Friday, December 21, 2012

မချိန်းဘဲတွေ့ခဲ့ကြသည် ...(ကောက်ကွေ့)



ယနေ့သည် သောကြာနေ့ဖြစ်ကြောင်း လက်ကိုင်ဖုန်းမှ Alarm ပေးထားသော သီချင်း … What Make You Beautiful – One Direction သတိပေးသံ နားစည်သို့ လှိမ့်ဝင်လာသည်။ ဦးနှောက်များသည် လူတို့အိပ်စက်နားနေစဉ်တွင် အနားယူသည်ဟုထင်ရသော်လည်း အနားယူလေ့မရှိ။ ကလေးတစ်ယောက် ပစ်ပေါက်သော “ဘာလို့လဲ“ သည် စိတ်ရှည်စွာဖြေရှင်းရမည့် သိချင်စူးစမ်းစိတ်တို့ဖြင့်ဖွဲ့စည်းထားသော မေးခွန်း ဖွဖွ။ အကျိုးနှင့်အကြောင်း သည် ဒင်္ဂါးတစ်ပြားဖြစ်သ
ည်။ ယနေ့သည် သောကြာနေ့ဖြစ်သည်။ လောကဓံနှင့်တိုက်ရန်ရှိသည် ၊ နိစ္စဓူဝသည်ယင်း၏ချပ်ဝတ်တန်ဆာ။ တကယ့်ဗုဒ္ဓဘာသာတစ်ဦးသည် လက်အုပ်ချီရာ မှ အမျှဝေရာအထိ … တကယ့်သက်ဝင်ယုံကြည်မှုအတိုင်း(ဗုဒ္ဓဘာတိုင်းလုပ်ဆောင်ကြမည်ဆိုလျှင်)  ယနေ့သည် သောကြာနေ့ဖြစ်ရျှ် မနေ့ကသည် ကြာသပတေးဖြစ်ရျှ် မနက်ဖြန်သည် စနေ။ အရာအားလုံး သည် အချိတ်အဆက်မိမိ (မမြင်/မြင် နိုင် စက်သွားများ) နှင့် ။

                         သို့တည်းမဟုတ် ဖြစ်တာကို မြင်သည်က ဥဒယဒဿနဥာဏ် ၊ ပျက်တာကို မြင်သည် က ၀ယဒဿနဥာဏ် အဖြစ်အပျက်တို့၏ ဆက်စပ်နေသော သန္တတိသဘောကို ပရမတ်အမြင်နှင့် မြင်သည့် ဥဒယဗ္ဗယဥာဏ် ၊ အနုသယကိလေသာ ကို စတင်လက်ညှိုးထိုးပြနိုင်သည့် အရိယာ၏ ဥာဏ် ဟု တစ်ပြည်သူမရွှေထား ၀တ္ထုထဲမှ မှတ်သားဖူး၏
ထို့ကြောင့် ယနေ့ သည် သောကြာနေ့ဖြစ်သည်။

                          ကော်ဖီတစ်ခွက်မီးညှိရျှ် ၀ရံတာတံခါး အား မခေါက်ဘဲ ၀င်သွားလိုက်သည်။ တစ်ဖက်တွင် သြကာသလောကသည်အတိုင်းသား အသက်ဝင်နေမည်မဟုတ်ပါလား။ ရှင်သန်မှုသည်အလှတရား ၊ အလှတရားဆိုသည်စိတ်ချမ်းသာစရာ။ မဟုတ်ပါလား ? ။ သောမတ်စ်ဟာဒီ ပြောစကားအရ အရိုးထည့်ထားသော သားရေအိတ်များ သည် လှုပ်ရှားသွားလာနေပေလိမ့်မည်။ လိမ္မော်ရည်များ ပြန့်ကြဲနေ၏။ ရေဒီယိုမှ “ဘ၀ကောက်ကြောင်းတရားတို့“ အား နောက်ကျသူတို့မမှီလိုက်ပါ။ ကိုယ်ပိုင်အရပ်သည် ယခုထက်ပိုရျှ်ရှည်လာစရာမရှိတော့။ အသိပညာရော … အတတ်ပညာရော … မိမိကိုယ်ကိုမေးရသောမေးခွန်းများသည် ခက်မြဲ မဟုတ်ပါလား။မဆီမဆိုင် လက်လှမ်းမှီရာစုဆောင်းထားသော တံဆိပ်ခေါင်း(၀ါ)စာအုပ်များ စည်းစည်းလုံးလုံးဖြင့် တစ်ယောက်နှင့်တစ်ယောက် အနွေးဓာတ်ပေးနေပုံသည် ကြည်နူးဖွယ်ပန်းချီကား။ မဆီမဆိုင်များ နှင့်လည်း ဆက်ဆံဖူးခဲ့ကြသည်မဟုတ်ပါလား။ “လှအောင်“ ကြည့်လျှင် လှပါသည်။ လှအောင် သည် ကောက်ညှင်းပေါင်း/နှမ်းထောင်း/ဆယ်ကျော်သက်အရွယ်အုန်းသီးနုနုဖြစ်သည်။

