Thursday, November 1, 2012

အဟောင်းဆိုင် ... အောင်ပြည့် ( သ မု တိ )


ရောက်လာသမျှကို ဆင့်စီမယ် ... ထုပ်ပိုးမယ်
တစ်ချိန်က တယုတယ အနုအလှ တန်ဖိုး
အချိန် နောက်မှာ တန်ဖိုးဟာ  ဒုတ်ထိုးခံရသလို ပါး  ပါး  လေး ...
ဒီမှာက အဆင်တန်ဆာကို အကွဲအရှနဲ့ တန် ဆာ ဆင် ထား တာ ...

ဒါနဲ့ထည့်မှ မြင့်လာတဲ့ တန်ကြေး ...
ဒါကြီးကြောင့်မှ ပွလာတဲ့ အမှိုက်ဆိုသလို ...
ဒါက ဒါကို ဒါကြောင့် မြင့်တက်စေလာသမျှ ...
ဒါကြောင့် ဒီမှာ ရှုပ် ...



အနံ့တွေ ဟာ အငွေ့ ထောင်းထောင်း ထလို့ ...
ပြက္ခဒိန် အဟောင်းထဲ လင်းနေတဲ့ ကောင်းကင် ...
သိပ်သိပ်သည်းသည်း ကျစ်လာသမျှ ခိုင်မြဲ ရုံတင် မဟုတ်
ဆွဲတင်ဖို့ ချည်မိဖူးတယ် ...

ချည်မိသမျှ အဖြည် ခက်
ဖြတ်ဖြတ် ယူရလွန်းလို့ ဒီကြိုးလည်း တိုလှပြီ ...
စိတ်တော့ မရှိကြ နဲ့ ...
နောက်ဆို ခေါက်တုံ့(တွန့်) ပဲ ချည်မယ် ...

ဒီမှာ ခံယူချက်တွေ ရှိတယ် ... ဒီမှာ မလုံမလဲတွေ လည်းရှိတယ်
ဟောင်းလို့ရောက်လာ သစ်ဖို့ ပြန်ထွက်သွားနဲ့  ...
ဒီမှာတော့ ဟောင်းတိုင်း ကောင်း နေခဲ့ရပါတယ် ...
ဒီဆိုင်လေးမှာ တစ်ယုတယ ကောက်သိမ်းစရာ ဆိုလို့  ...အနာရယ် ပြီးတော့ ဒဏ်ရာရယ် ။

အစိတ်အပိုင်းတစ်ချို့ ဟာ " ကွဲတတ်သည် " လို့ တံဆိပ်ကပ်ခံရ ...
တံဆိပ်မကပ်ခဲ့ သမျှဟာလည်း အကွဲတွေချည်း ...
ရောက်လာ လတ္တံသော  အဟောင်းသစ်များ ...
ထွက်သွားခဲ့တော့ အသစ် ဟောင်းများ ... နှင့်

ဒီ နေရာလေးဟာ ...

တစ်စ ထက် တစ်စ ခြောက်ခြောက်သွေ့  မှောင်လို့
မနက် ကအလင်းတစ်ခြမ်းနဲ့ အဲ့ထဲ ပြုတ်ကျတယ် ...
အလင်းတစ်ခြမ်းက မနက်ကိုတွဲလို့ ကုန်းရုံးထတယ် ...
ပြီးတော့ .....
တစ်စ ထက် တစ်စ ခြောက်ခြောက်သွေ့  မှောင်လို့ ------

အောင်ပြည့် ( သ မု တိ )

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...