အမေ
လတ်တလော သူလွတ်နေတယ်
သူ့ရဲ့ဖြစ်တည်မှု အမှန်တရားမှာ
သူကြေကွဲတယ်၊ ငိုကြွေးတယ်
သူ ယောင်ယမ်းတမ်းတ အတိတ်ဆီ
ချက်ချင်း ပစ္စုပ္ပန်ပြန်ရောက်
သူ သတိတရရှိ
သူ့ချစ်သူလည်း ပါမှာပေါ့ ဒါက အထင်
သူ့မှာ မျှော်လင့်ချက်ရှိသေးတယ်
ဘ၀ရဲ့ နေ၀င်ချိန်ဆိုတာ
သူ မပျောက်ဆုံးခင် ဟာသတစ်ပုဒ်ပေါ့
သူက အရာအားလုံးအပေါ် မေတ္တာတရား
ဖြန့်ကျက်၊ ကိုယ့် ပိုက်ကွန်ထဲ
ကိုယ်ပြန်မိနေတာ သူ (or) အမေ
မှတ်ချက်။ ။ အမေ့ကိုတတိယနာမ်စားနဲ့
သုံးပေမဲ့ မိမိပါပဲ။ `သူ´ ဆိုတဲ့နေရာ
မှာ `ငါ/မိမိ/မိမိမဖြစ်ချင်သော
အခြား´ ဟု ဖတ်ပါရန်
အဖေ
သူပျော်နေတယ်
သူ့မိန်းမ မျက်နှာမြင်ပြီးကတည်းက
သူ့မှာ ရေရှည်စားမယ့်
နှစ်သီးစား၊ သုံးသီးစားတွေ ရှိနေတယ်
ရှေးဟောင်းရုပ်ထု သူ့လက်ထဲအရည်
ပျော်ကျသွားမှာပဲ။ ဒီအချိန် သူ့ချစ်ခြင်း
မေတ္တာဟာ အပူဓာတ်ကြီးမားနေ
တစ်ခါတလေ ဖုန်းဆက်တယ်
ဟယ်လို သမီးကြီး
ရောက်ရာအရပ်မှာ စိတ်ပျော်အောင်နေတဲ့
ဘာဆိုဘာမှ မလုပ်တာ မမြင်ချင်ဘူးတဲ့
ဒါ သူ့သီအိုရီ ။ ။
မှတ်ချက်။ ။အဖေကတော့ တောင်တန်းကြီးဆိုရင်
အဲဒီကပဲ နေထွက်တာ၊ နေ၀င်တာကို သိရပါတယ်။
နေအေဒီ
လတ်တလော သူလွတ်နေတယ်
သူ့ရဲ့ဖြစ်တည်မှု အမှန်တရားမှာ
သူကြေကွဲတယ်၊ ငိုကြွေးတယ်
သူ ယောင်ယမ်းတမ်းတ အတိတ်ဆီ
ချက်ချင်း ပစ္စုပ္ပန်ပြန်ရောက်
သူ သတိတရရှိ
သူ့ချစ်သူလည်း ပါမှာပေါ့ ဒါက အထင်
သူ့မှာ မျှော်လင့်ချက်ရှိသေးတယ်
ဘ၀ရဲ့ နေ၀င်ချိန်ဆိုတာ
သူ မပျောက်ဆုံးခင် ဟာသတစ်ပုဒ်ပေါ့
သူက အရာအားလုံးအပေါ် မေတ္တာတရား
ဖြန့်ကျက်၊ ကိုယ့် ပိုက်ကွန်ထဲ
ကိုယ်ပြန်မိနေတာ သူ (or) အမေ
မှတ်ချက်။ ။ အမေ့ကိုတတိယနာမ်စားနဲ့
သုံးပေမဲ့ မိမိပါပဲ။ `သူ´ ဆိုတဲ့နေရာ
မှာ `ငါ/မိမိ/မိမိမဖြစ်ချင်သော
အခြား´ ဟု ဖတ်ပါရန်
အဖေ
သူပျော်နေတယ်
သူ့မိန်းမ မျက်နှာမြင်ပြီးကတည်းက
သူ့မှာ ရေရှည်စားမယ့်
နှစ်သီးစား၊ သုံးသီးစားတွေ ရှိနေတယ်
ရှေးဟောင်းရုပ်ထု သူ့လက်ထဲအရည်
ပျော်ကျသွားမှာပဲ။ ဒီအချိန် သူ့ချစ်ခြင်း
မေတ္တာဟာ အပူဓာတ်ကြီးမားနေ
တစ်ခါတလေ ဖုန်းဆက်တယ်
ဟယ်လို သမီးကြီး
ရောက်ရာအရပ်မှာ စိတ်ပျော်အောင်နေတဲ့
ဘာဆိုဘာမှ မလုပ်တာ မမြင်ချင်ဘူးတဲ့
ဒါ သူ့သီအိုရီ ။ ။
မှတ်ချက်။ ။အဖေကတော့ တောင်တန်းကြီးဆိုရင်
အဲဒီကပဲ နေထွက်တာ၊ နေ၀င်တာကို သိရပါတယ်။
နေအေဒီ
No comments:
Post a Comment