                              ကောင်းကင်တွင် အဖြူရောင်/အနက်ရောင် ၀မ်းဆက် နှစ်စုံသာရှိသည် ဆိုသည် ကို ကျွန်တော် မယုံပါ။ “တည်ပြီးတဲ့ဘုရား လင်းတနားနား“  ဟု ကြိတ်မှိတ်အော်နေသော ကမ္ဘာကြီး ၏ အသံ ကို ကောင်းကင်ရော မြေကြီးပါ ကြားပေလိမ့်မည်။ သူ သည် အပေါ်မှစီးကြည့်သူ။ သူ သည် အောက်ခြေမှ တက်လာသူ။ လူသားတို့အား လက်ခံရ်ျှ စစ်ပွဲများအား လက်ခံရျှ်မရတော့ ။ လူများ ကို လက်ခံလျှင် စားနပ်ရိက္ခာပြတ်လပ်မှု ကို လက်ခံရတော့မည်။ ကမ္ဘာကြီးသည် ဒင်္ဂါးတစ်ပြားဖြစ်သည်။ လုံးသည်ဟုပြောခဲ့မိရျှ် အသတ်ခံရသော ပညာရှိနာမည်အားမမှတ်မိတော့။ ပြားသည်ဟု တွေးမိသူ သည် ကျွန်တော် ။ လူသားတို့ နုစဉ်အခါက ကမ္ဘာကြီး က ချော့တစ်ခါခြောက်တစ်လှည့် ပြုစုပျိုးထောင်ခဲ့ပေးဖူး၏။ ယခုတော့ ကမ္ဘာကြီး သည် မျောက်များအခြောက်ခံနေရရှာသည်။ ဂလိုဘယ်လ်လိုက်ဇေးရှင်း စာလုံးပေါင်းမပေါ်ခင်ကတည်းက ကမ္ဘာကြီး သည် မိဘ ၀တ္တရားကျေပြွန်ခဲ့၊ကျေပြွန်မြဲ၊ကျေပြန်လိမ့်ဦးမည် … မဟုတ်ပါလား။ ကမ္ဘာကြီးသည် ဆဲလ်ဖြင့်ဖွဲ့စည်းထားသော ဒင်္ဂါးပြား။ ကမ္ဘာကြီး က လှအောင် ကို ကြည့်နေသည် ၊ လှအောင် က ခေါ်သံ ကို နားစွင့်ရင်း …. ။ လှအောင် သည် ပိတ်ရက်မရှိသော ခန္ဓာ့ဝန်ထမ်း။ “လာပါဦး သည်   ဆာလောင်သူတို့လက်မှ ထွက်ကျလာသော အသံ “ဖြောင်း ဖြောင်း“။

