Showing posts with label လင်းTငြိမ်. Show all posts
Showing posts with label လင်းTငြိမ်. Show all posts
Monday, February 25, 2013
အိပ်မက်သတ်သူ (လင်းTငြိမ်)
အိပ်မက်ထဲမှာ ကျွန်တော့်အိပ်မက်တွေကို(ကျွန်တော်ကိုယ်တိုင်)အသေပြန်သတ်ပစ်ခဲ့တယ် ။
ဒီတော့ အိပ်မက်တွေဟာ အိပ်မက်ထဲမှာ သေဆုံးသွားတော့တာပေါ့ ။ အိပ်မက်တွေကို ကျွန်တော်
သတ်ပစ်ဖို့ မစဉ်းစားခဲ့ပေမဲ့ သူတို့တွေကိုယ်တိုင်က ကျွန်တော့်ဆီမှာ ကျေကျေနပ်နပ်နဲ့ အသတ်ခံဖို့
ရောက်လာခဲ့တာပါ ။
ပထမဦးဆုံး အိပ်မက်တစ်ခုက “ သူဟာ ကျွန်တော် အကြာကြီး မက်ခဲ့ပြီးမှ စွန့်ပစ်လိုက်တဲ့
အစွန့်ပစ်ခံ အိမ်မက်ပါ ” တဲ့ ။ အဲ့ဒီလို အစွန့်ပစ်ခံ အိပ်မက် ဘ၀ကနေ သူ့ကိုသတ်ပစ်လိုက်ဖို့
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ စကားလုံးတွေနဲ့ ကျွန်တော်ကို တောင်းပန်နေတယ် ။
( ကျွန်တော်မှာ စိတ်မကောင်းဖြစ်နေရုံမှတပါး ဘာမှမတတ်နိုင်တော့ဘူး ) မျက်လုံးကို စုံမှိတ် နားထင်ကို သေနတ်နဲ့ ထောက်ပြီး နောက်ဆုံးကျဉ်ဆံ တစ်ထောင့်ကို မောင်းဖြုတ်ချလိုက်တယ် ။
သူ သေဆုံးသွားတဲ့အထိတိုင်အောင် သူဟာ ဘယ်လို အိပ်မက်မျိုးလဲဆိုတာ ကျွန်တော် မမေးကြည့်ခဲ့ဖူး ။
Monday, January 21, 2013
အိမ်မြှောင်တစ်ကောင် သေဆုံးခြင်း(လင်းTငြိမ်)
တွေ့လိုက်ရတဲ့ အချိန်မှာတော့ ခြောက်ကပ်နေပြီ ။ တံခါး အဖွင့်မှာ ၀င်နေတာလား ၊ တံခါးပိတ်လိုက်ချိန်မှာ
ညပ်သွားတာလား မသိဘူး ။ ဒါပေမယ့် အိမ်မြှောင်တစ်ကောင် တံခါးကြားထဲမှာ ညပ်ပြီး သေနေတယ် ။
သူ မသေခင်က နံရံပေါ်မှာ ကပ်ပြီး လျှောက်သွားနေလိမ့်မယ် ။ မျက်နှာကျက်ပေါ်က မီးချောင်းနား
ရစ်သီ ရစ်သီ ပျံဝဲနေတဲ့ ပိုးဖလံ ကောင်တွေကို လျှာ တစ်လစ် တစ်လစ်နဲ့ ဖမ်းစားနေလိမ့်မယ် ။
အိမ်မြှောင်တွေဟာ တွားသွား သတ္တ၀ါ ၊ အခန်းထဲက နေရာပေါင်းစုံကို သူ ရောက်လိမ့်မယ် ။
ရှုပ်ပွနေတဲ့ သူ့ စာအုပ်တွေ ကြားထဲလည်း ရောက်ဖူးလိမ့်မယ် ။ ဖရန့်(ဇ) ကာ(ဖ)ကာ၏ အရေးအသားများ
Sunday, January 13, 2013
ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင် ၊ ရုပ်ပုံလှလှ ဆွဲရအောင်(လင်းTငြိမ်)
ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင်
ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင် အိမ်ကို လမ်းလျှောက် ပြန်စရာမလိုဘူး ။ အထူးကား မဟုတ်တဲ့ ကားတစ်စီး စီး ပေါ်ကို
တတ်လိုက်သွားရုံပဲ ။ ကားပေါ်ရောက်ရင်လူနံရံကြီးထဲကိုတော့တိုးဝင်ရမယ် ။“ အလည်မှာကန့်လန့်ကြီးရပ်မနေပါနဲ့ ၊
ဟိုးနောက်ဆုံးထိ ၀င်သွားလိုက်ပါ ဟိုးနောက်ဆုံးမှာ အနေချောင်ပါတယ် ဒီဘက်က ကားခလေး လှမ်း ” စတဲ့
စပါယ်ယာရဲ့ အသံကို ကြားရတဲ့အခါ ငွေတစ်ရာကို ထုတ်ပေးလိုက်ရုံပဲ ။ ဒါပေမဲ့ ကားပေါ်မှာ အန်ဖက်ပုံကြီး တစ်ပုံ
ပါလာနိုင်တယ် ။ အဲ့ဒီ အန်ဖက်ပုံကြီးထဲမှာ စကားလုံးတွေ က ရှုပ်ထွေး ပြီး မွစာကျဲ နေမယ် ။ အဲ့ဒီ အန်ဖက်ပုံကြီးရဲ့
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...