Showing posts with label နေအေဒီ. Show all posts
Showing posts with label နေအေဒီ. Show all posts

Friday, January 10, 2014

အမေ - အဖေ (နေအေဒီ)

အမေ

လတ်တလော သူလွတ်နေတယ်
သူ့ရဲ့ဖြစ်တည်မှု အမှန်တရားမှာ
သူကြေကွဲတယ်၊ ငိုကြွေးတယ်
သူ ယောင်ယမ်းတမ်းတ အတိတ်ဆီ
ချက်ချင်း ပစ္စုပ္ပန်ပြန်ရောက်
သူ သတိတရရှိ
သူ့ချစ်သူလည်း ပါမှာပေါ့ ဒါက အထင်
သူ့မှာ မျှော်လင့်ချက်ရှိသေးတယ်
ဘ၀ရဲ့ နေ၀င်ချိန်ဆိုတာ
သူ မပျောက်ဆုံးခင် ဟာသတစ်ပုဒ်ပေါ့
သူက အရာအားလုံးအပေါ် မေတ္တာတရား
ဖြန့်ကျက်၊ ကိုယ့် ပိုက်ကွန်ထဲ
ကိုယ်ပြန်မိနေတာ သူ (or) အမေ

Sunday, January 27, 2013

ဘယ်နယ်ပယ်ကို ပျံ့ လွင့်ရမလဲ ရောက်ခဲ့ တဲ့  လမ်းအဆုံး( နေအေဒီ)


သူပြောတယ် မင်းတစ်စစီဖြစ်တဲ့ အချိန်ပြော
ပြန်ဆက်ပေးမယ်တဲ့  လိုရင်းကတော့ မင်းဆေးစားမှားသွားပြီလို့ 
အသက်ကယ်ဆေးရှိပါတယ် အပေါစားတွေသောက်တာလည်းပါတယ်
ကြယ်တွေကြည့်လိုက် မူးပြီးငိုလိုက် ဒီနေ့ တစ်လှိမ့်ချင်းပဲ လိမ့်နေ
ငါနိုင်တယ် ရယ်မယ်စိတ်မကူးခဲ့တာလည်း ရှိတယ်

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...