Wednesday, September 18, 2013

စောက်သုံးမကျတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ဒီကမ္ဘာကြီးကို အဟောင်းအတိုင်းထားခဲ့မယ်

ရင်ခွင်ရှိန်း၊ ဇက်ကကြိုး၊ မှူးသစ်

မသေခင်တစ်ခုခုတော့ လုပ်သွားရမယ်ဆိုတဲ့ ဘာမှန်းမသိတဲ့ ယဉ်ကျေးမှုတွေ
သေနေတဲ့ အတွေးအခေါ် ခံစားချက်တွေ မယုံကြည်မှုနဲ့ မျှော်လင့်ချက်ဟာ
နေထိုင် ရှင်သန် ရတာ မွန်းကြပ်လွန်းတယ်
တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ပြုံးပြနေရတာမှာ အန္တာရယ် အငွေ့အသက်တွေရရှိ
လွှတ်ချခဲ့ရမှာတွေ သိပ်များနေတယ် ။
တန်ဖိုးထားမှုတွေဟာ အယုံအကြည်ကင်းမဲ့စရာကောင်းလာတာနဲ့အမျှ
လွှတ်ချခဲ့ရမှာတွေ သိပ်များလာတယ် ။
စီးကရက်တွေကို ဖွာရှိုက်ရင်း လောင်မြိုက်သွားတဲ့ အခိုက်အတန့်ဟာ
အရေပြားလန်နေတဲ့ စိတ်ကို သပ်လျှို ရိုက်သွင်းလိုက်တာပေါ့
လူ့အဖွဲ့အစည်းကို ဂရုစိုက်နေပေးခြင်းဟာ ရူးခြင်းကိုဖြစ်စေတယ်
လွတ်နေတဲ့ နေရာတွေထဲက ရှိရှိသမျှ ယုံကြည်မှုကို ဆွဲထုတ်
ဘာတွေကို ဂရုစိုက်ပြီးတော့များ လူ့ဘ၀ကြီးကို ရွေးချယ်လိုက်ရမလဲ
အသစ်အဆန်းလိုလို တံဆပ်ကပ်ထားတဲ့ လူမှု့ဆက်ဆံရေးအဟောင်းတွေကိုပဲ တစ်စတစ်စ ရွံ့ရှာလာ

"မင်းဟာ ဘာသားနဲ့များထုစစ်ထားတဲ့ လူလဲ" လို့ဘယ်သူကမှ  ငါ့ကို မေးဖို့ အခွင့်အရေးမရှိ
လူမှု့ဆက်ဆံရေး နဲ့ အသက်ရှင်နေထိုင်မှု ရွေ့လျား ပျော်ရွှင်မှု
ပုံစံခွက်တွေ ဘောင်တွေ အားလုံးကို ငါရိုက်ချိုးပစ်လိုက်ချင်နေတယ်
အိမ်မွေးခွေးကလေးတွေ ၊ အလှမွေးငါးကန်ထဲက ငါးလေးတွေ၊ လှောင်ချိုင့်ထဲကငှက်လေးတွေနဲ့
လူဟာ အလှောင်ခံလေးတွေရဲ့ဘ၀ကိုကြည့်ပြီးစိတ်ချမ်းသာတယ် ။ ကျေနပ်မှုဖြစ်တယ်။
လူဟာ တိရိစ္ဆာန်ထက် ဘယ်နေရာမှာ အဆင့်မြင့်နေခဲ့ပါသလဲ ။
တစ်ပါးသူရဲ့မျက်ရည်ကျတာလေးကိုမှ မမြင်ရရင် အရသာမရှိတဲ့နေထိုင်မှုတွေ။
စကားလုံးတွေချည်းပဲသက်သက်ဆို လူတွေဟာ ယုံကြည်စရာလည်းသိပ်ကောင်း
ကိုယ် မအန်ချနိုင်တော့ဘူး ။မအန်နိုင်တော့ဘူး ။ ကိုယ့်ကို အန်လို့ရအောင် နေပေးကြပါ။
လက်ဝါးခြင်းရိုက်ထားတာ ထက် မပိုတဲ့ လက်ခုပ်သံတွေကို ကိုယ့်နား ကိုယ့်အာရုံတွေမှာ
လက်ခံ ခံစားကြည့်လို့မရ တစ်ယောက်ထဲ သီးချင်တွေနားထောင်နေမိတယ် "သက်ငြိမ်"
ငြိမ်သက်နေရတာဟာ အရသာပဲ လူတွေရဲ့ အပြင်ဘက်ကို ရောက်ရှိနေသလို အရသာရှိရှိ ခံစားရ
ကမ္ဘာနဲ့အတူ အတွေးအခေါ်အယူအဆ အဆိပ်တက်နေတဲ့ လူ့ယဉ်ကျေးမှုတွေဟာ
