တစ်ယောက်ယောက်က သူ့ကို မနက်အစောကြီး
ကုတင်ပေါ်မှာ မျက်လုံးကြီး ပွင့်ရက်နဲ့ မျက်နှာကျက်ကို ကြည့်နေတာကိုတွေ့လိမ့်မယ်
ပြီးတော့ မေးလိမ့်မပေါ့ အစောကြီးနိုးနေတာလားဆိုပြီး
သူက ဖြေလိမ့်မယ် ဟုတ်တယ် လို့ ။
တစ်ညလုံးအိပ်မရတဲ့ ညတွေဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ ပြေးလွှားနေခဲ့ကြ
သူ အဲ့ဒီညတွေကို သူ့လက်တွေနဲ့သပ်ချလိုက်တဲ့အခါ
တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်လို့အင်္ကျီကပြုတ်ထွက်သွားတဲ့ ကြယ်သီးတွေလို
စိတ်အဆင်မပြေမှုတွေ၊ အနာတရတွေ၊ အပစ်ပယ်ခံရမှုတွေ၊ အထီးကျန်မှုတွေ ထွက်ကျလာလိမ့်မယ်။
ကိုယ့်ကိုကိုယ် လိမ်ညာမှုဟာ အကြီးမားဆုံးသော လိမ်လည်မှုဖြစ်တယ်
ကိုယ့်ကိုကိုယ် လိမ်ညာတာဟာလည်း လူ့အဖွဲ့အစည်းကိုလိမ်ညာခြင်းဖြစ်တယ် လို့ အိုရှိုးက ဆိုတယ်
Showing posts with label ရင်ခွင်ရှိန်း. Show all posts
Showing posts with label ရင်ခွင်ရှိန်း. Show all posts
Friday, January 10, 2014
Wednesday, September 18, 2013
စောက်သုံးမကျတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ဒီကမ္ဘာကြီးကို အဟောင်းအတိုင်းထားခဲ့မယ်
ရင်ခွင်ရှိန်း၊ ဇက်ကကြိုး၊ မှူးသစ်
မသေခင်တစ်ခုခုတော့ လုပ်သွားရမယ်ဆိုတဲ့ ဘာမှန်းမသိတဲ့ ယဉ်ကျေးမှုတွေ
သေနေတဲ့ အတွေးအခေါ် ခံစားချက်တွေ မယုံကြည်မှုနဲ့ မျှော်လင့်ချက်ဟာ
နေထိုင် ရှင်သန် ရတာ မွန်းကြပ်လွန်းတယ်
တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ပြုံးပြနေရတာမှာ အန္တာရယ် အငွေ့အသက်တွေရရှိ
လွှတ်ချခဲ့ရမှာတွေ သိပ်များနေတယ် ။
တန်ဖိုးထားမှုတွေဟာ အယုံအကြည်ကင်းမဲ့စရာကောင်းလာတာနဲ့အမျှ
လွှတ်ချခဲ့ရမှာတွေ သိပ်များလာတယ် ။
စီးကရက်တွေကို ဖွာရှိုက်ရင်း လောင်မြိုက်သွားတဲ့ အခိုက်အတန့်ဟာ
အရေပြားလန်နေတဲ့ စိတ်ကို သပ်လျှို ရိုက်သွင်းလိုက်တာပေါ့
လူ့အဖွဲ့အစည်းကို ဂရုစိုက်နေပေးခြင်းဟာ ရူးခြင်းကိုဖြစ်စေတယ်
လွတ်နေတဲ့ နေရာတွေထဲက ရှိရှိသမျှ ယုံကြည်မှုကို ဆွဲထုတ်
ဘာတွေကို ဂရုစိုက်ပြီးတော့များ လူ့ဘ၀ကြီးကို ရွေးချယ်လိုက်ရမလဲ
အသစ်အဆန်းလိုလို တံဆပ်ကပ်ထားတဲ့ လူမှု့ဆက်ဆံရေးအဟောင်းတွေကိုပဲ တစ်စတစ်စ ရွံ့ရှာလာ
Friday, May 31, 2013
အားလုံးအဆင်ပြေမှာပါကွယ် တဆတ်ဆတ်တုန်ရီနေတာကလွဲလို့ပေါ့ ။(ရင်ခွင်ရှိန်း)
ငါတို့ရည်းစားဘ၀တုန်းက အင်းလျားရဲ့လေက သိပ်ချိုတာပဲမှတ်လား
ခုများ မင်းမှာ လကုန်ရက်မြန်မြန်ရောက်ပါစေ ဆုတောင်းနေတာနဲ့
နက်ဖြန်အတွက်ဈေးဖိုးနဲ့ ဇောချွေးတွေပြန်နေတာ မောင်မကြည့်ရက်ဘူး
"ဆိုက်ကားစီးသွားရင် ၂၀၀ ကုန်ဦးမယ်ကွယ်
လာလမ်းပဲလျှောက်ရအောင်"
အင်တင်တင် ကိုယ့်လက်ကို အတင်းဖက်ထားတဲ့