                             ဒီဇင်ဘာ သည် ခရီးပန်းဟန်မပြ ။ အေးအေးလူလူ အေးနေ၏။ နိုင်ငံတစ်နိုင်ငံတွင် ကောင်းကင်နှင့် မြေပြင်ချင်းတူသော်လည်း ဒီဇင်ဘာ ရင်ကြပ်ရသော နေရာများရှိသည် ။ မည်သူမှ ခရီးဦးကြိုပြုရန်မအား။ ဒီဇင်ဘာ သည် သူ့မိမွေးတိုင်းဖမွေးတိုင်း အအေးဓာတ် သူ အားမလိုအားမရဖြင့် ။ တန်ဆောင်မုန်း လပြည့်နေ့ “မီးပူဇ်ာပွဲ“ အမှီ ရောက်ခဲ့ဖို့ကောင်းသည်ဟု ခံပြင်းနေပုံ ။ နိုဝင်ဘာသည် အရေပြားဖွာလန်ကြဲဖြင့် ပြက္ခဒိန်အတွင်း သို့ဝင်သွားခဲ့ပြီးပြီ။ နှစ်သစ်သားအိအတွင်း သန္ဓေတည်ရန်။ ဆာဂျရီသည် စိတ်ပိုင်းဆိုင်ရာ အတွက် မတတ်နိုင်သော ပလတ်စတစ်။ အစွန်းချွတ်ဆေး ရောင်းသည့် ဈေးသည်အားခေါ်မည် ဟန်ပြင်ပြီးမှ လက်ပြန်ရုပ်လိုက်သူသည် ယောဂီတစ်ဦး ၊ သူ့စိတ်သူစိပ်နေဟန်ရှိ၏။ ဒီဇင်ဘာသည် ခရီးပန်းဟန်မပြ ချမ်းအေးခြင်းနှင့် အေးချမ်းခြင်း တို့၏ အရောင် အား မြေပြင် မြေပြင်ချင်း ကောင်းကင် ကောင်းကင်ချင်း ချိန်ကြည့်နေသည်။ “မီဒီယာ“ သည် နိုဝင်ဘာ သတင်းပါသော ဂျာနယ်သည် အား ခေါ်လိုက်သည်။ မအေးနိုင်သော နေရာများတွင် မအေးနိုင်မှန်းသိသိဖြင့် ခါချစရာရှိသည်ကိုခါချလိုက်သည်။ “၁“ ဂဏန်းချည်းပါသော အံစာတုံးအား “၂၅“ ခေါက်တိတိ ခေါက်ရျှ် ဆန်တာကလော့စ်ထံရောက်အောင် သွားမည်။ ထို့နောင် အအေးဓာတ် အား ဆေးဖက်ဝင် စေမည့် ချိုချဉ်တစ်လုံးစားမည်။ ဒီဇင်ဘာ သည် သူ့အတွေးနှင့်သူ မြူတို့ကြား ၀ိုးတ၀ါးထိုင်နေ၏။ လိမ္မော်ရည်များ ၊ သားရေအိတ်များ လမ်းပေါ်တွင် ကြိတ်ကြိတ်တိုး စီးဆင်းနေ၏။

                                     အသက် ၂၀၁၂ နှစ်ပြည့်ပြီးဖြစ်သော ဒီဇင်ဘာသည် ကျွန်တော့် အား မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ အသားပတ်မှု ထက်ပိုသော သင်ခန်းစာများ ၊ မွေးရာပါ အနွေးဓာတ် ချို့တဲ့ သောစောင် ၊ ခိုက်ခိုက်တုန် သည်းခြေ ၊ ပြန်လှန်သင်ကြားခြင်း ၊ အစာကြေဆေး ၊ဆရာ ၊ ဒီဇင်ဘာ ။ ကျွန်တော်၊ တပည့်။

“ဇာတ်ပေါင်းခန်း မှာ ဇာတ်သိမ်းခန်းမပါမှန်းသိရက်နဲ့

                        ကျွန်တော် ဒီဇာတ်လမ်းထဲ ၀င်ထိုင်မိပါတယ်“ “မောင် … သွားမယ်ချစ်တဲ့ ဒေါ်သဉ္စာရေ“ ဇာတ်လမ်းထဲ ၀င်ထိုင်မိပါတယ်။