တစ်စတစ်စ ဟောင်းနွမ်းလာပြီး လူအဖွဲ့အစည်းကတော့ တစ်စတစ်စ သစ်လာနေတယ် ။
မယုံကြည်တော့ဘူး တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေရတာ
တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနူတ်ဆက်နေရတာ
တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေကြတာ တစ်ယောက်ကိုတစ်ယောက်
လက်ခုပ်တွေ တီးပေးနေကြတာ ဘာကိုမှ ကိုယ်မယုံကြည်တော့ဘူး
မီးမလင်းတဲ့အခန်းတွေ ၊ အရေပြားလန် အနာရင်းနေတဲ့ မြင်ကွင်းတွေ
ရေသောက်လိုက်မိတာ လည်ချောင်းမှာ ကျည်ဆံခွံတွေစူးသွားတယ်။
ယုံပေးချင်ပါတယ် ... ယုံချင်စရာလေး တစ်ခုခုလောက် ရှိနေရင်ပေါ့ ။
အသက်ဇီဝတွေကို လမ်းကြိတ်စက်နဲ့ဖိကြိတ်ပစ်ပြီးမှ ရတဲ့
ပန်းခင်းလမ်းတွေကိုလည်း ခင်ဗျားတို့လူ့အဖွဲ့အစည်းကြီး ပျော်ပျော်လျှောက်ကြပါ။
လူသားတစ်ဦးချင်း ရပ်တည်မှုကို စောက်တန်ဖိုးမထားတဲ့ ခင်ဗျားတို့တွေလည်း စောက်တန်ဖိုးမရှိ။
စိတ်တွေကို သတ်ပစ်နေကြတယ် ။ ခင်ဗျားတို့ဟာ စိတ်ခံစားမှုတွေကိုသတ်ပစ်နေကြတယ်။
မီးရှူးမီးပန်းတွေ ပစ်ဖောက်လိုက်ကြပါဦး ။ အသွေးအသားတွေကို စားသုံးလိုက်ကြပါဦး ။
(၉၆) ပါးသောရောဂါတွေကို ခံစားရင်း သေဆုံးသွားလိုက်ကြပါဦး။
အဓိပ္ပာယ်ရှိသော နေထိုင်ခြင်းလို့ မြည်တမ်းခဲ့လိုက်ကြပါဦး ။
ဝေလငါး အကြီးကြီးတွေကို ဖမ်းခဲ့ကြတယ်လို့ ရေးထားခဲ့လိုက်ကြပါဦး ။
မျှော်စင်အမြင့်ကြီးတွေဆောက်ခဲ့ကြတယ်လို့ ကဗျည်းတွေ ထိုးခဲ့လိုက်ကြပါဦး။
ကလေးငယ်တွေစီးဖို့ ဒန်းတွေ၊ မြင်းရုပ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဂုဏ်ယူလိုက်ကြပါဦး ။
ဘေးအခန်းက လူငယ်တစ်ယောက် တိုက်ပေါ်ကခုန်ချသွားတဲ့သတင်းကို
မိသားစု ထမင်းစားပွဲလေးမှာ အံ့သြမှု ၁၀၀ % အပြည့်နဲ့ ပြောလိုက်ကြပါဦး ။
လောင်းထားတဲ့ အသင်းဂိုးသွင်းသွားလို့ Shake လိုက်ပါဦး ။
အပျော်စီးသဘောင်္တွေနဲ့ပင်လယ်လေညှင်းတွေကို ခံစားလိုက်ကြပါဦး ။
ဟက် ! မျက်ရည်အတုတွေနဲ့ ဆုတောင်းမှုတွေပြုလုပ်လိုက်ပါဦး ။
ကိုယ် အန်ချင်ပါတယ် ။ အန်လို့မရတော့ဘူး ။ ကိုယ့်ကို အန်နိုင်အောင် ကူညီပေးပါ ။
စိတ်အကွဲကြီးနဲ့ နှစ်ယောက်တတွဲဆိုတာတွေ လိုက်ဆွဲဖြဲနေပြစ်တယ်။
လူကစလိုက်တာက အစ လူကမနိုင်တော့တာအထိ ထမ်းထားတဲ့ကမ္ဘာကို
မကြာ မကြာ ခါးထစ်ခွင် ပြောင်းချီရင်း Don't go တွေဘာတွေနဲ့ အိပ်မက်တွေ အထိ လေ ထွက်နေတယ်
အခုလူက ယဉ်ကျေးမှု့အသစ်နဲ့။ခင်ဗျားတို့သိလား။
