ကိုယ့်ဘေးနားမှာ အသံကျယ်ကျယ်နဲ့  တခုခုထမြည်သလို ငါတို့ ဟာတယောက်ကို တယောက် အလန့် တကြား လှမ်းကြည့်ခဲ့ကြတယ် ။
လူ့ ဘ၀မှာ အသက်ရှင်စရာ ဘာလို့ မျှော်လင့်နေတာလဲ ။
ကိုယ်ဟာ အတ္တသက်သက်နဲ့  နောက်ဆက်တွဲနေ့ ရက်တွေကို ဆွဲဆန့် နေတာပဲ ။
စိတ်ထွက်ပေါက်မရှိတာ မဟုတ်ဘူး ။ စိတ်ထွက်ပေါက်ဟာ သေသွားတာ ။
ဒီလိုနဲ့  ငါတို့ တွေ တဆစ်ဆစ်နာကျင်နေခဲ့ရတာပေါ့ ။
တရက်တရက် ငါတို့ ရလိုက်တဲ့ စိတ်ရောဂါတွေ ။ Social Website တွေက တဆင့်ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ ။
မနက်ဖြန်တွေဟာ နောင်တရဖို့  အသက်ဆက်ရှင်နေထိုင်ခြင်း ။
ကိုယ် ချစ်ခြင်းမေတ္တာကို အရှိတရားထက်ပိုပြီးလိုအပ်တယ် ။
ဆန့် ကျင်ဘက်လိင်ကို စိတ်ရောကိုယ်ပါ မစဉ်းစားခဲ့ဖူးဘူး ။
Showing posts with label အေးချမ်း. Show all posts
Showing posts with label အေးချမ်း. Show all posts
Friday, January 10, 2014
Tuesday, February 19, 2013
(Google မှာ 2013 ဟာ နာကျင်မှု အမှတ်အသားအေးချမ်း)
မအိပ်ခဲ့သော ညပေါင်းများစွာဖြင့် ရောက်ရှိနေသော မနက်ခင်းပေါင်းများစွာကိုဆိုလိုဟန်ရှိတယ် ။
စိတ်တွေ Reset ချလိုက်ပြီ ။ နောက်ဆုံးအကြွင်းအကျန်ဟာ လိပ်ပြာလေးတွေ ပျံသန်းသွားခြင်းပဲ … ။
လူတွေဟာ အရှက် နဲ့  အကြောက်ကို အကြောင်းပြုပြီး Social – Communication ကြီးကို တည်ဆောက်ကြတယ် …
ပိုက်ဆံအိတ်ထဲက ပိုက်ဆံလက်ကျန်ဟာ ကိုယ့်ကို ခဏခဏ ဖွင့်ကြည့်တယ် ။ ဇစ်ဟာ ခဏခဏ ဆွဲဖြုတ်ခံခဲ့ရ..။
စစ် နဲ့  ငြိမ်းချမ်းရေးဟာ တယောက်ကို တယောက်ချစ်သမျှ တယောက်ကို တယောက် မုန်းနေကြ.. ။
Friday, December 7, 2012
အစိမ်းသက်သက် ဖြစ်စေတယ် မင်းကိုယ့်ကိုယ်မမြင်နိုင်ဘူး (အေးချမ်း …. ။ မှုးသစ်…..။)
စိတ်ဓာတ်တွေဟာ တစုံတယောက်ရဲ့ အရိပ်အာဝါသကနေကင်းလွတ်ငြိမ်းချမ်းနေမယ်ဆိုရင်
