Monday, October 29, 2012

ခင်ဗျားဟာ လက်ဗီးဂတ်ကို မသွားခင် ခင်ဗျားဟာ လက်ဗီးဂက်ကို မသွားတာ ကံကောင်းပါတယ်(အေးချမ်း


လက်ကလွှတ်ချလိုက်တဲ့ ဖုန်းစကားပြောစက် ၊ ကြိုးတန်းလန်းနဲ့ အသံတွေ တန်းလန်းနဲ့ ….။

လူတယောက်ကို မြင်ရုံနဲ့ ၀မ်းနည်းခြင်း ၊ ကြောက်ရွံ့ ခြင်း ၊ နာကျင်နေခြင်းတွေနဲ့ … ၊ ထရော်မာ ။
အိပ်ပျော်ပါတယ် အခန်းထဲမှာ ပြန့် ကျဲနေတဲ့ အိပ်ဆေးလုံးလေးတွေ ။
ပျော်ရွင်ခြင်းမနက် ၊ ညကြားထဲက အဆင်ပြေခြင်းတွေဟာ ကိုယ့် profile မှာ ရှိတယ်
ရုတ်တရက် ပြေးထွက်သွားတဲ့ စိတ်အာရုံတွေမှာ မိတ်ကပ်တွေ မပါဘူး
ဖန်ကွဲစတချို့ နဲ့ ကြမ်းပြင်ဟာ ပကတိငြိမ်သက်လျှက် ။ အနုပညာဟာ နောက်မီးလင်းတယ် ၊ ဖေါက်ပြန်ရေး project /
အနုပညာဟာ အနုပညာမဟုတ်တော့နဲ့ နောက်ပိုင်း မှာ ကိုယ်တွေ ဘာရလဲ ။ ဘာတွေ ပေးခဲ့ရလဲ ။
လူတွေဟာ ပျော်ရွင်မှုပါတီတွေမှာ ပြီးခဲ့နှစ်တွေရဲ့ ရုပ်ရှင်လက်မှတ်တွေကို လွှင့်ပစ်ကြတယ်
အထီးကျန်ဆန်နေခြင်းဟာ ပါရာဆီတမောသောက်လို့ ပျောက်သွားတဲ့ အဖြစ်အပျက် ။
ကိုယ်ပြောချင်တာ ပြီးအောင် နားထောင်ပြီးမှာ ကိုယ့်ကို ပြန်အော်ပါ ။
ခင်ဗျားရဲ့ လူမှုရေးအသိဥာဏ်က 1 GB or 2 GB or 4 GB or8 GB or …. Etc ..
ကိုယ်တိုင်ပါဝင်ပတ်သတ်နေတာ ပြစ်မှုဆိုင်ရာမှုခင်းမဟုတ် ။
မီဒီယာက လက်နက်တွေအားလုံးရဲ့ ရှေ့ ပြေးလူသက်လက်နက် ။ ။
လူ့ ဘ၀ရုပ်ရှင်ကား ပြနေတယ် ။ အရောင်မျိုးစုံ စိတ်ေ၇ာဂါတွေကြားထဲမှာ ဘာသာရေးဆန့် ကျင်ရေးစားသားတွေနဲ့ 

ကိုယ်ရီလိုက်တဲ့ ဘာသာစကားကို သူ တို့ နားမလည်ကြ ။ ဘာသာစကားဟာ အသုံးချခံသက်သက်လို့ ကိုယ်ပြောခဲ့ဖူးပါတယ်
နိုင်ငံရေးသမားများတယ် ၊ ကဗျာဆရာများတယ် ၊ sexy ဓာတ်ပုံအောက်က ကောင်မလေးတွေများတယ် ။
ရိုးသားမှု တစက်မှမရှိ .. Socialism တယောက်ရဲ့ ထင်ထင်ရှားရှားစောက်ပိုတွေ ။
“ ရှင်တို့ မသိဘူးလား ၊ ကျမ ပြောပြမယ် “ ဆိုတဲ့ ခေတ်က စစ်အတွင်းမှာ အသုံးများလာတယ် ။
ဘယ်သူ့ ရဲ့ ချစ်ခြင်းမေတ္တာကိုမှ မလိုချင်တော့သလို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဘယ်သူ့ ကိုမှ မပေးချင်တော့ ။
လူ့ အဖွဲ့အစည်းက လူငယ်တွေကို ငြီးငွေ့ မှုတွေထဲ တွန်းပို့ ခဲ့ကြပြီး အဲ့ဒီငြီးငွေ့ မှုတွေကိုပဲ စွဲလန်းခိုင်းခဲ့ကြတယ် ။
အွန်လိုင်းရေစီးကြောင်းမှာ ဆာရီရယ် သဘောတရားသစ်တွေ ပါနေတယ် ။
ကြာပွတ်နဲ့ရိုက်တတ်တဲ့ လိင်အကြမ်းဖက်ဝါဒီတယောက်က အပေါစားပြကွက်တွေနဲ့ ပြလို့ ။
အစားအသောက်စာရင်းထဲမှာ အသုံးမကျတဲ့ အတွေးအခေါ်တွေ နဲ့ အစဉ်အလာတွေပါလား ။ ငါ့ကို မှာကျွေးပါ ။
နိုင်ငံတော်သီချင်းလာရင် မသိချင်ယောင်ဆောင်ပြီး ထိုင်ချလိုက်တဲ့ စိတ်မလုံမှုရောဂါ ။ စိတ်တွင်းသွေးယိုစီးမှုတွေ ။
လူငယ်တွေရရှိသွားတဲ့ လူမှုရေးရောဂါတွေ ။
The Skin I Live In ရုပ်ရှင်ကို ကြည့်ပြီး တွေဝေတယ် ။ အရေပြား နဲ့ လိင်အင်္ဂါ အပြောင်းအလဲဟာ လူ့ ဖြစ်တည်မှုကို တည်ဆောက်မှန်း ငါအံ့သြသိခဲ့ရ… ။
တချို့ ဖုန်းခေါ်သံတွေမှာ နှလုံးခုန်စက်တပ်ပေးထားသင့်တယ် ။
စားပွဲခုံပေါ်က ကော်ဖီခွက်ထဲမှာ အေးအေးစက်စက် အရည်တွေ အပြည့်ပါဝင်လို့ တဲ့ … ။
ချီကာဂိုမြို့ ကို မေ့ပစ်လိုက် ။ အဲ့နာမည်က သူ နဲ့ တစိမ်းဆန်လွန်းတယ် ။ ဖုန်းနံပါတွေဟာ အသက်ရှိတယ် ။
သေသွားတဲ့ဖုန်းနံပါတ်တွေဟာ ဘယ်တော့မှ မမြင်ရတော့…။
ကိုယ်က သူ့ အသက်ရှုသံတွေပြန်ကြားပြီး သူက သူ့ လက်ဖ၀ါးကို ငုံ့ ကြည့်နေရုံသက်သက်ပဲ… ။
လူဆိုတာ တယောက်တည်းနေလို့ ရတဲ့သတ္တ၀ါ အဲ့စကားကို ကိုယ်ပြောတယ် ။




အေးချမ်း

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...