အရူးမလေး ။ ငါ မင်းကို ပိတ်ထုလိုက်ချင်တယ်။
Tuesday, April 9, 2013
မနေပျော်တဲ့ဘ၀ကြီးရဲ့ မီးပွိုင့်တွေမှာ ငါတို့ဟာ အမြဲတမ်း မီးနီမိနေတယ် ။( ရင်ခွင်ရှိန်း)
ဟိုးအဝေးက လှိုင်းတွေတွေပစ်ခတ်ထုတ်နေတာ တောင်တန်းတွေပဲမှတ်လား ။
ဒဏ်ရာဟာ အချိန်အကြာကြီး ထုပ်ပိုးသိမ်းဆည်းထားပေမယ့်လည်း လတ်ဆတ်ဆဲ
မမြင်ရတဲ့ လမ်းတွေမှာ ကိုယ် ရှူရှိုက်ချင်တဲ့ လတ်ဆတ်တဲ့လေနုအေးတွေရှိကောင်းရှိနိုင်ပါတယ်။
အသက်ရှင်နေထိုင်မှုကို မချစ်မြတ်နိုးတော့ဘူးဆိုရင် သေဆုံးခြင်းကိုရွေးချယ်ရမှာပဲ။
ခုဆို Tag ခလုတ်ကို အရင်လို ယုံကြည်မှုမရှိပဲနဲ့ မနှိပ်ပစ်ရဲတော့ဘူး။
မင်းတို့ ငါတို့စိတ်တွေ ရေချိုးခန်းထဲအချိန်အကြာကြီးဝင်ပြီး နေမကောင်းဖြစ်တယ်
တစ်ယောက်ယောက် က *နင်* လို့ခေါ်တဲ့ အခါ နာကျင်ရင် နာကျင်မှာပေါ့ ။စိတ်မကောင်းစရာသက်သက်မှန်းသိသင့်တယ်။
ဒဏ်ရာဟာ အချိန်အကြာကြီး ထုပ်ပိုးသိမ်းဆည်းထားပေမယ့်လည်း လတ်ဆတ်ဆဲ
မမြင်ရတဲ့ လမ်းတွေမှာ ကိုယ် ရှူရှိုက်ချင်တဲ့ လတ်ဆတ်တဲ့လေနုအေးတွေရှိကောင်းရှိနိုင်ပါတယ်။
အသက်ရှင်နေထိုင်မှုကို မချစ်မြတ်နိုးတော့ဘူးဆိုရင် သေဆုံးခြင်းကိုရွေးချယ်ရမှာပဲ။
ခုဆို Tag ခလုတ်ကို အရင်လို ယုံကြည်မှုမရှိပဲနဲ့ မနှိပ်ပစ်ရဲတော့ဘူး။
မင်းတို့ ငါတို့စိတ်တွေ ရေချိုးခန်းထဲအချိန်အကြာကြီးဝင်ပြီး နေမကောင်းဖြစ်တယ်
တစ်ယောက်ယောက် က *နင်* လို့ခေါ်တဲ့ အခါ နာကျင်ရင် နာကျင်မှာပေါ့ ။စိတ်မကောင်းစရာသက်သက်မှန်းသိသင့်တယ်။
Saturday, March 23, 2013
အမှားပြင်ဆင်ချက်မှာ သူမအား ချစ်သည်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် ။(ရင်ခွင်ရှိန်း)
တစ်စက္ကန့်လေးမှခွဲမသွားပါဘူးလို့ ...။
မျက်တောင်လေးတွေနေမကောင်းဘူး ။ လက်ချောင်းလေးတွေ ခြေချောင်းလေးတွေယောင်ကိုင်းနေတယ်။
ဆူးကိုင်းမှာသွားချိတ်တော့မဲ့ ပူဖောင်းလို အကြည့်လေး။
လိမ်ညာခြင်းကို ချွတ်ပစ်လိုက်တော့မှ မြင်ရတဲ့ ရပ်တည်မှုရင်သား
မောင့်အသိုင်းအ၀ိုင်းက ကျမကို ပြောကြမှာပေါ့ဆိုတာထက် ပိုနားထောင်လို့ကောင်းမဲ့
ကွန်ဒုံးအသစ်လေးအကြောင်း ။
ဒီတစ်ခါ တောင်ကုန်းလေးပေါ်က ခုန်ချရင် လေထီးလေးပွင့်သွားမှာငါသိပ်ကြောက်တယ်။
လူငယ်တစ်ယောက် ပြောမဲ့စကားလုံးတွေကို ဖွင့်လိုက်တဲ့ သော့က
မင်းမျက်ဝန်းနက်နက်ကလေးပဲ။
ဆိုက်ပရပ်စ်နဲ့ ဗင်းနစ် မှာလည်းဒီအိပ်ရာတွေပါပဲ ။
Facebook ပေါ်မှာ ဆို ကိုယ် ခုချိန် ကိုယ်ဝန်ရသွားပြီ ။
Tuesday, December 25, 2012
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။ ( ရင်ခွင်ရှိန်း)
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိန်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...