                         ထိုဇာတ်လမ်း ကြိုက်လွန်းရျှ် မိတ္တုပင်မကူးထား … ပထမဦးဆုံး အကြိမ် တစ်အုပ်တည်း သာထုတ်ဝေခဲ့သည်။ ထိုဇာတ်လမ်း (၀ါ) ထိုစာအုပ်သည် စာအုပ်ပုံထဲတွင်မရှိ။၂၀၀၈ ၂၀၀၉ ၂၀၁၀ တွင် သုံးနှစ်ဆက်တိုက် ဒီဇင်ဘာနောက်ခံထားရျှ် ကျွန်တော် ၀င်ထိုင်ဖြစ်ခဲ့သည်။ ၂၀၁၁ တရားဓမ္မ အကောင်းမြင်ဝါဒ မျက်မှန်ကိုင်းသဏ္ဍာန် ဖွဲ့စည်းထားသော အသိ၊သတိ။ ၂၀၁၂ တွင် ကျွန်တော် ထိုစာအုပ်အား ပြန်မဖတ်ဖြစ်တော့ပါ။ဒဏ်ရာနှင့်သင်ခန်းစာသည် တစ်ခါတစ်ရံတွင် ခွဲစိတ်ရခက်သော ရင်ချင်းဆက်အမြွှာအဖြစ်မွေးဖွားလာတတ်သည်။ ကျွန်တော် ဒီဇင်ဘာအား လက်ပိုက်ရျှ် နှုတ်ဆက်လိုက်သည်။ ဒီဇင်ဘာသည် ခရီးပန်းဟန်မပြ။ ကမ္ဘာမီးကို နဖူး/ဒူး တွေ့ရသော ဆီမီးတစ်ခွက်၏ ကိုယ်အပူရှိန်သည် ထသွားထလာ ဖြစ်သွား တတ်သည်မဟုတ်ပါလား။

                         ကျူရှင်မယူသော ကျောင်းသူ/သား တစ်ယောက်သည် ယခုအခါတွင် ကလေးများပင်နားမထောင်တော့သော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်။ ပညာရေးဖန်ပုလင်းအတွင်း လျှို့ဝှက်ချက်များ ဆေးရည်စိမ်ထားသေး၏။ “၀ှက်ဖဲ“ဟုပင် စာတမ်းကပ်ထားလိုက်သေး၏။အဖေ့ဆေး ၊ အမေ့ဆေး ၊ ဆရာ့ ဆရာကြီးများ ပေးသည့်ဆေး။ ချဉ်ချဉ်တူးတူး ရောက်ရင်ပြီးရော မှီဝဲကြရသည်။ ၂၃.၅ တိမ်းစောင်းနေသည်ကို မမှု ၊ ခေတ်သည် ယင်းအတိမ်းအစောင်းပေါ်တွင် အပြေးလေးကျင့်နေ၏။ ခေတ်သည် လူသားတို့မွေးခဲ့သောမျောက် ။ စားရျှ် မရသော မှိုသည် ကျူရှင်ဖြစ်သည်။ စားကောင်းသောမှိုလား ၊ မစားကောင်းသောမှိုလား ။ ကျွန်တော် မသိပါ။

                         ကိုးတန်းကျောင်းသားတစ်ယောက်၏နွေရာသီကျောင်းပိတ်ရက်သည် ၁၄ရက်သာ ရှိသည် ဟု ဆိုလျှင် မည်သူယုံမည်နည်း။ “ဘာကြောင့်လဲ“အတွက် ဖြစ်ရိုးဖြစ်စဉ် ညည်းညူသံ အား အဖြေအဖြစ် တုံ့ပြန်ရပေလိမ့်မည်။ မညည်းမညူသူ (၀ါ) ယန္တရားဆန်သူ တို့အား နွေရာသီကျောင်းပိတ်ရက် ခေါင်းစဉ်ဖြင့် စာစီစာကုံး မရေးစေလိုတော့။ စာ … စာ မှ စာ သည် ကြမ်းပိုးတပ် သော မျက်မှန်တစ်လက်။ ညနေခင်းသည် အဖျားကျကာစ အပူချိန် တစ်သိုက်နှင့် ဘောလုံးကွင်း သို့ရောက်နှင့်နေပေလိမ့်မည်။ “ဆော့နေကျ“ သည် နံနက်/နေ့လည်/ည စာ အစုံဖြင့် လေးလမ်းအကျော် အရပ်တွင် စည်ကားနေပေလိမ့်မည်။ ဆော့နေကျ တွင် ဂိမ်းခွေအသစ်များ ရောက်နေသည် ဟု ဆော့နေကျ က ပြောသည်။
Definition သည် ဘောလုံးမကန်တတ်။ Formula သည် x , o , စသည်တို့ကို ယခုအချိန်အထိ မကွဲပြားသေး ၊ မြင်ဖူးဟန်ပင်မရှိ။ စိမ်းစိုမနေသော  သစ်ပင်တို့သည် ကလိုရိုဖီးကင်းမဲ့စွာဖြင့် ပုံနှိပ်စာအုပ်အား တွယ်ကပ်ပေါက်ရောက်နေသည်။ ရွှေနှင့်ယိုးမှား မမှားတော့မသိ ၊ The Calendar ဆိုသည့် ပုဂ္ဂိုလ် က သူ့ကိုယ်သူ မိတ်ဆက်နေသည်။ ဦးပုည သည် စကားအဆန်းများပါသော ကွန်ပါဗူးအား ဖွင့်ချလိုက်သည် ၊ “ရေသည်ပြဇာတ်“ ထွက်ကျလာပြီး ဆရာမ၀င်မီ စာသင်ခန်းအတွင်း တောင်နှင့်မြောက် ခေါက်တုံ့ခေါက်ပြန် ပြေးနေသည်။  နန်းမြို့ရိုး မှတ်နေဟန်ရှိ၏။ ကျွန်တော်မြင်မြင်ချင်း ခင်ခဲ့ချစ်ခဲ့ရသည့် မြန်မာစာ၊ရေသည်ပြဇာတ်၊ ဘာသာစကား အား လေယာဉ်လုပ်လွှတ်သည့် ကျောင်းသူသည် ကျူရှင်သူအဟောင်းဖြစ်သည်။ ဇီဝဗေဒလွှယ်ရျှ် စာကျက်ပျင်းသော ကျောင်းသား ကျွန်တော် သည် ကျူရှင်သားအသစ်ဖြစ်သည်။ကျူရှင်အား ချောင်းရိုက်ရန် နောက်ယောင်ခံလိုက်စဉ် တမ်းတမ်းစွဲနှစ်လိုသူတို့ကဓာတ်ပုံအတူရိုက်မည်ဟု ဆွဲခေါ်သွားကြသဖြင့် …။ ထိုအခါမှ အလင်း/အမှောင် ကို သတိထားမိပြီး ကောင်းကင်တွင် ၁၁ နာရီသည် ကြယ်များဖြင့်ထုပ်စည်းတိုးတမ်းကစားနေကြသည်။

