Monday, November 19, 2012
တောပန်း __ မြ
တောမှာမွေးတယ် တောမှာကြီးတယ်
လူသူလေးပါးနားမလည် ခေါက်ရိုးကျိုး အရိပ်သုံးပါးနဲ့ 
တုတ်ထိုးအိုးပေါက် အိမ်တွင်းပုန်းစစ်စစ်
အကြောမာတဲ့ ခေါင်းက မိုးကြီးကြီး လေထန်ထန် အာရုဏ်မတက်လည်း
မိုးသောက်တယ်
လူစဉ်မမှီပဲ လူယောင်ဆောင်တယ်
လူသွေးကျောက်ပေါ်ခဏ ခဏ ရပ်တယ်
ကိုယ့်နှုတ်ခမ်းသွေးနဲ့  ကိုယ် အဆာဖြေတယ်
နန်းကြိုးမျှင်ပေမဲ့ ဒီကြိုးက ခိုင်တယ်
စကားသံဖြစ်အင်္ဂါက အလှုပ်အရှားမဲ့တော့
သွန်ချမိခဲ့ /ထားတဲ့  ကဗျာတွေပဲ ခပ်ခပ် ချိုးတယ်
ကြေးချွတ်ထားသော ၀ိဥာဉ်စလို 100% pure ဖြစ်ဖို့ အာမ မခံဘူး
တစ်ခါ တစ်ခါ အပြုံးချိုချိုနဲ့  ဖော်ရွေသူ
တစ်ခါတစ်ခါ အပြောပိုပိုနဲ့  ဟန်ဆောင်သူ
တစ်ခါတစ်ခါ စိတ်လက်မာန်ပါ မာကျောသူ
တစ်ခါတစ်ခါ ထိလွယ် ရှလွယ် ကြွေလွယ်သူ
တစ်ခါတစ်ခါ ပြတ်လွယ်တောက်လွယ် ချွန်မြသူ
တစ်ခါတစ်ခါ……….
အသားထဲမြုပ်နေတဲ့ အပ်က Drip ပိုက်လိုင်းကတဆင့် မျှော်ငေး
ထုတ်ထားတဲ့ ဖက်ရွက်ပျောက်လို့ ခေါက်စောင်လေးလို ထ ထ ငို
တော်ဝင်ပန်းမဟုတ်တော့ အမြင့်မှာနေရင်း အမြင်တွေကန်း
နှုတ်မရတဲ့ ခြေတစ်လှမ်းကြောင့် ခဏ ခဏ လမ်းပျောက်တယ်
ပြတ်ပြတ်သွားတဲ့ ဆက်သွယ်ရေးနဲ့  လူကုံထံတွေကို မုန်းတယ်
လူမျိုးရေးခွဲခြားမှုကိုမုန်းတယ်….
ဘောင်းဘီတို မ၀တ်တတ်ဘူး
ဒေါက်ဖိနပ်မစီးတတ်ဘူး
နှုတ်ခမ်းနီမဆိုးတတ်ဘူး
ဆံပင်နီ ဆံပင်ဝါနဲ့  ဆိုရှယ်ဝက်ဆိုက်ထဲ စစ်မှုရေးရာမကြွယ်ဝဘူး
ဂုဏ်သိက္ခာကိုတော့ ပါးနှစ်ဘက်မှာ ဘယ်ညာကွက်တယ်
ယဉ်ကျေးမှုကို ၇င်ထဲမှာထားတယ်..
မမြဲတဲ့ သဘောတရားနဲ့  ၃၁ ဘုံလည်ရင်း
တရားသဘောအရ ဒီနေရာမှာ ၃၁ နှစ်ပြည့်တယ်
ဆားတစ်ပွင့်လောက် အသုံးကျမယ်ထင်လို့  ညိုနေတဲ့ မျက်ကွင်းထဲ
အစိမ်းရောင်ကြိုက်လို့  * မြ * လို့  ကွန့် တယ်။
မြ(၁၉.၁၁.၂၀၁၂)
မွေးနေ့ အမှတ်တရ မထင်မှတ်ပဲ ရေးဖြစ်သွားသောကဗျာလေး...:)
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment