးအစားစုံအောင် လက်လှမ်းမီသမျှရှာဖွေမြည်းစမ်းတဲ့ကာလမှာ သူ့ရဲ့ကဗျာလေ့လာချက်ဆောင်းပါးတွေကို နှစ်နှစ်ခြိုက်ခြိုက်စွဲဖတ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ပိုပြီးကျယ်ပြန့်အောင် ချဲ့ထွင်ရှာဖွေလာဖြစ်ခဲ့တာကဇော်ဇော်အောင်၊ မင်းခက်ရဲ၊ သူရနီ စသဖြင့် .. ။ ရှာရင်းဖတ်ရင်းပဲ ဝေဖန်ရေးစာပေအမျိုးအစားဟာအရေအတွက်အားဖြင့်ရော အရည်အသွေးအားဖြင့်ပါ ကျဲပါးတာကိုလည်း သတိပြုမိတယ်။ ဆောင်းပါးတစ်ပုဒ်ချင်းအနေနဲ့သာအတွေ့ရများပြီး တစ်စုတစ်စည်းထဲ တွေ့ရလေ့မရှိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် စိုင်းဝင်းမြင့်ကဗျာပေါင်းချုပ်ထဲကမောင်သာနိုး၊ အောင်ခင်မြင့်၊ မိုးဝေးနဲ့ မောင်ယုပိုင်ရဲ့လက်ရာကောင်းတွေလို အမှာစာကဏ္ဍထဲမှာပေါ်လာတတ်လာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာ အွန်လိုင်းကဗျာလောကပိုကျယ်ပြန့်လာတာနဲ့အမျှ လိုင်းပေါ်မှာဆိုရင်လည်း ကဗျာရေးသူတွေများလာသလို တစ်ဖက်က ကဗျာဝေဖန်ရေးဘက်မှာမောင်ချာလီ၊ မောင်တီးတို့လို ကဗျာဝေဖန်ရေးသမားတွေရှိလာပြီး သူ့တို့လက်ရာတွေကို ကဗျာဆရာတွေနဲ့ကဗျာပရိသတ်တွေ လေးစားအသိအမှတ်ပြုလာရပြီ။
အရင်ကတော့ ကဗျာနဲ့ ကဗျာလေ့လာချဉ်းကပ်တဲ့ ဝေဖန်ရေးဆောင်းပါးပုံစံကိုသဘောကျနှစ်သက်ပြီး စွဲမြဲဖတ်ရှုတာကလွဲလို့ ကျွန်တော်နဲ့မသက်ဆိုင်တဲ့အရာလို့ပဲ ခံယူထားခဲ့တာ။ကျွန်တော်ဟာ ကဗျာဆရာမဟုတ်၊ ဝေဖန်ရေးသမားလည်း မဟုတ်တဲ့အတွက် ကျွန်တော့်တာဝန်က ဖတ်ရှုရုံသက်သက်ပဲ။ပရင့်မီဒီယာပေါ်မှာဖြစ်စေ အွန်လိုင်းမှာဖြစ်စေ ကဗျာဆရာတွေဟာ ကဗျာရေးသားခြင်းအမှု ဆက်လက်ပြုလုပ်နေကြမှာဖြစ်သလို ဝေဖန်ရေးသမားတွေဘက်ကလည်း သူတို့တာဝန်အတိုင်း လေ့လာချက်ဆောင်းပါးတွေ ဆက်လက်ရေးသားဖို့ကြိုးစားနေမှာပါ။စာဖတ်သူတစ်ဦးအနေနဲ့ ကျွန်တော့်တာဝန်က ဒါတွေကို လက်လှမ်းမီသလောက် ဖတ်ရှုဖို့သက်သက်ပဲ။