                                 မနက်စောစောထရျှ်စာကျက်ရသည်ထက် ညဉ့်နက်စွာစာကျက်လေ့ရှိသော စာကြည့်မီးအိမ်သည် ဒီဇင်ဘာတွင်ပိုရျှ် အလင်းအားကောင်းလာခဲ့သည်။ ပထမဦးဆုံးထွက်သွားခဲ့သော ရထားသည် ယင်း လကြုံထည့်ပေးလိုက်မည် ဟု ပေးခဲ့သော ကတိနှင့်အညီ စိတ္တဇအချို့ ဒီဇင်ဘာနှင့်ထည့်ပေးလိုက်ဟန်ရှိမည်။ မစောင့်ဆိုင်းခဲ့ပါ။ စောင့်ဆိုင်းရျှ် လည်း မနေချင်ခဲ့ပါ။ စောင့်ဆိုင်းစရာလိုမည်ဟု မထင်တော့ပါ။ စောင့်ဆိုင်းသင့်သလောက်စောင့်ဆိုင်းခဲ့ရျှ်ပြီးပြီ။ စိတ္တဗေဒ အနာသည် စာကြည့်အိမ်မီးအိမ်၏ မီးချောင်းသေးသေးကဲ့သို့ တာရှည်ခံလွန်းနေသည်။ ဒီဇင်ဘာသည် ပိုရျှ် ထိလွယ် ခိုက်လွယ် အနာရင်းလွယ်သော ကာလ။ ပလာစတာများ ကောင်းမွန်စွာအလုပ်မလုပ်တော့။ အမာရွတ်အား အမာရွတ်အတိုင်း ထားရျှ်မသင့်တော်။ ကွဲခဲ့ဖူးသော ဒဏ်ရာဟောင်းတစ်ခုအား ပြဲနေသော ပလာစတာဖြင့်ဖုံးဖိရျှ်မဖြစ်နိုင်။ မည်သူမျှ အိမ်တစ်လုံးအား အမိုးမှစရျှ် ဆောက်လေ့ဆောက်ထမရှိ။ ကျက်သော် ဒဏ်ရာ ၊ ရင်းသော ဒဏ်ရာ သည် ရုပ်ပိုင်းဆိုင်ရာတွင် သာရှိ၏။ နာမ် ၊ရုပ် တို့ဖြင့် ဖွဲ့စည်းထားသော လူသားတစ်ဦးတွင် နာမ် သည် မရှိမဖြစ် “ဆား“။ on/off လုပ်သော ကာလနှင့်ဒေသံတွင်ရှိသည်။ ဒဏ်ရာများ ရင်း/ကျက် ခြင်း သည် ထိုခလုတ်ပေါ်တွင် မူတည်/မတည် ကျွန်တော် မသိ။ ဒီဇင်ဘာ ကျွန်တော့် (ဒဏ်ရာ) ကို on ပါ။

