Thursday, November 1, 2012
ကွယ်လွန်ပါစေ-ကွယ်ရာမှာ လွန်လွန်းနေတဲ့ကိစ္စတွေ-ကွယ်လွန်ပါစေ( လောက)
စပိတ်တစ်နဲ့ စ ပိတ် ပြီး တစ်နေတယ် သေတာကမှကောင်းဦးမယ် ဆိုတော့ကာ
တန်ဖိုးခပ်ကြီးကြိး အမိုက် ပုံသဏ္ဍာန်အဖမ်းခံထားရတဲ့ ကိစ္စတွေ ဆိုးမူပြုလိုက်မိတဲ့ အချိန်မတိုင်ခင်တုန်းကတော့ လူကောင်းပါ
စိတ်ရိုင်းတွေမီးမြိုက်လို့
စိတ်ယဉ်ပါးမူ နဲ့ ဇယားရူပ်နေတဲ့ အထဲက ၀တ်ဆံတော်တော်များများကို လူတယောက်က ကောက်စို့ပြီး မွေးဖွားလာခဲ့တဲ့ မှော်သွေးတွေ နဲ့ မမွေးဖွားခင် တနှစ်တိတိ အလိုမှာ ဖြစ်လာခဲ့တဲ့ မှော်သွေးတွေ...
ဒါပဲ ဆို တော့ကာ....
အဲ့ကလေး ဒီလိုလာတယ်ဗျာ.. လာတတ်ချင်းတော့ လေးဘက်ပဲ..
နောက်တော့ ယားနာတွေဟာ အပြိုင်းပြိုင်းထလာတယ် ..ကဲ ဘယ်လောက်ယင်းထနေပြီလဲ.. ကဲ… ဘယ်လောက်သွေးဆောင့်နေပီလဲ
ကဲ မှာသာ ကဲ တူတူပဲ နှပ်ချေးတွဲလောင်းနေခဲ့တယ် နှပ်ချေးကို လျှာနဲ့ယပ်ခဲ့တယ် ငန်တယ်..
နှပ်ချေးကို ညုစ်ပစ်ခဲ့ဖူးတယ်… ဆိုတော့ကာ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဈာန်ဝင်ခွင့်ရှိပါတယ်…မင်းရပ်တန့်တဲ့နေရာဟာ မင်းရပ်နေတဲ့နေရာ မင်း တန့် နေတဲ့နေရာ…အဲ့ဒါ မရပ်တန့်သေးတဲ့အရာ ဖြစ်နေဆဲပဲမို့ ငါတို့လည်း ဒီဘောင်ထဲမှာဒဏ်ရာဆိုတာတွေကိုသတ်ချင်တယ်
ဒဏ်ရာတွေကို လျှော်ဖွပ်လိုက် နောက်တယောက် ၀တ်ဆင်လိုက်နဲ့
ဖန်တရာတေ….မသတီလည်း အချိန်တန်ရင် မင်းလှပဦးမှာ
ဒဏ်ရာဆိုတဲ့ဟာကြီးကလေ….။
အမှောင်တွေကိုကြောက်လို့
ငါ့မျက်လုံးမှိတ်ထားတာဟာ အလုံခြုံဆုံးပါလို့
ဒါဟာ လူပိန်းတကောင်ရဲ့ လူလည်လုပ်ခြင်းပဲ။
အပြစ်ပြုခြင်းခံရတဲ့သူတွေ အပြစ်ပေးခြင်း ခံရတဲ့သူတွေ ဒါတွေ ဒါတွေ ငါ့မျက်စိထဲ ကြားဖူးနားဝ နဲ့ တကွက်ပြီး တကွက် ရုပ်ရှင်လို ဖော်ရင်း
ရုပ်တွေကရှင်နေတယ် သမိုင်းတွေကရှင်နေတယ်
ဇက်ပိုးပေါ်ရောက်နေတဲ့ သွေးကြောကြီးတချောင်းဟာ ငါ့တကိုယ်လုံးကို ဆွဲ ဆွဲဆောင့်ပြီး ပြေးခိုင်းနေတဲ့မြင်းဇက်ကြိုးလို ငါ့ကိုမကြုံဖူးပဲ ကြားဖူးတဲ့အတိတ်တွေက သွားမပါပဲ ကိုက်တယ် ငါမောတယ် ငါနာတယ်
တကိုယ်လုံး လည်ပတ်နေတဲ့ သွေးပေါက်တွေ ပိတ်ဆို့ခံထားရတယ်
ငါမကြိုက်တဲ့လုပ်ရပ်တွေ(လုပ်ပြီးမရပ်တန့်သေးတဲ့)လုပ်ရပ်တွေကို ငါမုန်းတယ်…အဲ့ဒီ လုပ်ရပ် တွေ ကွယ်လွန်ပါစေ……ရိုက်နှက်မူဆိုတဲ့ဟာကြီး
ကွယ်လွန်ပါစေ နှိပ်စက်မူဆိုတဲ့ဟာကြိးး
ကွယ်လွန်ပါစေ အနိုင်ကျင့်မူဆိုတဲ့ဟာကြီး
ကွယ်လွန်ပါစေ မတရားမူဆိုတဲ့ဟာကြီးး
ဆိုတော့ကာ တရားမူဟာ ပြိုင်ဖက် မဲ့ပြီး အမှောင်မရှိပဲ မလင်းနိုင်တဲ့ မီးသီးလိုဖြစ်နေတော့ကာ ။ ဆုတောင်းမူဟာ စုပြီးတောင်းရတော့ အထွေးလိုက်ကြီး ပြန်ပါလာခဲ့တော့ သူတို့ တော်တော်နာကျင်ရမယ်။ အဲ့ဒါကကို ငါ တော်တော်နာကျင်ရတယ်။ လောက
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment