Showing posts with label မြ. Show all posts
Showing posts with label မြ. Show all posts
Tuesday, February 19, 2013
အခါးချို (မြ)
လက်ကိုင်ကိုင်းမှ တဆင့် ကော်ဖီခွက်ဟာ အမှောင် ဆီ အလင်းဝင်
လျှာဖျားကပြန်သပ်ယူနေတာလဲ အထာတစ်မျိုးပဲ ဟာ တာ တာ
တ သ သ နူတ်ခမ်းတွေကို ကုတ်ခြစ် ဒါလဲ
ခြောက်သွေ့ လွန်းနေတာပဲမလား (ဟက်)
သစ္စာဖောက်ခြင်းခံနေရသလို
ခင်ဗျားအမြဲတောင်းတနေတဲ့  အသစ်တွေ
အမြစ်လို ရင်ထဲစွဲနေမှုမှာ သမိုင်းဟာ လှလိမ့်မယ်မထင်ဘူး
ဒါ ခွဲစိတ်ထားတာပါ
Sunday, January 13, 2013
ညရဲ့ ည(မြ)
ညဟာကိုယ့်ကို ကိုယ်မှောင်ရိပ်ခိုရင်း တစ်ပင်တည်း ထီးထီး
ကြယ်တောက်လိုသူရဲ့ တိုးတိတ်လွမ်းဆွတ်မှုက ရေသောက်မြစ်ထိ လှိုက်စား
တဲတဲလေးယိုင်နဲ့  စိတ်သေအိုင် ရာသီက အေးစက် ယိုင်ရွဲ့ 
လုံခြုံနွေးထွေးလိုမှုကို ရလိုရငြား ဆွဲခြုံလိုက်တဲ့ ဂွမ်းစောင်လေးမှာတောင်
အစိမ်းရောင်လှိုင်းတွေစီးဝင်နေတယ်။
မြှားတံရဲ့ အရှိန်ထဲ တည်ကြက်တစ်ကောင်လို တုန်ခါ
တစ်ဝီ၀ီ ဆာလောင်သံ ခြင်တစ်ကောင်ဆီကလား၊ ရင်အလွှာဆီကလား
Monday, November 19, 2012
တောပန်း __ မြ
တောမှာမွေးတယ် တောမှာကြီးတယ်
လူသူလေးပါးနားမလည် ခေါက်ရိုးကျိုး အရိပ်သုံးပါးနဲ့ 
တုတ်ထိုးအိုးပေါက် အိမ်တွင်းပုန်းစစ်စစ်
အကြောမာတဲ့ ခေါင်းက မိုးကြီးကြီး လေထန်ထန် အာရုဏ်မတက်လည်း
မိုးသောက်တယ်
လူစဉ်မမှီပဲ လူယောင်ဆောင်တယ်
လူသွေးကျောက်ပေါ်ခဏ ခဏ ရပ်တယ်
ကိုယ့်နှုတ်ခမ်းသွေးနဲ့  ကိုယ် အဆာဖြေတယ်
နန်းကြိုးမျှင်ပေမဲ့ ဒီကြိုးက ခိုင်တယ်
စကားသံဖြစ်အင်္ဂါက အလှုပ်အရှားမဲ့တော့
Thursday, November 1, 2012
အအေးခဲ ည (မြ)
ခေါင်းအုန်းမျက်နှာပြင်ဆီ ဆွဲနှစ်လိုက်သော မျက်နှာ
အိပ်ရာခင်းစကို လက်အစုံနဲ့ ဆွဲအဆုပ်
ရင်ညွှန့် တက်ဆောင့်တယ်...အောင့်လုံး
ထွက်ပေါက်ကို အကျယ်ကြီးအော်ခေါ်လိုက်တယ်...............
အသုံးမကျတဲ့ခံစားချက်ချော်ရည် တလိမ့်ချင်း
ဘယ်ဘက်ရင်ဘတ်မှ အူသံက တမ်းတမ်းတတ
(အရမ်းမုန်းတာပဲ)
အနွေးအင်္ကျီမ၀တ်ချင်ဘူး။ ချည်စောင်မခြုံချင်ဘူး။
စိတ်ဟာ ဒူးကွေးကွေးနဲ့ ပိုက်ထားမိတဲ့ ခပ်တင်းတင်းလက်တစ်စုံကြား
စိမ့် ကနဲ့
Tuesday, October 30, 2012
လွမ်းလို့.....(မြ)
ကျောင်းတော်ကြိးကိုလွမ်းတယ် တစ်ဖက်တစ်ချက်ဆီမှာ စိန်ပန်းနဲ့ငုဝါ ခင်း
လမ်းကလေးထက် နင်းသွားတဲ့ ဘီးလေးက စာသင်ခန်းဆီ သို့ 
ကျောက်သင်ပုန်းကြီးရှေ့  ခုံက ကိုယ့်နေရာ ငယ်ငယ်ကလို လု လုမိ
ချယ်လေးရဲ့ လက်ကိုကိုင် ကန်သုံးဆင့် တံတားထက် အပေါဆုံက လေ
ခေါက်တုန့်ခေါက်ပြန် သွားခဲ့တဲံ့  တောင်ပေါ်လမ်း အကြော်ဆိုင်လေး
လွမ်းတယ် အမြှောက်ကြီး က အ၇င်အတိုင်းပဲလား
အတိုင်းသားမြင်နေရတဲ့  အ၀ိုင်းကြိးထိပ် ခဏ ခဏ ပတ်နင်း သူငယ်ချင်းေ၇.....