                                ပြက္ခဒိန်လေးအုပ်သည် အဘွား မီးမွှေးသော မီးဖိုဘေးတွင် ပြာအဖြစ်တည်၏။ အချိန် ၊ အချိန်သည် မေ့ဆေးမဟုတ် ။ အချိန်သည် ထုံဆေးဖြစ်သည်။ ခွဲစိတ်ခန်းဝင်နေမှန်းသိသည် ၊ ခွဲစိတ်နေမှန်းလည်းသိသည်။ သို့သော် မည်သည့်ဓားချက်မှ မခံစားရ ၊ ကိရိယာတန်ဆာပလာတို့အား အချိန် က နေရာ အား တောင်းနေသည် ကို သိသည်။ ဒီဇင်ဘာ တွင် ခွဲစိတ်မှုပြီး၏ ၊ အောင် မြင်/မမြင် ကျွန်တော် မသိ ။ အချိန်သည် ထုံဆေး ဖြစ်သည်။ ဒီဇင်ဘာသည် ချုပ်ရိုးဖြည်သော လ ၊ ချုပ်ရိုးဖြည်ပွဲကျင်းပရာ လတလင်း။ လေးနှစ်တာကာလအတွင်း နာစရာရှိသည် ကို နာခဲ့ပြီးပြီ။ လေးနှစ်တာကာလအတွင်း ကျွန်တော်ပိုင်သက်တမ်းတစ်ခုနှင့် သိစရာရှိသည်ကိုသိခဲ့ပြီးပြီ။
အောင်စာရင်းထွက်ပြီးသည့်အချိန်မှစရျှ် ရေသည်ယောက်ျားနှင့်မတွေ့ဖြစ်တော့။ တွေ့ဖြစ်ပြန်တော့လည်း အင်္ဂလိပ်စာသင်တန်းတစ်ခုတွင် ဖြစ်သည်။ ရန်ကုန်မြို့ကြီးထဲတွင် အင်္ဂလိပ်စာ သင်တန်းတစ်ခုတည်းသာရှိနေသည်လား။ မဖြစ်နိုင်ပါ။ ဘီလူးမိတ်ကပ်လူးအနံ့ သည် ရယ်သံခပ်အက်အက်ဖြင့် … ဟက်ဟက် ဟု အသံထွက်ရမလိုလို။ ကျွန်တော် က မြွေပုံသုံးခုပခုံးတွင်တပ်ရျှ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်သို့ နေ့ချင်းပြန်ခရီးထွက်သည်။ ရေသည်ယောက်ျား က လုပ်ငန်းခွင်သုံး ဦးထုပ်တစ်လုံးဖြင့် နည်းပညာတက္ကသိုလ်သို့ နေ့ချင်းပြန်ခရီးထွက်သည်။မည်သို့ဆိုစေ အနားသိမ်ကျန်ရစ်ခဲ့သော အစွန့်ပစ်ခံအနား (၀ါ) နှစ်နားညီတြိဂံတစ်ခု ၏ အပယ်ခံအနား။ စားပွဲပေါ်တွင် မင်္ဂလာဆောင်ဖိတ်စာ တစ်စောင် ကျွန်တော့်နာမည်နှင့် အခန့်သားထိုင်နေသည်။ “ကိုဇင်မိုး“။ ကို ဘယ်သူဘယ်သူနှင့် မ ဘယ်သူဘယ်သူ တွင် ကို ဘယ်သူဘယ်သူ သည် ဟိုငနဲ ရေသည်ယောက်ျား (ကျွန်တော် မှတ်ထင်ထားသည့်အတိုင်း) မဟုတ်ပါ။ ရေသည်ယောက်ျားနှင့်ဆုံမိကြရျှ် မေးမြန်းသည့်အခါ … ကျွန်တော့်နှုတ်မှ “မင်း တကယ်မသိတာလား“ သည် ခုန်ထွက်လာသည်။ အပြစ်မဲ့သူပါ ဆိုသည့် အမူအရာဇာတ်ဟန်အပြည့်ဖြင့် မျက်နှာတစ်ခုသာ ကျွန်တော့်ကို ပြန်ပေးလိုက်သည်။ မသိခြင်ထောင်သည်ဖြုတ်ရခက်သည်မဟုတ်ပါလား။ ပွဲလန့်ချိန် ကို စောင့်ဆိုင်းနေခဲ့သော မျက်လုံးတို့မှ ဟုတ်ပါလေစ။ ဟုတ်သည် … ကျွန်တော် သိလိုက်သည်။ မချစ်သူတတ်သူတို့တွင် ဒဏ်/ရောဂါ ဖြစ်ခဲ၏။ ချစ်တတ်/ခံစားတတ် သူတို့တွင် …သာ။ ခံစားမှုဝါဒီတစ်ဦးအဖြစ် မည်သည့်အချိန်တွင် ကျွန်တော် ၀င်ခွင့်ရခဲ့ပါသနည်း။ မာယာကော့စကီး ဖြေပါ။

                                     ချုပ်ရိုးဖြည်စကာလမှ ဆူပွက်သွေးတို့ သည် သာမန်အနေအထားတစ်ရပ်ဖြင့်။ သွေးသည်သွေးနှင့်တူခဲ့ပြီ။ သွေး သည် သွေးနှင့် တူသည်ဟု ထင်ရသော်လည်း အမေမွေးသည့်အတိုင်း ပိုက်လိုင်းတစ်လျှောက် ပူနွေးမနေတော့။ ရင့်ကျက်ပြီ ဟု ဆိုရမည်လော ၊ မထင်။ တောင်ပေါ်ဒေသ တစ်ခုသို့ စာရေးရန်၊ တယ်လီဖုန်းခလုတ်နှိပ်ရန် … လက်ရှောင်နေခဲ့သည်။ နာမည် ၊ တက်သည့်အတန်း ၊ နေသည့်အဆောင် ၊ nickname ၊ သွေးအမျိုးအစား  … ။ လက်ဆယ်ချောင်းပင်မပြည့်သော သိထားသည်ဟုဆိုသော သူ့အကြောင်းတွင် ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ် တို့ ရှိမနေသည်မှာ ထူးဆန်းသည်ဟုဆိုလျှင်လည်း ခံရပါလိမ့်မည်။ ပေးလည်းမပေးခဲ့ ၊ တောင်းသာတောင်းခဲ့သည် ၊ ပေးလားဆိုတော့ မပေးခဲ့။ မတောင်းဘဲပေးသည်ဟူရျှ် မင်္ဂလာဆောင်ဖိတ်စာ ထက်ထက် တစ်ချောင်း (အသွားဘက်မှ)။

