ဘ၀မှာ ဟိုးး ခပ်ငယ်ငယ်လေးကတည်းက မျှော်လင့်ခဲ့တဲ့ အိပ်မက်တစ်ခုက
တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာဒေသ တစ်ခုမှာ မျှော်စင်ကလေးတစ်ခု တည်ဆောက်နိုင်ဖို့ပဲ..။
ကိုယ်တည်ဆောက်ချင်တဲ့ မျှော်စင်ကလေးမှာ မြို့ပြ ရဲ့ မာကျူရီ မီးရောင်တွေကို ငေးမော ကြည့်နိုင်မယ် လွင့်မျောနေတဲ့ ကောင်းကင်တစ်ခုံလုံးကို ထွေးပွေ့နိုင်တော့မလောက်ထိ နီးကပ်နေမယ်။
ရွေ့လျားလာမယ့် လေထုတွေထဲမှာ မှေးစက်နေနိုင်မယ် ။ ကိုယ်က အဲ့လို မျှော်လင့်ခဲ့သူပေါ့။
မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ ငြိမ်သက်နေတတ်တဲ့အရာမဟုတ်ဘူးလို့
ကိုယ် တစ်စတစ်စ သိလာခဲ့တယ်။ ကိုယ်တည်ဆောက်ချင်တဲ့ မျှော်စင်ကလေးပေါ်မှာ
သူမ ရယ် ကိုယ်ရယ်. ကိုယ်ရယ် သူမရယ်
အဲ့ဒီထက်ပိုပြောရရင် ဆုရယ်.. မောင်ရယ်..မောင်ရယ် ..ဆုရယ် ..
အတူတူရှိနေရမယ့် ရှင်သန်မှုမျိုးဟာ ဘ၀အတွက် အရေးပေါ်လိုအပ်ချက်တစ်ခု ၊
ကိုယ်ဘာကိုမှ မညာချင်တော့ပါဘူး ရှင်သန်မှုနဲ့ ရင်ခုန်ချက်တိုင်းကို
သူမရဲ့ ပျော်ရွှင် ရယ်မောမှု သက်သက်တွေနဲ့ သာ အဓိပါယ်ဖွင့်ဆိုနိုင်တော့မယ့်အထိ
ဘ၀ဟာ နူးညံ့လာခဲ့တယ်။
ဘ၀မှာ မိသားစုဆိုတာ ကုန်လွန်ခဲ့တဲ့ နှစ်ကာလ တွေတုန်းကတည်းက ပျက်စီးသွားတဲ့အရာလို့
ကိုယ်တွေးတောခဲ့ဖူးတယ်။ ပျက်စီးသွားခဲ့တဲ့ မိသားစု ဘ၀နဲ့ အတူတူ ရှင်သန်မှုနဲ့ မျှော်စင်တွေဟာ
ပြိုကျ ပျက်စီးသွားခဲ့ရတယ်။
သူမ ကိုယ့်ရင်ခွင်ထဲမှာ မှေးစက် မိန်းမောနေခြင်း မရှိခဲ့တဲ့ အချိန်တွေတုန်းက..
သူမ လက်ဖ၀ါးကို ကိုယ် ဆုပ်ကိုင်ထားခွင့် မရခဲ့တဲ့ အချိန်တွေ တုန်းက ..
ချစ်ခြင်းမေတ္တာဟာ နာကျင်မှုတွေကို တည်ဆောက်ထားတဲ့ စကားလုံး အဆောက်အအုံသက်သက်လို့...
စွန့်လွှတ်ဆုံးရှုံး လိုက်ရခြင်း တွေကို သတိတရ နာကျင်ခံစားနေမဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့..
ကိုယ် ယုံကြည် ထင်မှတ် ခဲ့ဖူးတာပေါ့..
ချစ်ခြင်းမေတ္တာဟာ အသက်ရှင်သန်မှုကို ရှော့ခ်ရိုက်ပေးနေရတဲ့
အရေးတကြီး ရင်ခုန်သံဖြစ်ကြောင်း အဲ့ဒီလို ကိုယ်ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးပါဘူး
သူမကတော့ ချစ်ခြင်းမေတ္တာဆိုတာ ဘ၀ကို နွေးထွေးစေတတ်တဲ့ အလင်းရောင်ကလေးတစ်ခု ဖြစ်ကြောင်း
ကိုယ့်ကို ယုံကြည်လာစေခဲ့သူ ။ ယုံကြည်ချက်ဟာ ဘ၀နဲ့ အသက်ရှင်နေထိုင်မှုမှာ
အစစ်မှန်ဆုံး အမှန်တရားတစ်ခု ဖြစ်ကြောင်း. ကမ္ဘာကြီးကို ခေတ်သမိုင်းအဆက်ဆက်တွေအရ
ကိုယ် သက်သေ ပြဖို့ မလိုအပ်တော့ဘူးလေ။
ဘာသာစကားနဲ့ အရာအားလုံးကို သိမ်ငယ်သွားစေလိမ့်မယ် ။
ကိုယ်ပြောဆိုမိသမျှ လူသားနဲ့ ဘုရားသခင်တွေ ယုံကြည်မပေးနိုင်ဘူးဆိုရင်လည်း
ယုံကြည်ချက်ဟာ ဘ၀နဲ့ အသက်ရှင်နေထိုင်မှုမှာ အစစ်မှန်ဆုံး အမှန်တရားတစ်ခု ဖြစ်ကြောင်း. ကမ္ဘာကြီးကို ခေတ်သမိုင်းအဆက်ဆက်တွေအရ ကိုယ် သက်သေပြဖို့ မလိုအပ်တော့လောက်ပါဘူး
သူမဟာ ကိုယ့်ရှင်သန်မှု ဘ၀တစ်ခုလုံး လိုအပ်တောင့်တခဲ့တဲ့ မျှော်စင်တစ်ခှု
သူမဟာ ကိုယ်တည်ဆောက်ချင်တဲ့ မိသားစု အဆောက်အအုံကလေးရဲ့ မိခင်တစ်ဦး
သူမဟာ ကိုယ့်ဘ၀ တစ်ခုလုံးရဲ့ အိမ်ပြန်ချိန် ညနေခင်း..
