Showing posts with label ကောက်ကွေ့. Show all posts
Showing posts with label ကောက်ကွေ့. Show all posts

Friday, May 31, 2013

ယိမ်း ( ကောက်ကွေ့)


by The Loner (Notes) on Friday, May 31, 2013 at 12:12am
              

               ကျွန်မလေ မောင့်ကို တကယ်ချစ်မိနေပြီလား မသိဘူး။မောင်နဲ့စတွေ့တုန်းက အမြင်ကတ်တယ်။ သိလား။ ဆရာကြီးလုပ်တတ်တဲ့ မောင် က စကားပြောရင်လည်း အထက်စီးဆန်တယ်။ အန္တရာယ်ဆိုတာ မထင်ထားတဲ့နေရာကလာတာတဲ့။ မောင် က ကျွန်မ အတွက် အန္တရာယ် မဟုတ်ဘူး မဟုတ်လား မောင်။ ကျွန်မ မောင့်ကို တကယ်မချစ်ဘူး။ စိတ်လှုပ်ရှားလို့ အဖြေပေးမိတာ။ မောင်က ပိုသိမှာပေါ့။ စိတ်လှုပ်ရှားတယ်ဆိုတာ ဘာလဲလို့။ ကျွန်မ ရဲ့ ပထမဆုံးအတွေ့အကြုံ ကို“ မောင် “လို့ နာမည်ပေးထားတယ်။ကျွန်မ နဲ့ မောင် ဘုရားသွားတုန်းက ကျွန်မ ဖိနပ် မောင့်ကို ကိုင်ခိုင်းခဲ့တယ်နော်။ မောင် မကိုင်ပေးပါဘူး။ ကျွန်မ ထင်တာနဲ့ တခြားစီပါ မောင်။ ကျွန်မ ဆုံးဖြတ်ချက် ရူးရူးမိုက်မိုက်ဟာ စာကလေးတွေရဲ့ အသံနဲ့ ဖုံးအုပ်လို့။ ကမ္ဘာကြီး ဟာလှောင်အိမ်ပဲ မောင်။

Tuesday, February 19, 2013

(ကောက်ကွေ့ )



Installation Art နှင့်သက်ဆိုင်ရာ ပစ္စည်းများ စရိတ်စက သက်သာနေသောကာလ ဖြစ်သော်လည်း ဖန်တီးသူအနုပညာရှင်တို့ လက်ငါးချောင်းပင် ဆန့်ရန်ခက်ခဲ့သည့်အချိန်။ ယခင့် ယခင် က Installation Art ပေါက်ကွဲမှု သည် ကမ္ဘာ့မျက်နှာပြင်အနံှံ့အပြားသို့ရိုက်ခတ်ခဲ့သည်။

                              Anatomy အား ကိုယ်ထူကိုယ်ထလေ့လာရင်း နှစ်ကာလများ ကို အစမ်းသပ်ခံ သတ္တ၀ါတစ်ကောင်အဖြစ် စူးစမ်းလေ့လာခဲ့သည်။

                              ခရီးသွားကုမ္ပဏီတစ်ခုတွင် ကြွက်တစ်ကောင်အတွက် လစာသည် Jerry အား ကျွေးရန်ဒိန်ခဲဖိုး ၊ ထိုထက်ပင် ပိုရှ်ျလျှံနေလေသေးသည်။ အမျိုးအနွယ် အား ပေးကမ်းစောင့်ရှောက်ခြင်း သည် မင်္ဂလာမည် ၏ ဟု ဆိုသော်လည်း မည်သူ့ ကို စောင့်ရှောက်ရှ်ျ မည်သူ့ကို ပေးကမ်းရမည်နည်း။ ဖြေစရာမလိုသော မေးခွန်းများစွာရှိပါသည်။ ပန်းဆိုးတန်းစာအုပ်မြို့တော်နှင့် ဆူးလေ ခုံးကျော်တံတားတို့တွင် လမ်းလျှောက်ရခြင်း ကို ပိတ်ရက်တို့ နှစ်သက်ခဲ့၏။ ခိုများအား အစာကျွေးရန် တကူးတက မြို့ထဲသို့ လာရန် မလိုတော့။ ခိုစာကျွေးသူနှင့် ခိုများ မရှိတော့သောကြောင့် ခိုးစာရောင်းသူများ နယ်မြေသစ်ရှာရန်ထွက်သွား၏။ နံရံပေါ်ရှိ ခိုရုပ်ပုံအား ဖိနှိပ်ရျှ် တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်များ ကို ဆက်သွယ်ကာ မိမိနှစ်သက်ရာအရေအတွက် ပီပီသသရွေးချယ်ကာ မည်သည့် တိရစ္ဆာန်မဆို အစာကျွေးနိုင်သော ကာလ။ ဆောက်လုပ်ရေးလုပ်ငန်းများ သည် ၀န်ဆောင်မှုအနေနှင့် ရှေးခေတ်မှမိမိ တို့ Crazy ဖြစ်သော ပုဂ္ဂိုလ်တို့၏ ရုပ်တုများ  ကို ပင် ထည့်သွင်းပေးလေ့ရှိသည်။ အဆောက်အဦး ဒီဇိုင်း များ ကို ရာသီဥတု အခြေအနေပေါ်မူတည်ရျှ် ဆွဲစရာမလိုတော့။

Sunday, January 27, 2013

ခေတ်မြူမှုန်ပိုင်းတစ်ပိုင်း ...(ကာက်ကွေ့)






“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ...

အဖေ က တက္ကစီ မောင်းတယ်
သမီး က တက္ကစီး ငှားတယ်

အဖေ က ဒရိုင်ဘာ
သမီး က ကျောင်းသူ

အဖေ က တက္ကစီ
သမီး က အထူး

အဖေ က ပညာတတ်
သမီး က အဝေးသင်

အဖေ က အိမ်ဦးနတ်
သမီး က မှီခို

Sunday, January 13, 2013

လား (ကောက်ကွေ့)

       လားတွေ ဟာ ဦးနှောက်/ကျော ကို                ကျုပ်သမီးကို သူတို့သူဌေးက စမူဆာတစ်ပွဲလုံး ကျွေးတယ်ဆိုလား
ရိုက်နှက်နေတာလား မေးခွန်းဝန်စည်စလယ်                 သက်ဝင်ယုံကြည်မှု ဗုဒ္ဓ/ဘာသာ မိရိုးဖလာလား တကယ်ဂျီးလား    
လက်မရလည်း စိတ်လို လား ကြောင်ထောင်                 ဘာသိဘာသာ နေသူအတွက် Guilty Conscious ဖြစ်နေတာ
ယုန်မိလား ပညာရှိနည်းနဲ့ နှိပ်စက်ကလူပြုမှု                  ကျွန်တော် ၊ လား
ခေတ်စားလာတာလား သေစာရှင်စာ တတ်                   facebook ဟာ ကူးစက်ရောဂါတစ်မျိုးလား ဒါမှမဟုတ် ကပ်ရောဂါ
သောသူသည် သုဿာန်သို့သွားသေရန်ပင်                   ဇူကာဘတ် ဟာ Source လား God လား
မသေချာ သည်လား/သေချာသည်လား နှုတ်                 အပြာရောင်လိုဂိုထပ်ဝတ်ထားတဲ့ မူးယစ်ဆေး အသစ်လား
ခမ်းဝမှာ အ၀ီစိမီးတောက်ရောင်းကောင်လား                 Wednesday မှာ မ Weed ရဘူးတဲ့လား
ဖင်စီခံတွေ အနားမကပ်ရဲလို့ လက်ညှိုးတင်                   ထွက်ပေါက်/အတု Lost Room တောင် ပြည့်ကြပ်လာပြီလား မေမေ တို့
အာသာဖြေနေရတဲ့ဘ၀လား ဘာလုပ်နေလဲ                  ခေတ်ကလိုမဟုတ်တော့တာပါလား
စာဖတ်နေလား ဘာလုပ်ဖို့လဲ ကို တအင်းအင်း              လူသားဟာ တိုးတက်မှု နဲ့ ယဉ်ကျေးမှု ကြောင့် ပျက်စီး နေ/တတ်ပြီလား
တအဲအဲလား စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အတွက်               လား ဟာ မြေလျှိုးလို့ ၊ မိုးပျံလို့
အာမခံလုပ်ငန်းလား ည ကို နှပ်သောက်မယ်                 နံနက်/နေ့လည်/ည စာ/ဆေးညွှန်းလား
ည ဟာ ဘရာဇီးလ်ရဲ့ထွက်ကုန်လား SAMBA                ပလက်ဖောင်းပေါ့ ခေတ်ကို ကျောဖိရင်ဖိခံစားနေစရာလား
ဂီတ အက ဘောလုံး/သမားလား ဘောလုံး                   ရှောင်နေသူကို ကျွန်တော် သံလိုက်တုံးကြီးပါဆိုပြီး မျက်စိမှိတ်ပြလိုက်ရမလား ဟာ
ဟာ သက်လုံမကောင်းတော့တာလား အော်                  ကမ္ဘာကြီးရဲ့ တွင်းထွက်လား
အော် ကံ ကံ၏အကျိုး စတီးလ်ချောင်း အရိုး                   လား ဟာ လူတွေ ကို ကလဲ့စားပြန်ချေနေတာလား
ထဲထည့်တာလား ထည့်တာတော့ထည့်တာ                    ဘရုစလီ ၀င်စားတာများလား။ ။
ပေါ့ စိတ်၊ ဥတု ၊ အာဟာရ လား ဆိုရင်ဖြင့်
Autosuggestion ဟာ ဆိုရင်ဖြင့် လား “အ
ချစ် သည် အယ်လ်တီလား ၊ အယ်လ်တီ သည်
အချစ်လား “ “ဆေးလိပ်ဖြတ်နေသည် တိတ်
ဆိတ်မှုဖြင့် ကူညီပါ“ ကို ခြေထောက်မဆေးရဘူး
လား တောက်တီးတောက်တဲ့ သောကြာရောက်
လာပြီမဟုတ်လား အမှားမခံတော့ဘူး တစ်ခါ
တည်း ပစ်မိန့်ပေးပြီးသားဆိုလား နံရံတွေ ကို