ဒီကမ္ဘာလောကကြီးကို ကျေးဇူးတင်ပါတယ် ကိုယ်ပေးနိုင်တာထက် ဘယ်သူတွေဘာများပိုလိုချင်ခဲ့ကြလဲ
ခွဲခွာရမယ်ဆိုတဲ့ စကား မရှိရင် ကောင်းမယ် * ညီငယ်တယောက်ရဲ့ စကားသံ
အဲ့အသံမှာ ကိုယ်ဟာ ဘ၀မရှိတဲ့အလင်းမဲ့ကောင် အဲ့လိုမျိုး နက်ရှိုင်းမှုကိုယ်ရတယ် အမှောင်တွေ တစိမ်းဆန်လာတယ် ၊
အဲ့တစိမ်းဆန်မှုထဲ တိုးဝင်သွားရတယ် ကိုယ့်ကိုယ်ကိုယ် ပြန်ပေးကြည့်ချင်တယ် တစုံတစ်ခုကနေလွတ်ကင်းခွင့်ရနိုင်မလား
ချစ်ခြင်းထက် မေတ္တာက ပိုအရေးပါသလို အဲ့မေတ္တာက သွားတော့ ဆိုတဲ့အသိမျိုးပေးတယ် ၊
အဲ့အသိဟာ စိတ္တဇအသိ ၊ လိင်ကိစ္စထက် ၊ နိုင်ငံရေးကိစ္စထက် ၊ သမီးရည်းစားကိစ္စထက် ၊
ပညာရေးကိစ္စထက် ၊ သဘာဝစိမ်းလန်းစိုပြေရေးကိစ္စထက် ၊ ထသွားထလာ
Wednesday, November 21, 2012
နောက်ဆုံး အိမ်မက်က မနေ့ တနေ့ ကလိုပဲ ဖြစ်ပျက်(အေးချမ်း)
စက်တင်ဘာလမှာ ၂၃ နှစ်ပြည့်သွားတဲ့ စိတ္တဇကဗျာဆရာတယောက်ဟာ သူရဲ့  ရူးသွပ်နေတဲ့ နေ့စဉ်ဘ၀မှတ်တမ်းတွေကို ချပြဖို့  မဖြစ်နိုင်တော့ဘူးလို့ ကျနော့်ကို ပြောခဲ့တယ် ။ သူနဲ့ နောက်ဆုံးတွေ့ တဲ့နေ့ ကပြောသွားတယ် ထင်တာပါပဲ ။ သေချာမမှတ်မိဘူး ။ ကဗျာဆရာတယောက်မှာ ရွေးချယ်ပိုင်ခွင့်မရှိ ၊ နောက်ဆုံး လိင်ဆက်ဆံခွင့်တောင် မရှိဘူး လို့ သူပြောသွားတယ် ။ ခင်ဗျားတို့ ကြားရရင် ရယ်မိမှာပဲ ။ သူ့ ကို ခွေးရူးတွေ ၀ိုင်းကိုက်တယ် ။ သူက ပြန်ကိုက်တယ် ။
သူလည်း ရယ်မိမှာပဲ ။ “ လူသေတွေရဲ့ အရေပြားဟာ အတူတူပဲ ” အဲ့စာအုပ်ဖတ်ပြီး သူငိုင်သွားတယ် ။
Monday, November 19, 2012
ကိုယ်ဟာ လူသေလို နေတယ် ။___အေးချမ်း
၂၀၁၂ မှာ ငါ မသိဘူးဆိုတဲ့စကားနောက်မှာ ငါတို့ မသိဘူးဆိုတဲ့ စကားက ကပ်ပါလာတယ်…
ကိုယ်ဟာ လူသေလိုနေတယ် ဘာဖြစ်လို့ စိတ်ကို လာဆက်ဆံနေလဲ ကိုယ်မသိ ။
မင်းတို့ နောက်ကျောတွေ ခဏခဏ အသားနီလန်တာ ငါတို့ ခဏခဏ မြင်နေရ...
