ပုံစံမပျက် ယိုစိမ့်မှု့ မရှိ(October 7, 2011 at 855pm)
ချစ်တုန်း မုန်းစကားစပြောကြတာပေါ့ မိမုန်း
လူတစ်ယောက်ရဲ့ အရှုံးဟာ သူ့ ရန်သူအတွက်အပြူံး
ဒါဟာပဲ အမုန်းဆိုတာ
ဆိုလိုရင်းက ငါ့ရဲ့ အရှုံးဟာ နင့်မာမီအတွက်တော့အပြူံးပဲ
ရွေးချယ်ရခက်နေပေမယ့် နင်ပြောစမ်း မိမုန်း..ဘယ်သူ့ ကိုမုန်းမှာလဲ
နင့်မာမီရဲ့ အတ္တ နင့်တစ်ကိုယ်စာတည်းဘ၀အတွက် ဆုံးမမှု့ တွေက စောက်သုံးလုံးဝမကျဘူး
ဘယ်သူ့ ကိုမှခြေထိုးမခံဘူးတဲ့ ငါ့ရဲ့ ရိုင်းစိုင်းမှု့ တွေကလည်း အောက်တန်းမကျဘူး
ညှင်သာသလောက် တို့ နှစ်ယောက် အဝေးရောက်သွားမလား မိမုန်း
ငါသူခိုးမဟုတ်ဘူး...ငါသူ့ သမက်မဟုတ်ဘူး
အချက်မသိ သမက်သူခိုးထင်နေတဲ့ နင့်ဒက်ဒီရဲ့ ဒေါသအမျက်က
ငါ့အတွက်တော့ ပါတီပါချပ်......ချီးဖတ်သေးဖတ်............
ပြန်ပြောလိုက်.............
သူ့ ရဲ့ မှိုတက်နေတဲ့ဦးနှောက်အပုပ်အသိုးကြီးကို ဘောပင်အကျိုးကြီးနဲ့ ငါလာထိုးဦးမယ်လို့ 
လူတွေကလည်းခက်တယ်
ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လက်ဖျားနဲ့ အသက်ရှုနေတာကိုပဲ Stunt များတယ်လို့ ဆိုကြတယ်
နောက်...သူတို့ ရဲ့ လက်ညှိးတွေက တစ်ချောင်းပေါ်တစ်ချောင်း ထပ်
ငါတို့ နှစ်ယောက်ရဲ့ ကြားမှာ ပိတ်ဆို့ ကာရပ်
ငါ့ကိုသတ်ကြတယ်
လောလောလတ်လတ် ငါ့အတွက်တော့ အချစ်ဆိုတာ
မျက်ကန်းရပ်ကွပ် ပုဏ္ဏကတိုက်နေသလိုပဲ
အရာရာကိုကြောက်လန့် ..........တုန်လှုပ် .............သတိပြု့ 
ပုရွတ်ဆိတ်ကိုက်တာနဲ့ တင်ဘ၀ပါ ပျက်သွားမလားပဲ
ဒုက္ခ...... ဒုက္ခပဲ ........ တစ်ကယ်ကို ဒုက္ခပါပဲ....
နင့်ဒက်ဒီနဲ့ မာမီနှစ်ဦးသဘောတူ ဖန်ဆင်းထားတဲ့ မမက်မနေရ နင့်ရဲ့ ရွေအိပ်မက်ထဲမှာ
ငါက ဟိုပုန်း ဒီကပ်နဲ့  ဖုန်တက်နေတဲ့ ရွှေမင်းသား...........
လမ်းကြိုလမ်းကြား မူမူးနဲ့ လျှောက်သွား...........
တွေ့ ရာလှေကားထစ် ခွေအိပ်တက်တဲ့ ..............
ငါ့ရဲ့  သွေးလေချောက်ခြား အိပ်မက်ညတွေထဲမှာ
ဖြစ်ချင်းဖြစ် အလွန်ဆုံး နင်က ဆယ်အိမ်ခေါင်းရဲ့ သမီးလတ် ....
ဒီတော့ပေါင်းစပ်ခွင့်ဆိုတာ နင့်ဘက် / ငါ့ဘက်
အနူလက်နဲ့ တားတဲ့စည်းမျဉ်းဥပဒေသ တစ်ရပ်ပဲ......
ကဲ.....ရွေမိမိမုန်းရေ......
တစ်လမ်းကျော် ဟိုဖက်လမ်းထိပ် ဆိုက္ကားဂိတ်မှာ
ငါ..စောင့်ဆိုင်းမှေးငိုက်ရင်း တွေးနေမိတာက
နင့်အချစ် / ငါ့အချစ်ဆိုတာကလည်း
ဟိုးကောင်းကင်ပေါ်က သက်တန့် တစ်စင်းစာ အချိန်တစ်ခဏပဲ
မိုက်မဲခွင့်ရှိတာပဲလေ....မဟုတ်လား..........။
ဇက်ကကြိုး

No comments:
Post a Comment