ဘ၀မှာ မမြင်ရတဲ့ မျှော်စင်တွေကို ငေးမောကြည့်ခဲ့ဖူးတယ်.
မတည်ဆောက်နိုင်တဲ့ မိသားစုကို ဖန်တီးနိုင်ဖို့ မျှော်လင့်ခဲ့ဖူးတယ်
နားမလည်နိုင်တဲ့ ဘာသာစကားတွေကို ဖတ်ရူကြည့်ဖို့ ကြိုးစားခဲ့ဖူးတယ်..
သူမကတော့ ရီဝေလွင့်မျောနေတဲ့ ကိုယ့်မျက်လုံး.. ကိုယ့်အပြုံးတွေ..ကို ယုံကြည်ငေးမောကြည့်နေသူ
ကိုယ့်မှာ တည်ဆောင်ချင်တဲ့ မျှော်စင်တစ်ခုရှိတယ် ..သူမ လက်ဖ၀ါးကို ဆုပ်ကိုင်လို့
တိမ်ငွေ့တွေကို ငေးမောကြည့်နေဖို့
ကမ္ဘ္ဘာကြီးတစ်ခုလုံးကို ထမ်းမထားနိုင်ရင်တောင်
သူမ ဘ၀ တစ်ခုလုံးကို ဖေးမ ပေးထားနိုင်တဲ့ ပုခုံးတစ်စုံ ကိုယ့်မှာရှိချင်တယ်
သူမကို ကိုယ့်ရင်ခွင်ထဲမှာ ထွေ့ပွေ့လို့ ၀င်လာသမျှ အပူဒဏ် ကိုယ့်ကျောနဲ့ ကာထားချင်တယ်
မှူးသစ်

မျှော်စင်တွေရယ် သူမရယ် .ကိုယ့်အသက်ရှင်နေထိုင်မှု အဓိပါယ်တွေတိုင်းဟာ
ဘ၀တစ်ခုလုံးမှာ လွင့်မျောလို့ နွေးထွေးနေတယ်
ဘ၀မှာ မိသားစုဆိုတာ ကုန်လွန်ခဲ့တဲ့ နှစ်ကာလ တွေတုန်းကတည်းက ပျက်စီးသွားတဲ့အရာလို့
ကိုယ်တွေးတောခဲ့ဖူးတယ်။ ပျက်စီးသွားခဲ့တဲ့ မိသားစု ဘ၀နဲ့ အတူတူ ရှင်သန်မှုနဲ့ မျှော်စင်တွေဟာ
ပြိုကျ ပျက်စီးသွားခဲ့ရတယ်။
သူမ ကိုယ့်ရင်ခွင်ထဲမှာ မှေးစက် မိန်းမောနေခြင်း မရှိခဲ့တဲ့ အချိန်တွေတုန်းက..
သူမ လက်ဖ၀ါးကို ကိုယ် ဆုပ်ကိုင်ထားခွင့် မရခဲ့တဲ့ အချိန်တွေ တုန်းက ..
ချစ်ခြင်းမေတ္တာဟာ နာကျင်မှုတွေကို တည်ဆောက်ထားတဲ့ စကားလုံး အဆောက်အအုံသက်သက်လို့...
စွန့်လွှတ်ဆုံးရှုံး လိုက်ရခြင်း တွေကို သတိတရ နာကျင်ခံစားနေမဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့..
ကိုယ် ယုံကြည် ထင်မှတ် ခဲ့ဖူးတာပေါ့..