သို့သော် လွန်းဆက်နိုးမြတ်ရဲ့“လာပါပြီ ဗမာပြည် လူမှုလိင်တစ်ပုဒ်” ကဗျာ/ကဗျာအရေးအသားကို ဖတ်ပြီးချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ်ဒီကဗျာရဲ့အတွင်းသားနဲ့ အခြားကွယ်မြှုပ်ထားတဲ့အစိတ်အပိုင်းတွေအထိ ဆက်လက်တူးဆွကြည့်လိုစိတ်ပေါ်လာတယ်။ ကဗျာဟာ ဖတ်သူနေရာကကျွန်တော့်ကို ထင်မှတ်မထားတဲ့ ရှော့ခ်တစ်ခုနဲ့ရိုက်ခတ်လိုက်တယ်။ကျွန်တော်ဟာ ဖတ်ရှု၊ အနက်ပြန်၊ ဆွဲဆန့်တွေးတော၊ ပြီးတော့ နှစ်သက်သဘောကျ/မကျ ဆုံးဖြတ်စတဲ့ လုပ်ရိုးလုပ်စဉ်အစီအစဉ်အတိုင်း ဒီကဗျာကို ချဉ်းကပ်ရုံနဲ့ မလုံလောက်တော့ဘူး။ ကဗျာနဲ့ပတ်သက်ပြီးပြောစရာရှိလာတယ်၊ ပြောချင်တာတွေရှိလာတယ်လို့ ခံစားရတယ်။ ဒီအတွက် ကဗျာနဲ့စပ်လျဉ်းပြီးတစ်စုံတရာထုတ်ဖော်ရေးသားရတော့မယ်။ ကိုယ့်အတွေးအမြင်နဲ့ ချဉ်းကပ်ပုံကို ထည့်ဝင်ပြရတော့မယ်။နောက်ပြီး လှိုက်ခနဲပြုတ်ကျသွားခဲ့တဲ့ ကဗျာတွင်းနက်ထဲမှာ ဘာတွေကိုများဖမ်းဆုပ်ရယူနိုင်မလဲဆိုတာပင်လယ်ဓားပြတစ်ယောက်ရဲ့လောဘမျိုးနဲ့ ရှာဖွေရတော့မယ်။
…………………………………………………………………………………………………………………......

တစ်ခါတုန်းက အသိအကျွမ်းကဗျာဆရာတစ်ယောက်ကသူ့ကဗျာတစ်ပိုဒ်ကို ဘယ်လိုအနက်ပြန်သလဲ ဝေဖန်ပေးပါလို့ ပြောတယ်။ ကျွန်တော် ပြုံးပြီးငြင်းပယ်ခဲ့ဖူးတယ်။ ကျွန်တော့်အတွက်ကတော့ ကဗျာတစ်ပုဒ် စတင်သန္ဓေတည်ချိန်မှာ ကဗျာဟာ ရေးသူနဲ့သက်ဆိုင်တယ်။

Saturday, February 23, 2013

"ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ယနေ့ မြန်မာကဗျာဆိုင်ရာ ပြဿနာ"

မောင်ဒေး

http://minkhingmyal.blogspot.com/2012_07_06_archive.html

မှ ကူးယူဖေါ်ပြသည်။


ဟိုတလောက ရန်ကုန်ကလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဘန်ကောက်မှာ ဆုံဖြစ်တယ်။ တကယ်တော့ အဲ့ဒီကျမှ မိတ်ဆွေဖြစ်ကြတာ။ အရင်က မဆုံဖူးဘူး။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ သူနဲ့ စကားစမြည် ပြောရင်း ခင်သွားတာ။ သူက ကျွန်တော့ ကဗျာတွေကို ဖတ်ဖူးကြောင်းပြောပြီး  စာအုပ်အသစ် ထွက်ဖို့ရှိသလားလို့မေးပါတယ်။စာအုပ်ထုတ်ဖို့ ကြိုးစားနေကြောင်း ကျွန်တော်က ပြောတော့ LP တွေပဲလားလို့ သူက ထပ်မေးတယ်။ ကျွန်တော် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ ဒီနောက်ပိုင်း ရေးဖြစ်တာတွေပါ လို့ ပြန်ဖြေလိုက်တယ်။
     ဒါ ပထမဆုံး အတွေ့အကြုံတော့မဟုတ်ပါဘူး။ အရင်ကလည်း ကျွန်တော့်ကဗျာကို LP နဲ့တွဲပြီး ပြေတာ ကြားဖူးတယ်။ ဘာ့ကြောင့်အဲသလိုပြောနိုင် ကောက်ချက်ချနိုင်သလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားမိတယ်။ အခုဒီ စာတမ်းကို ရေးဖို့ ကြိုးစားခဲ့တာကလည်း ကနေ့မြန်မာကဗျာရဲ့ ပြဿနာ လို့ ကျွန်တော်မြင်တဲ့ တချို့ အကြောင်းအရာလေးတွေ ဆွေးနွေးကြည့်ချင်လို့ပါ။