လူသေရင်တောင့်သွားသလို စိတ်သေတော့လည်း မရယ်ဖြစ် မငိုဖြစ် မပျော်ရွှင် မတုန်လှုပ်ဖြစ်သလို သေပြီးတောင့်လာတယ်။သံသယစိတ်နဲ့နိုးပြီး မလုံခြုံမှု့နဲ့ အိပ်နေရသလို
ထမင်းထဲက ညှော်နံ့တွေ အလာပ သလာပ ညစ်ထေးမှု့တွေနဲ့
တစ်စတစ်စ ဆက်လာရင်း နာကျင်စရာတွေ ရှည်လျား
အပျော်လေးတွေသေသွားတာမြင်ကြလား။ တချက်တော့ လှည့်ပြုံးပြပါဦး
အလွယ်တကူ အစစအရာရာ ငြီးငွေ့နေတယ် လူတွေဟာ အသုံးမကျတဲ့တန်းဖိုးထားမှုတွေမှာပဲ
အရေးတကြီးသွေးပျက်ခြောက်ခြား ဟိုနားတစ်ဖွဲ့ ဒီနားတစ်ဖွဲ့ စုစု နဲ့ စုစည်းနေတဲ့
စောက်တလွဲ လူ့အဖွဲ့အစည်းအကြောင်းကို ကဗျာတွေထဲမှာ ထပ်ပြီး ထည့်ပြောနေရမယ်။
ဘာမှမရေးဘူး စောက်အသုံးမကျတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ဒီကမ္ဘာကြီးကို အဟောင်းအတိုင်းထားခဲ့မယ်
အတ္တတရားနဲ့ ကမ္ဘာပတ်ဖို့ကြိုးစားနေတဲ့ လူရွှင်တော်တွေလို ငြီးငွေ့တယ်
အငွေ့တစ်လူလူဖြစ်အောင် ဘာတွေကို စပြီး ရှို့ပစ်လိုက်ရမလဲ
ငါတို့ဟာ ငါတို့လောက်ပဲ  ရိုးသားနိုင်မယ် ငါတို့ဟာ ငါတို့လောက်ပဲ တန်ဖိုးရှိနိုင်မယ်
တစ်စုံတစ်ရာ သတ်မှတ်ချက်မှန်သမျှ အသေခံတိုက်ပွဲတွေလို
လူ့အဖွဲ့အစည်းကို အမြဲတစေ တိုက်ခိုက် တော်လှန်နေရမှာပဲ
အထွက်ပဲရတဲ့ လွတ်လပ်ခြင်းပြတင်းတွေကို အစိမ်းရောင်သုတ်ထားတယ်။
စိမ်းစိမ်းကားကားနဲ့ အစော်ကားခံလူသားတွေကို ထည့်ပေးထားမယ်။
လနဲ့ငြိပြီး ညမှာကျန်နေရစ်တဲ့ ငေးသူတစ်ယောက်ရဲ့အဆိပ်တက်မှု့ကို ခင်ဗျားတို့က အဆဲစကားအဖြစ်ကြားမယ်။လက်မောင်းမှာထင်းနေတဲ့သွားကိုက်ရာအဖြစ်မြင်တယ်။
စကားလုံးတွေမရှိတော့ဘူး ခင်ဗျားတို့အော်နေတယ်ပေါ့။ခင်ဗျားတို့နားတွေ ကန်းကုန်ကြတာ မပျော်ဘူးလား။ဒီဘက်ခေတ်ရဲ့ရေနစ်နေတဲ့ခွေးလေးသေပြီ။
စိတ်နစ်နေတဲ့အရက်သမားကားဂိတ်မှာ နှစ်ရာကားတွေ ငေးရင်း သေပြီ။ချစ်ခြင်းနဲ့ရေခဲတုံးလေးတွေ
ရောပြီးလှုပ်လိုက်တဲ့အခါ ခင်ဗျားတို့အားလုံး ဒဏ်ရာကို ခနလေးအတွင်းမှာပဲ ပြန်ရှာလို့ရမှာပါ။
လေထဲမှာ ရွေ့နေတဲ့ အသံလှိုင်းတွေကို ယုံကြည်လာမှာပါ။
ရှင်းရှင်းပြောရရင် ကိုးပြီးတော့သုညလာတယ်ဆိုလည်း ခင်ဗျားတို့ရဲ့ အကန်းအသိနဲ့ လက်ခံနိုင်လာမှာပါ။
အလောတကြီး ဘာကို လက်မခံပစ်လိုက်နဲ့
စောက်သုံးမကျတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ဒီကမ္ဘာကြီးကို ငါတို့က အဟောင်းအတိုင်းထားခဲ့ပြီးပြီ။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...