ချစ်ခြင်းမေတ္တာဟာ အသက်ရှင်သန်မှုကို ရှော့ခ်ရိုက်ပေးနေရတဲ့
အရေးတကြီး ရင်ခုန်သံဖြစ်ကြောင်း အဲ့ဒီလို ကိုယ်ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးပါဘူး
သူမကတော့ ချစ်ခြင်းမေတ္တာဆိုတာ ဘ၀ကို နွေးထွေးစေတတ်တဲ့ အလင်းရောင်ကလေးတစ်ခု ဖြစ်ကြောင်း
ကိုယ့်ကို ယုံကြည်လာစေခဲ့သူ ။ ယုံကြည်ချက်ဟာ ဘ၀နဲ့ အသက်ရှင်နေထိုင်မှုမှာ
အစစ်မှန်ဆုံး အမှန်တရားတစ်ခု ဖြစ်ကြောင်း. ကမ္ဘာကြီးကို ခေတ်သမိုင်းအဆက်ဆက်တွေအရ
ကိုယ် သက်သေ ပြဖို့ မလိုအပ်တော့ဘူးလေ။
"ဆုကို မောင်ချစ်တယ်.."အဓိပါယ်ဖွင့်ဆိုမှုတွေ ကျယ်ပျံ့ခြင်း သိပ်မရှိလှတဲ့ စကားလုံးတည်ဆောက်မှုသက်သက်ဟာ
ဘာသာစကားနဲ့ အရာအားလုံးကို သိမ်ငယ်သွားစေလိမ့်မယ် ။
ကိုယ်ပြောဆိုမိသမျှ လူသားနဲ့ ဘုရားသခင်တွေ ယုံကြည်မပေးနိုင်ဘူးဆိုရင်လည်း
ယုံကြည်ချက်ဟာ ဘ၀နဲ့ အသက်ရှင်နေထိုင်မှုမှာ အစစ်မှန်ဆုံး အမှန်တရားတစ်ခု ဖြစ်ကြောင်း. ကမ္ဘာကြီးကို ခေတ်သမိုင်းအဆက်ဆက်တွေအရ ကိုယ် သက်သေပြဖို့ မလိုအပ်တော့လောက်ပါဘူး
ဆုကို မောင်ချစ်တယ် ..
ဘ၀နဲ့ ရင်းပြီး ကိုယ်တည်ဆောက်ချင်တဲ့ မျှော်စင်ပေါ်မှာ သူမ ရှိနေရမယ်..
ပြီးပြည်စုံမှုတွေ ဟာ အဲ့ဒီ စကားလုံးဘောင်တွေထဲမှာပဲ ပြီးပြည့်စုံနေခဲ့တယ် သံသရာတစ်ခုလုံးနဲ့ယှဉ်လို့..
သူမဟာ ကိုယ့်ရှင်သန်မှု ဘ၀တစ်ခုလုံး လိုအပ်တောင့်တခဲ့တဲ့ မျှော်စင်တစ်ခှု
သူမဟာ ကိုယ်တည်ဆောက်ချင်တဲ့ မိသားစု အဆောက်အအုံကလေးရဲ့ မိခင်တစ်ဦး
သူမဟာ ကိုယ့်ဘ၀ တစ်ခုလုံးရဲ့ အိမ်ပြန်ချိန် ညနေခင်း..
ဘ၀မှာ မမြင်ရတဲ့ မျှော်စင်တွေကို ငေးမောကြည့်ခဲ့ဖူးတယ်.
မတည်ဆောက်နိုင်တဲ့ မိသားစုကို ဖန်တီးနိုင်ဖို့ မျှော်လင့်ခဲ့ဖူးတယ်
နားမလည်နိုင်တဲ့ ဘာသာစကားတွေကို ဖတ်ရူကြည့်ဖို့ ကြိုးစားခဲ့ဖူးတယ်..
သူမကတော့ ရီဝေလွင့်မျောနေတဲ့ ကိုယ့်မျက်လုံး.. ကိုယ့်အပြုံးတွေ..ကို ယုံကြည်ငေးမောကြည့်နေသူ
ကိုယ့်မှာ တည်ဆောင်ချင်တဲ့ မျှော်စင်တစ်ခုရှိတယ် ..သူမ လက်ဖ၀ါးကို ဆုပ်ကိုင်လို့
တိမ်ငွေ့တွေကို ငေးမောကြည့်နေဖို့
ကမ္ဘ္ဘာကြီးတစ်ခုလုံးကို ထမ်းမထားနိုင်ရင်တောင်
သူမ ဘ၀ တစ်ခုလုံးကို ဖေးမ ပေးထားနိုင်တဲ့ ပုခုံးတစ်စုံ ကိုယ့်မှာရှိချင်တယ်
သူမကို ကိုယ့်ရင်ခွင်ထဲမှာ ထွေ့ပွေ့လို့ ၀င်လာသမျှ အပူဒဏ် ကိုယ့်ကျောနဲ့ ကာထားချင်တယ်
ပြီးပြည်စုံမှုတွေ ဟာ အဲ့ဒီ စကားလုံးဘောင်တွေထဲမှာပဲ ပြီးပြည့်စုံနေခဲ့တယ် သံသရာတစ်ခုလုံးနဲ့ယှဉ်လို့
ဘ၀နဲ့ ရင်းပြီး ကိုယ်တည်ဆောက်ချင်တဲ့ မျှော်စင်ပေါ်မှာ သူမ ရှိနေမှ ဖြစ်မယ်
မှူးသစ်
No comments:
Post a Comment