Tuesday, January 29, 2013

ရီ ယ ယ် လ စ် ဇ င် အ က်ေ ဆး နှ င့် နီ ယိုေ မာ် ဒန် အ က်ေ ဆး (အောင်ရင်ငြိမ်း)


( နိဒါန်း )

ခေတ်ပြိုင် မြန်မာစာပေလောကမှာ တည်ရှိနေတဲ့ Essay ( စာတမ်းငယ် ) စာပေအရေးအသားတွေကို အကြမ်းဖျဉ်း အုပ်စုခွဲမယ်ဆိုရင် သရုပ်မှန်စာတမ်းငယ်( Realism Essay ) နဲ့ မော်ဒန်- နီယိုမော်ဒန် အက်ဆေး ( Modern & Neomodern Essay ) ဆိုပြီး အုပ်စုနှစ်စု ခွဲခြားနိုင်ပါတယ်။

ရီယယ်လစ်ဇင်အက်ဆေး ( သရုပ်မှန်စာတမ်းငယ်) တွေဟာ ၁၅၈၀ ပြည့်နှစ်မှာ ပြင်သစ်စာရေးဆရာ မွန်တိန်း ( Michael de Montaigne ) ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Essais စာအုပ်ပါ အရေးအသား/ အယူအဆတွေနဲ့ အင်္ဂလိပ်ဒသနိကနဲ့ သိပ္ပံပညာရှင် စာရေးဆရာ ဖရန့်စစ်ဘေကွန်( Francis Bacon ) ရဲ့ ၁၅၉၇ ခုနှစ်ထုတ် Essays- Counsel Civil and Moral အရေးအသား အယူအဆတွေအပေါ် အခြေခံရေးသားထားတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုး ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ စာရေးဆရာ ကြည်နိုင်၊ ကိုတာ၊ မောင်ရင့်မာ( ကျောင်းကုန်း )၊ မြေလတ်မောင်မြင့်သူ၊ မင်းချမ်းမွန်တို့ ရေးသားနေကြတဲ့ ရီယယ်လစ်ဇင်အက်ဆေးလက်ရာတွေဟာ ပြင်သစ်နဲ့ အင်္ဂလန်က ၁၆ရာစု သရုပ်မှန်စာတမ်းငယ် စာပေအယူအဆတွေကို အမွေဆက်ခံထားတဲ့ အရေးအသားပုံစံမျိုးတွေ ဖြစ်ပါတယ်။

Wednesday, November 21, 2012

CYBER WORLD # ကဗျာ/ အနုပညာ မရှိတဲ့ ဂြိုဟ်က ဂြိုဟ်သားတစ်ယောက်ရဲ့ ကဗျာ အသိအမြင်ေ အာ င် ရ င် ငြိ မ်း


(နိဒါန်း)

