Showing posts with label အောင်ပြည့် ( သ မု တိ ). Show all posts
Showing posts with label အောင်ပြည့် ( သ မု တိ ). Show all posts

Tuesday, April 30, 2013

သတင်းပေးပို့ချက် အခြေအနေအရ ရသွားတဲ့ ရှောခ့် (မောင်အောင်ပြည့်)


မရိုးမရွပဲ ရှောခ့်ရနေတာ လက်တွေတိုဝင်လာပြီ
ဒီတစ်လော ကိုက်နေတဲ့မျက်လုံးထဲက ရဲရဲတောက်သင်ခန်းစာပေါ့
ဘယ်လိုပြောရမလဲ ခါးလေးကိုကော့ထားပါ မျက်နာလေးကိုရဲထားပါပေါ့
စားဘူးသီးတွေကလည်း အချိန်တွေလာလာခိုးတယ်
သူအမေလင် သူ့အဖေပေါ့ ညာညာပြီး မလိမ့်တပတ်နဲ့ သောက်ချဉ်မဟုတ်ဘူး
အဲ့လိုပြောပြီး မျက်ရည်နဲ့မျက်ခွက်
ဘာလဲ အားတက်စရာ
 နမိတ်ကောင်းတယ်လား ရိုးရာဆန်ဆန်ပဲ
Self Motivated  ရှိပါတယ် စားသုံးသူကို ၀န်ဆောင်တတ်ပါတယ်
တောင်းပန်ပါတယ် နောက် မဖြစ်စေရပါဘူးပေါ့
အဲ့ဒါတွေ တို့ဆီမှာ တတ်ထားပါတယ် သင်ထားပါတယ်ပေါ့
သောက်ကျိုးနည်း ဒင်းတို့ လွှတ်နေတဲ့ တော်ကီတွေ ဆန်းထွက်နေတယ်
ဒီမှာပဲစားမှာလား အချဉ်လိုသေးလား တစ်စုံလား တစ်ခုတည်းလား

Tuesday, February 19, 2013

နာရီလက်တံတွေဖမ်းမမိလိုက်တဲ့ သံယောဇဉ်( မောင်အောင်ပြည့်)

စကားလုံးတွေ နွေးနေတယ် ... အသံတွေ ယဉ်ပါးနေတယ် ... သိမ်မွေ့ခြင်းက နားထဲကဖြတ် မျက်လုံးထဲကန့်လန့်တိုက်ပြီး အလင်းကြားထဲမျောနေတဲ့ပါးနှစ်ဖက်ဟာကျိန်းစပ် -- တိတ်တိတ်လေးမကြားရတဲ့အသံက ဦးနှောက်ကို ဖောက်စားလို့ကောင်းသလိုမျိုး စိတ်ဟာမနက်ဖြန်တွေထဲတွန်းလို့ဝှေ့လို့ ။

ဆင်ခြင်လာတယ် ... သုံးသပ်လာတယ် စကားလုံးတွေကို တိကျချင်လာတယ် ... မတီထွင်ပဲ ဆန်းနေတဲ့ စကားလုံးတွေက   ကီးဘုတ်ပေါ်ထားတဲ့ ယုံကြည်ချက်နဲ့ ကျလာသလိုမျိုး  ဖွင့်မထားတဲ့မျက်လုံးတွေက နင်းထားတဲ့မြေကို နာမည်တပ်မနေတော့ပဲ အပြုံးနဲ့ မိနေတဲ့ကာရန်နဲ့  နိုင်ငံကူးနေတယ်။

Tuesday, January 29, 2013

ကြောင်တစ်ကောင်ရဲ့ ဝမ်းဗိုက်သားဟာ အငွေ့ စုပ်စက်ဖြစ်သည်။( မောင်အောင်ပြည့်)


ဘာကိုမှလိမ့်ပတ်မလည်သေးဘူး ...

ဆံပင်တွေပွလာတယ် ၊ စာရွက်တွေ ပွလာတယ်

နှုတ်ခမ်းတွေ တင်းလိုက် ဆူလိုက်နဲ့ အရည်ဖျော်ဖို့အသားကိုညှစ်နေတာ …

သာမန်ရိုးကျ ဖြတ်လိုက်ဖြုတ်လိုက် ပွလိုက်ကျစ်လိုက် နဲ့ စားချင်စဖွယ်အချိုပွဲလေး

ကီးဘုတ်ပေါ်လက်တင်ပြီးစဉ်းစား မျက်လုံးပုတ် ခေါင်းကုတ်နားနှစ်ဖက်ကိုတင်းတင်းစေ့

ခုထိလိမ့်ပတ်မလည်သေးဘူး။

Tuesday, December 25, 2012

ကျွန်တော်နဲ့ အရုပ်ကလေး အောင်ပြည့် (သမုတိ)

မထင်မှတ်ပဲ ကြယ်တွေ အထွေးလိုက်ဆော့ကစားနေတယ်
အလင်းတွေ လမ်းကိုတိုးလို့မပေါက်နိုင်တော့ဘူး
အရုပ်ကလေးက ကျွန်တော့် လက်ကိုကိုင်ထားတယ် ... ကျွန်တော်က အရုပ်လေးလက်ကိုဆုပ်လို့
ကျွန်တော်က အရုပ်ကလေးကိုမေးတယ် ... 

“ ကျွန်တော်နဲ့အရုပ်ကလေး ဘယ်သူကဘယ်သူ့ ကိုပိုချစ်သလဲ ” လို့ ...

Thursday, November 1, 2012

အဟောင်းဆိုင် ... အောင်ပြည့် ( သ မု တိ )


ရောက်လာသမျှကို ဆင့်စီမယ် ... ထုပ်ပိုးမယ်
တစ်ချိန်က တယုတယ အနုအလှ တန်ဖိုး
အချိန် နောက်မှာ တန်ဖိုးဟာ  ဒုတ်ထိုးခံရသလို ပါး  ပါး  လေး ...
ဒီမှာက အဆင်တန်ဆာကို အကွဲအရှနဲ့ တန် ဆာ ဆင် ထား တာ ...

ဒါနဲ့ထည့်မှ မြင့်လာတဲ့ တန်ကြေး ...
ဒါကြီးကြောင့်မှ ပွလာတဲ့ အမှိုက်ဆိုသလို ...
ဒါက ဒါကို ဒါကြောင့် မြင့်တက်စေလာသမျှ ...
ဒါကြောင့် ဒီမှာ ရှုပ် ...

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...