Tuesday, October 30, 2012

မနက်ဖြန်ဆိုရင်............(မှူးသစ်)


·
အိပ်မပျှော်သေးတဲ့............
ကလေးလေးတစ်ယောက်အတွေးလိုပဲ
အဲ့ဒီ.."စစ်ပွဲ"တွေက ဘာဖြစ်လို့များ အလကားနေရင်း ဖြစ်ဖြစ်နေကြတာလဲ
စစ်ပွဲတွေနေရာ..မှာ....
တစ်ခြားသော ပျှော်ရွှင်စရာ ကစားပွဲတွေ အစားထိုးလို့ရရင် သိပ်ကောင်းမယ်။
အုံကြွနေတဲ့ ဒေါသတရားတွေရဲ့ တောက်လောင်မှုဟာ...
သိပ်ကြောက်စရာကောင်းနေပြီ
"မျက်လုံးတွေ မှိတ်မထားရဲဘူး

ကျွန်တော် အိပ်ပျှော်သွားမှာ အရမ်းကြောက်နေတယ်"
 စိုးရိမ် ထိတ်လန့်နေရတဲ့ စိတ်၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ
ရက်စက်ကြမ်းကြုတ်ခြင်းတွေ နေရာ ယူကုန်ပြီ
ငြိမ်းချမ်းရေးဟာ စစ်ရေးနဲ့ ရှာမှ ရလာနိုင်မယ့် အဖြေတစ်ခုလား
ဥာဏ်တွေမမီဘူး ရိုးသားမှုကိုလိုက်မမီဘူး
မြေကြီးတွေကိုက အဆိပ်အတောက်ဖြစ်နေတယ်.သွေးသားတွေဟာ
စိတ်ကိုလောင်မြိုက်စေသော ဓါဒုဗေဒ ဆေးဝါးများး...
ရွေးချယ်ခွင့်မရှိတဲ့ဘ၀တွေရဲ့..စွဲကပ်နေတဲ့ဒဏ်ရာ
ဘ၀တွေမှာ ရွေးချယ်ခွင့်မရှိဘူး
အတ္တတွေစိတ်မှာ တစ်ယောက်ကိုတစ်ယောက်
မြင်နိုင်စွမ်းတွေ ပျောက်ဆုံးနေရတဲ့ပြသာနာ..
မနက်ဖြန်ဆိုရင်..ခြားနားခြင်းမရှိတဲ့ ဘ၀တွေကြားမှာ
မေတ္တာတွေရောက်များရောက်လာနိုင်မလားးး
ကမ္ဘာကြီးမှာ..ကမ္ဘာကြီးမှာ
မနက်ဖြန်ဆိုရင်..စစ်ပွဲတွေ ပျောက်ဆုံးသွားရင် သိပ်ကောင်းမှာပဲ..
အသာအယာလေး မျက်လုံးတွေ မှိတ်ထားပြီး..
စိတ်ချလက်ချလေး အိပ်ကြည့်ချင်တယ်။

( ငြိမ်းချမ်းရေးနှင့်မတ္တာတရားအားအသက်ထက်တန်းဖိုးထားခြင်းအားဖြင့်)
                                                                                                          မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...