                   " ကျွန်တော်က ခင်ဗျားတို့ နေစကြ၀ဠာရဲ့ အပြင်ဘက် အလင်းနှစ် ၅.၆ သန်း အကွာအဝေးမှာ ရှိတဲ့ Cyber World ဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတစ်ယောက်ပါ။ ကျွန်တော့်နာမည် Neo#1 AYN 17061973 လို့ ခေါ်ပါတယ်။ ကျွန်တော် လူသားကမ္ဘာကို ရောက်လာတော့ ခင်ဗျားတို့ ရန်ကုန်က လူတွေဟာ " ကဗျာဆိုတာ ဘာပဲ ညာပဲ " ဆိုပြီး ပြသနာမဟုတ်တာကို ပြသနာလုပ်ပြီး ရေးကြီးခွင်ကျယ် ဆွေးနွေးနေတာ သတိပြုမိတယ်။ ကျွန်တော်တို့ ဂြိုဟ်မှာတော့ ကဗျာဆိုတာ မရှိ၊ ခင်ဗျားတို့ဆီက ပေါ့ပ်အင်တာဗျူးတွေမှာ Celebrities တွေလျှာအရိုးမရှိတိုင်း လျှောက်ပြောနေကြတဲ့ အနုပညာဆိုတာလည်း မရှိ။ ကျွန်တော်ဟာ ကဗျာနဲ့ အနုပညာ မရှိတဲ့ ဂြိုဟ်တစ်ခုဆီကနေ ခင်ဗျားတို့ လူသားကမ္ဘာဆီ အလည်ရောက်လာတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပါတယ် "

Tuesday, October 30, 2012

အမေရိကားရောက် အီရတ်ကဗျာဆရာမ Dunya Mikhail(ဟံလင်း)


 by Fyodor HanLynn on Saturday, October 27, 2012 at 7:53pm

Baghdad မှာမွေးဖွားခဲ့တဲ့ Dunya Mikhail ( 1965-    ) ဟာ Iraqi-American
ကဗျာဆရာမတစ်ဦးဖြစ်ပါတယ် ။ သူမဟာ Arabic ဘာသာစကားနဲ့စာအုပ် ၅ အုပ်
( The Psalms of Absence နဲ့ Almost Music တို့ပါဝင် ) ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ် ။
English ဘာသာစကားနဲ့ ပြန်ဆိုဖြန့်ချိခဲ့တဲ့ ပထမစာအုပ် The War Works Hard
( New Directions ၊ NY ၊ 2005 ) ဟာ PEN Translation Award ( Elizabeth Winslow ဘာသာပြန် )
ကိုရရှိခဲ့ပြီး Griffin Prize (2006) အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အပြင် New York Public Library ရဲ့
အမှတ်ရစရာ၂၅အုပ် ( 2005 ) စာရင်းထဲထည့်သွင်းခံခဲ့ရပါတယ် ။ အဆိုပါစာအုပ်ကို Elena Chiti က
Italian လိုပြန်ဆိုပြီးဖြန့်ချိခဲ့ပါသေးတယ် ( Edizioni San Marco dei Giustiniani ၊ Rome ၊ 2011 ) ။

နီယိုမော်ဒန် နောက်ခံ အယူအဆနဲ့ သွင်ပြင်လက္ခဏာ တချို့(အောင်ရင်ငြိမ်း)


by Aung Yin Nyein on Friday, August 3, 2012 at 6:58pm ·
နွယ်နီ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ဖူးတဲ့ နီယိုမော်ဒန် ဆောင်းပါးတစ်ပုဒ်ပါ။ CodeShift က အွန်လိုင်းပေါ်မှာ ရှာတွေ့လို့ ကျွန်တော့်ဆီ ပို့ပေးပါတယ်။ မူရင်းဆောင်းပါးကို စာပြန်စီထားတဲ့ အရေးအသား ဖြစ်ပုံရပါတယ်။ စာလုံးပေါင်းအမှားနဲ့ စာကျန်နေတာ တချို့ တွေ့ရပါတယ်။

နီယိုမော်ဒန်
   Inbox
    Neo Invisibility
Sat, Jun 18, 2011 at 12:10 PM To: "Aung Yin Nyein , Ko ( Main )"
Reply | Reply to all | Forward | Print | Delete | Show original

နီယိုမော်ဒန်နဲ့ပတ်သက်ပြီး လူငယ်ကဗျာဆရာတချို့ဆီက မေးခွန်းတွေထွက်လာတာကြုံရပါတယ်။ နီယိုမော်ဒန်ဆိုတာ အနာဂတ်အတွက်ကဗျာလား။ နီယိုမော်ဒန်ဆိုတာကို စကားလုံးဝေါဟာရအနေနဲ့ပဲ ယူတာဆိုတော့ သူတို့ဆီက နီယိုမော်ဒန်နဲ့မတူဘူး လား။

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...