ပြောတော့လည်း မယုံ ကြုံတော့ အဗူးခံရမှ သိ(မောင်မြတ်သူ)



ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော
ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ
လူစုံတက်စုံပါဝင်လာတဲ့
ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပွဲ
ပြည်သူ မျက်ရည်တစ်စက် သားတို့ ဘွ တစ်ဝက်မကပါကွယ် ဆိုတဲ့
လုပ်တိုင်းဖြစ် လစ်တိုင်းဖြုတ်နေတဲ့
မင်းကြီးများ
ဘုရား
နှင့် ကျောင်းဒကာ များ
အား
တစ်စက်မကျန် သုတ်သင်ရှင်းလင်း ပစ်ရမည့်
သုတ်ထဲမှ ပိုးကောင်များဟု
ယုံကြည်ချက်ကြောင့် အယုံအကြည်ပျက်ရသူများမှ ပြောကြားခဲ့သည်။

ပြု လုပ်သူ နှင့် ပြုလုပ် ခံရသူ
ရေတို စွတ်ဖားများ နှင့် ရေရှည် စွပ်ပရားများ
ကမ်းရိုးတန်းသွား တောလား
တောင်ကြီးကို ဖြိုမည် မောင့်ခါး ဘယ်နားနာသေးလဲ ဆိုသော ပေါက်ဖေါ် တစ်ချို့ဧ။်
အိပ်မက်ထဲမှ ဖျက်ခန်း
အရှိန် မြှင့်တင်လာတဲ့
နောက်ပိုင်း ဇာတ်လမ်း တစ်ခန်းရပ် ထိုးဇာတ်မှာ
ကလေးသူငယ်များ ငုတ်တုတ်
လမ်းပေါ်မှာ ဘိုးဘွားများ ငုတ်တုတ်
ကျီး နှင့် ဖုတ်ဖုတ်
ကံမကုန် ရင် ပြန်ဆုံမှာပေါ့ တဲ့
ကလေးငယ် နာတာမရှည်မယ့် ရောဂါသည် လေးကို ပြောသွားတယ်
တိုက်ခန်းတွေ ဓါတ်ငွေ့တွေ သွေးတွေ အသက်တွေ
ရွာနေတဲ့ မိုးတွေ ရေအားလျှပ်စစ်တွေ ဟာ ကျီးနှင့် ဖုတ်ဖုတ် မြို့တော်ကို အသက်ဆက်နေတယ်
ကလေးငယ်တွေကို အသက်မဆက်ဘူး
လူကြီး သူငယ် တွေကို အသက်မဆက်ဘူး။
မေးခွန်းတွေ အများကြီးနဲ့ အလုပ်တွေ အများကြီးနဲ့
မရက်စက်လိုက်ပါနဲ့
ကိုယ်ဟာ အခု မှ ပွဲတက်ဖူးတဲ့အသစ်ကလေးပါ ဆိုပီး
အဘ ကို သနားကြ
အဘ နှာဖူးကို ကြင်နာကြ
အဘ ရင်ခွင် ခိုဝင်ကြတဲ့
တော်သလားဆိုကာ လှန်နေသော သူများ။
ဘပြောင် ဟာ လှဆောင်တို့နဲ့ မဆိုင်ပါဘူးကွာ
ဘပြောင်ဟာ ပြုပြင်သူပါ ပြောင်လဲ သူပါ
ဖေဖေ့ ကိုချစ်တယ် ပုံ ချစ်သား တဇောက်ကန်း မျက်နှာရူး ဆိုသောသူများ
အားလုံးဟာ မြို့တော်ကို သိမ်းပိုက်နေကြပြီ
နိုင်ငံတော်ကို ပိုင်စိုးကြတော့မယ်
သူတို့ ဟာ
ကိုချင်းကို စာမတတ်ကြ လို့ တစ်ပေး ။
ဒီလိုနဲ့
နိုင်ငံတော်ကို တော်မတော် ၀တ်ကြည့်နေကြတယ်
နိုင်ငံတော်ဟာ လူပြိန်းများနဲ့ အရူးများနဲ့ ပျင်းရိသူများနဲ့ အချောင်သမားများနဲ့
နိုင်ငံတော်ဟာ ဘိန်းစားများနဲ့ အရက်သမားများနဲ့ အကျင့်ပျက်လူငယ်များနဲ့
နိုင်ငံတော်ဟာ ချစားမှု များနဲ့ ချသတ်ဆေးများနဲ့ ချသတ်ဆေးအတုများနဲ့
အယူဝါဒတွေ တော်မတော် ၀တ်ကြည့်ခံနေရတဲ့ နိုင်ငံတော်ဟာ
တော်သူထက် မတော်သူ များနေတယ်
တော်တို့ အရည်အချင်းကို တော်တို့ ဆန်းစစ်ကြ
တော်တို့ တောက်တုံးမကျတော့ တတ်တဲ့တူ တတ်တာ တော့ တဲ့
ကုလားကြီး အိမ်ပြန်တော့လည်း အရာကြီး ရောက်လာတာပါပဲ။


  • မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...