ပြိုင်စီးဖို့  ဘီးယူခဲ့
Golden cross ကအကိုကြီးက လွှတ်သဘောကောင်း ဘာပဲလိုလို အကြွေးရ ဒိုင်ယာရီမှာ
စွယ်တော်ဦးမှာ ထိုင် တုပ်ခဲ့တဲ့အတင်းထဲ အဆောင်မှုးချယ်ကြိးက အားကြီးဆိုး
ခိုးခိုးပြီး ရေနွေးကျိုတိုင်း မိတယ် တဆူဆူနဲ့ အချိန်မတော်ထ ထ လျှော်တဲ့ခေါင်း ကိုထု ချစ်ချယ်ကြီး
ရွေဘုံပေါ်မှာပျော်ပါ နေခြည်သီချင်းကြားတိုင်း မျက်ရည်လည်
ဂစ်တာတစ်လက်နဲံ့  လာတီးတိုင်း ရွေသံလွင်မှာပျော်ခိုင်းတဲ့ ဘော်ဘော်တွေ
မှတ်မှတ်ရရသွားခဲ့တဲ့ ညဈေး ပြောင်းပြန်စီးခဲ့ လမ်း ပေါ်
မိတ်ဆက်ဖူးပြီ စခန်းမှုကြီး လူကြီးသမီးယောင်ဆောင်တဲ့ ပိုး....
နင့်ကို အလွမ်းဆုံးပဲ..(ဒဏ်ကြေးဆောင်တဲ့စာရွက်ကြီးပွတ်ပွတ်ပြီး ဟီး ဟီး )
လာ..ဟာ အလွမ်းတွေသီရအောင် ၀ါသနာတူမို့
ကဗျာတွေတစ်ပိုဒ်ဆီရွတ် မီးရောင်မပါတဲ့ ညတွေထဲ
ဘေးခန်းက သရဲကြောက်တဲ့ အမကြီးကို စခဲ့တာလဲ လွမ်းတာပဲ
ရွေမောဌောဘုရားကအပြန် ဦးလေးကြီးကို ၀င် အဆစ်ရတဲ့ကျောက်ကျောတောင် အကြိးအသေးရွေး ပျော်ခဲ့
အငြင်းပွားစ၇ာ တွေ့ တိုင်းဝါးရုံစာပေထဲ သွားသွားမွှေ ၀င်ခဲ့တဲ့ ယဉ်စွန်းတန်း
လိုင်ချီးတစ်ခွက် (၂၅၀) နင်သွားတဲ့ တို့တွေ (ထမင်းတစ်ထုပ် ၅၀။ ဟင်းတစ်ပွဲ ၁၂၀)
ငံပြာရည်ဆီသတ်နဲ့  နယ်ခဲ့တဲ့ ညစာကမေ့မရ
အမှတ်ရဆုံးက စက်တော်ရာဘုရားမှာ ၀င်္ကပါထဲ ကျန်ခဲ့တဲ့ငါ
အော်ငိုသလိုနဲ့ အကျယ်ကြီးရယ်ခဲ့ ရေကြည်ဦးဘုရားသွားရင် အတွဲတွေကွဲသတဲ့..
သွားးခဲ့တာပဲ..တစ်ယောက်ခါးတစ်ယောက်ဖက် ခရေသုံးဆင့်မှာ ကစားခဲ့တာ
ကျားဘိုဆွဲရင်း ပြန်မလင်းကျွန်းကို ပတ်နင်းခဲ့
အမောဖြေ နေရာသစ်မှာ ထမင်းစား လက်ဖက်ထမင်းက တယ်ကောင်းနော်
နာရီစင်ရှေ့ အရောက် နင်ပြောခဲ့တာ
ဒီနာရီကြိးမရပ်သရွေ့  ခင်မင်မှုတွေ မရပ်ဘူး..
ငါ့ အတွေးက ရှည်လိုက်တာ ခုထိ အသစ်
ဘယ်တော့မှမဟောင်းမဲ့ ရုပ်ရှင်.....နော်......သူငယ်ချင်း....
လွမ်းလို့.........။ ။
မြ(၂၈.၆.၂၀၁၂)
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