Tuesday, December 25, 2012

မချိန်းဘဲတွေ့ခဲ့ကြသည် - ၂ ( ကောက်ကွေ့)

ကျူရှင် နှင့်တွေ့ရန် စိတ်လိုက်မာန်ပါ မရှိခဲ့သော ကျွန်တော်သည် စိတ်လိုလက်ရဖြင့် “အချိန်မှန်“  အား “၀“ အောင် ကြည့်၏။ ညနေလေးနာရီခွဲတွင် ကျွန်တော် စိတ်ဝင်စားသော မြန်မာစာ ၊ ကောင်မလေးတစ်ယောက်။ စာသင်ခန်းအတွင်း လေ့ကျင့်ခန်းစာအုပ်ပေါ်တွင် အကြည့်အားဘေးမျဉ်းတားရန်မလို။ အင်္ကျီအရောင် တူသည့်နေ့တွင် ဇီဝဗေဒ ကဲ့သို့ ကျက်စာမျိုး သင်ရမည်ဆိုပါက သင်ခဲ့ရသလောက်စာ တို့ ပြတ်ကျသွားနိုင်ဖွယ်ရှိသည်။ ခုံနံပါတ် အသေမရှိသော လပတ်စာမေးပွဲတို့တွင် တိုက်ဆိုင်မှု အမှတ်စဉ်တို့အား အသေရရ အရှင်ရရ ရှာဖွေနေမိသည်။ ရာသီဥတု သည် သာယာသည့်အချိန်တွင် သာယာရျှ် အုံ့မှိုင်းသည့်အချိန်တွင် အုံ့မှိုင်းနေတတ်သည်မဟုတ်ပါလား။ သင်္ချာအား ကျှ်နည်းဖြင့်တွက်ကိုတွက်ရမည် ဟူသော အစဉ်အလာတို့အား သလပ်သွားသောလေမှာ ကျွန်တော်ဖြစ်သည်… သင်္ချာ သည် စည်သွပ်ဗူးမဟုတ်။ထို့ကြောင့် မိုးရာသီ ကို ကျွန်တော် မုန်းခဲ့ဖူး၏။ ဘောလုံးကန်ချိန်မရခြင်းကြောင့် ဟု ဆိုကာ မယောင်ရာဆီလူးမိလိုက်သည်။ သူကတော့

Friday, December 21, 2012

မချိန်းဘဲတွေ့ခဲ့ကြသည် ...(ကောက်ကွေ့)



ယနေ့သည် သောကြာနေ့ဖြစ်ကြောင်း လက်ကိုင်ဖုန်းမှ Alarm ပေးထားသော သီချင်း … What Make You Beautiful – One Direction သတိပေးသံ နားစည်သို့ လှိမ့်ဝင်လာသည်။ ဦးနှောက်များသည် လူတို့အိပ်စက်နားနေစဉ်တွင် အနားယူသည်ဟုထင်ရသော်လည်း အနားယူလေ့မရှိ။ ကလေးတစ်ယောက် ပစ်ပေါက်သော “ဘာလို့လဲ“ သည် စိတ်ရှည်စွာဖြေရှင်းရမည့် သိချင်စူးစမ်းစိတ်တို့ဖြင့်ဖွဲ့စည်းထားသော မေးခွန်း ဖွဖွ။ အကျိုးနှင့်အကြောင်း သည် ဒင်္ဂါးတစ်ပြားဖြစ်သ

ဆေးလိပ်ဖြတ်ပေးမယ် ၊ ယုံကြည်မှုပိုက်လိုင်း ပြန်ပြင်ပေး| ကောက်ကွေ့






စကားတွေ ရှည်ရှည် ဝေးဝေး မပြောချင်ဘူး ၊ မင်းကို ငါတို့က “စ“ ဘာလုပ်မှာလဲ သေချာစဉ်းစား မှာ “ဆုံး“
ကျွန်တော်တို့ ညစာထမင်းဝိုင်း လူစုံတက်စုံ ယုံကြည်မှု တည်ဆောက်ရအောင်
ထမင်းဝိုင်းပြင်တာက “စ“ လက်ဖက်သုတ်တာ မှာ “ဆုံး“ ... ဆိုပါတော့
အပေါ်ထပ်ခြင်ဆေးခွေခွက်ထဲမှာ နည်းတဲ့ “ အသက် “တွေ မှမဟုတ်တာ/လား!
အပေါ်ထပ် ဟာ ဘိန်းခန်း ... အမလေး! ကိုက် ကို ခေါင်းသွားတာပဲ
ကိုယ့်အသက်ကိုယ်အရသာခံပြီးသောက်နေ အရသာလည်းသိနေ
အရသာသိလို့ခက်နေတာပါကလား ၊  နှုတ်ခမ်းထူထူကြီး

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...