ဆပ်ပြာပူဖေါင်းလိုမျိုး ဟန်ဆောင်ထားသော ငြိမ်းချမ်းရေး အသွင်အပြင်ကို သူတို့ လိုချင်နေကြပုံပဲ ။
ငါ့အမြင်မှာတော့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ ။
ဘယ်တော့မှ စိတ်မချ ရုပ်ရှင်ဇာတ်ကားကို ငါရိုက်တယ် ။အဲ့ကားမှာ လုံခြုံမှု ပလတ်ကျွတ်သွားတယ် ။

Monday, October 29, 2012
မြဲမြဲမှတ်ထား ။ ငါ့ကို လွှတ်မချနဲ့ (အေးချမ်း)
ငါ့ကို လွှတ်မချနဲ့  ….။ ကြိုးကို တင်းကြပ်စွာ စီးထားပါ ။ဒီကဗျာမှာ
ငါဟာ နေမကောင်းဘူးဆိုတာ နဲ့ စတယ် ။ ဆေးဝါးတွေ ရဲ့  Quality
ညံ့ဖျင်းမှုကနေစ လည်ချောင်းထဲရေတခွက်ဝင်သွားပြီး ညရေးညတာ အိပ်မပျော်မှုတွေနဲ
့ ကိုယ် ရနေတယ် ။ အဝေးကြီးဆိုတာတွေ ၊ နေ့စဉ်လောင်ကျွမ်းနေရတဲ့ မီးတွေ
အပြင်မှာ ထိခိုက်ဒဏ်ရာတွေနဲ့  စိတ်ဓာတ်ကျစရာ အမှုအခင်းတွေထဲမှာ စိတ်ရဲ
့စွဲလန်းမှုတခုခု လိုအပ်နေတယ် …. ။လူတယောက်ရဲ့  ပင်ကို စိတ်ထားနူးညံ့သိမ်မွှေ့မှုတွေကို တိရစ္ဆာန်တွေ ၊ ကလေးတွေနဲ့  စိတ်ရောဂါသည်တွေက ပိုပြီးသိနားလည်တယ်။
ခင်ဗျားဟာ လက်ဗီးဂတ်ကို မသွားခင် ခင်ဗျားဟာ လက်ဗီးဂက်ကို မသွားတာ ကံကောင်းပါတယ်(အေးချမ်း
လက်ကလွှတ်ချလိုက်တဲ့ ဖုန်းစကားပြောစက် ၊ ကြိုးတန်းလန်းနဲ့ အသံတွေ တန်းလန်းနဲ့ ….။
လူတယောက်ကို မြင်ရုံနဲ့ ၀မ်းနည်းခြင်း ၊ ကြောက်ရွံ့ ခြင်း ၊ နာကျင်နေခြင်းတွေနဲ့ … ၊ ထရော်မာ ။
အိပ်ပျော်ပါတယ် အခန်းထဲမှာ ပြန့် ကျဲနေတဲ့ အိပ်ဆေးလုံးလေးတွေ ။
ပျော်ရွင်ခြင်းမနက် ၊ ညကြားထဲက အဆင်ပြေခြင်းတွေဟာ ကိုယ့် profile မှာ ရှိတယ်
ရုတ်တရက် ပြေးထွက်သွားတဲ့ စိတ်အာရုံတွေမှာ မိတ်ကပ်တွေ မပါဘူး
ဖန်ကွဲစတချို့ နဲ့ ကြမ်းပြင်ဟာ ပကတိငြိမ်သက်လျှက် ။ အနုပညာဟာ နောက်မီးလင်းတယ် ၊ ဖေါက်ပြန်ရေး project /
အနုပညာဟာ အနုပညာမဟုတ်တော့နဲ့ နောက်ပိုင်း မှာ ကိုယ်တွေ ဘာရလဲ ။ ဘာတွေ ပေးခဲ့ရလဲ ။
လူတွေဟာ ပျော်ရွင်မှုပါတီတွေမှာ ပြီးခဲ့နှစ်တွေရဲ့ ရုပ်ရှင်လက်မှတ်တွေကို လွှင့်ပစ်ကြတယ်
အထီးကျန်ဆန်နေခြင်းဟာ ပါရာဆီတမောသောက်လို့ ပျောက်သွားတဲ့ အဖြစ်အပျက် ။
ကိုယ်ပြောချင်တာ ပြီးအောင် နားထောင်ပြီးမှာ ကိုယ့်ကို ပြန်အော်ပါ ။
ခင်ဗျားရဲ့ လူမှုရေးအသိဥာဏ်က 1 GB or 2 GB or 4 GB or8 GB or …. Etc ..
ကိုယ်တိုင်ပါဝင်ပတ်သတ်နေတာ ပြစ်မှုဆိုင်ရာမှုခင်းမဟုတ် ။
မီဒီယာက လက်နက်တွေအားလုံးရဲ့ ရှေ့ ပြေးလူသက်လက်နက် ။ ။
လူ့ ဘ၀ရုပ်ရှင်ကား ပြနေတယ် ။ အရောင်မျိုးစုံ စိတ်ေ၇ာဂါတွေကြားထဲမှာ ဘာသာရေးဆန့် ကျင်ရေးစားသားတွေနဲ့ 

Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...