Showing posts with label ရင်ဘတ်ကို ထိသွားတဲ့ကဗျာတွေ. Show all posts
Showing posts with label ရင်ဘတ်ကို ထိသွားတဲ့ကဗျာတွေ. Show all posts

Friday, April 19, 2013

သူ နဲ့ ကျွန်မ (မြတ်နိုးဖြူ)


ဟော... မိုးတွေရွာပြီ။
“ဒီကနေ့ရွာတဲ့မိုးဟာ
အတိတ်မှာရွာတဲ့မိုးနဲ့ ဆင်တူလေမလား..”
မျက်ခွံလေးတွေကိုပိတ်လို့တွေးတော့
ပါးပေါ်မှာ သူ့ထွက်သက်လေး လှစ်ခနဲဖြတ်ပြေးသွားသလိုလို

ဒီလိုမျိုးမိုးတွေအောက်မှာ
ငုဝါရောင်ပန်းခိုင်တွေအောက်မှာ
ကန်ဘောင်ရိုးတလျှောက်မှာ
သူ နဲ့ ကျွန်မ ..
(အင်းလေ) တိတိကျကျပြောရကြေးဆို ကျွန်မဘက်က
မေ့မရတဲ့ ကောက်ကြောင်းတစ်စ
ရှိတယ် ..ရှိခဲ့တယ် ။

Monday, October 29, 2012

ခင်ဗျားဟာ လက်ဗီးဂတ်ကို မသွားခင် ခင်ဗျားဟာ လက်ဗီးဂက်ကို မသွားတာ ကံကောင်းပါတယ်(အေးချမ်း


လက်ကလွှတ်ချလိုက်တဲ့ ဖုန်းစကားပြောစက် ၊ ကြိုးတန်းလန်းနဲ့ အသံတွေ တန်းလန်းနဲ့ ….။

လူတယောက်ကို မြင်ရုံနဲ့ ၀မ်းနည်းခြင်း ၊ ကြောက်ရွံ့ ခြင်း ၊ နာကျင်နေခြင်းတွေနဲ့ … ၊ ထရော်မာ ။
အိပ်ပျော်ပါတယ် အခန်းထဲမှာ ပြန့် ကျဲနေတဲ့ အိပ်ဆေးလုံးလေးတွေ ။
ပျော်ရွင်ခြင်းမနက် ၊ ညကြားထဲက အဆင်ပြေခြင်းတွေဟာ ကိုယ့် profile မှာ ရှိတယ်
ရုတ်တရက် ပြေးထွက်သွားတဲ့ စိတ်အာရုံတွေမှာ မိတ်ကပ်တွေ မပါဘူး
ဖန်ကွဲစတချို့ နဲ့ ကြမ်းပြင်ဟာ ပကတိငြိမ်သက်လျှက် ။ အနုပညာဟာ နောက်မီးလင်းတယ် ၊ ဖေါက်ပြန်ရေး project /
အနုပညာဟာ အနုပညာမဟုတ်တော့နဲ့ နောက်ပိုင်း မှာ ကိုယ်တွေ ဘာရလဲ ။ ဘာတွေ ပေးခဲ့ရလဲ ။
လူတွေဟာ ပျော်ရွင်မှုပါတီတွေမှာ ပြီးခဲ့နှစ်တွေရဲ့ ရုပ်ရှင်လက်မှတ်တွေကို လွှင့်ပစ်ကြတယ်
အထီးကျန်ဆန်နေခြင်းဟာ ပါရာဆီတမောသောက်လို့ ပျောက်သွားတဲ့ အဖြစ်အပျက် ။
ကိုယ်ပြောချင်တာ ပြီးအောင် နားထောင်ပြီးမှာ ကိုယ့်ကို ပြန်အော်ပါ ။
ခင်ဗျားရဲ့ လူမှုရေးအသိဥာဏ်က 1 GB or 2 GB or 4 GB or8 GB or …. Etc ..
ကိုယ်တိုင်ပါဝင်ပတ်သတ်နေတာ ပြစ်မှုဆိုင်ရာမှုခင်းမဟုတ် ။
မီဒီယာက လက်နက်တွေအားလုံးရဲ့ ရှေ့ ပြေးလူသက်လက်နက် ။ ။
လူ့ ဘ၀ရုပ်ရှင်ကား ပြနေတယ် ။ အရောင်မျိုးစုံ စိတ်ေ၇ာဂါတွေကြားထဲမှာ ဘာသာရေးဆန့် ကျင်ရေးစားသားတွေနဲ့ 

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...