“ငါ့လက်မဟုတ်တဲ့လက်ခုပ်ကိုတီးပါ
ငါ့နာမည်မပါတဲ့ဖိတ်စာကိုဝေပါ
ငါမတတ်နိုင် ခဲ့/တဲ့ တစ်ဆင်စာ လမ်းကိုလျှောက်ပါ“

                               အကွက်ကျကျ လုပ်ကြံ ခဲ့သည်ဟု စွပ်စွဲရန် လည်း နီးစပ်ရာနီးစပ်ကြောင်းတို့အား ပြောပြရန်အကြောင်း ပြချက် ရေရေရာရာမရှိ။ ချစ်ခဲ့ကြရျှ်သာ ချစ်သူ ဖြစ်ခဲ့ကြသည်ဟိုဆိုသော် သူစိမ်းတရံတို့က ယုံကြပါမည်လား။ လူသိနည်းသော ကျောရိုးကျိုး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ “ငါ့သမီးလေးမွေးနေ့ဖိတ်စာ ၊ လာခဲ့ဦး“ ၊ ငါးတွင်အရိုးပါသည်မှာ တိုက်ဆိုင်မှုမဟုတ်။ မချိန်းဘဲတွေ့ကြသည် ၊ ထို့နောက် … ။ ဟုတ်သည် ၊ မချိန်းဘဲတွေ့ခဲ့ကြသည်။ ကလေးမလေး ၏ မျက်လုံးများ သည့် သူ့မျက်လုံးများအတိုင်း ပြတ်သားရိပ်များ ငယ်ငယ်ရွယ်ရွယ်နှင့် အလင်းပြန်နေသည်။ နှုတ်ခမ်းထော်ထော်လေးနှင့်ပါးဖောင်းဖောင်းလေးသည် ကလေးဝတ်အနွေးထည်လေးနှင့်။ မတောင်းဘဲပေးသည်ဟူရျှ် မွေးနေ့ဖိတ်စာ စည်း ထင်းထင်းနောက်တစ်ကြောင်း။ ကာမေသု ဟု မှတ်ခဲ့ စောင့်စည်းထိန်းသိမ်းခဲ့ သော သီလအလွမ်း၊သီလတံတိုင်း၊သီလခြေကျဉ်း။ အတွေးများစီရာတွင် ပြစ်မှားမှု အုတ်တစ်ချပ် မပါဝင်ခဲ့သည်မို့ လိပ်ပြာသန့်သန့် နှင့် ခေါင်းညိမ့်ခဲ့သည်။ လိပ်ပြာသန့်သန့်ဖြင့်ပင် ကလေးမလေး ပါး အား ဖွဖွ ညှစ်ခဲ့သည်။ City Mart အတွင်း မည်သည့်ခိုးမှုမှမကျူးလွန်ပါဘဲလျက် ချွေးစို့နေသော ဂျပန်ဖိနပ်တစ်ရံသည် သန့်စင်ခန်းသို့ ဦးတည်ထွာခွာသွားသည်။ မျက်နှာသစ်ရန်။ စီစီတီဗီ များ ရေငွေ့ရိုက်နေဟန်ရှိ၏။ လက်ဖျားခြေဖျားများအေးစက်ခြင်းအကြောင်းသည် အခန်းတွင်းအပူရှိန်ကြောင့်  … ဖြစ်ကောင်းဖြစ်နိုင်သည် ၊ မဟုတ်၊ ဖြစ်ကိုဖြစ်ရမည်။ကလေးမလေး မွေးနေ့သည် ဒီဇင်ဘာ ၂၅ ၊ စာအုပ်တစ်အုပ်ဖိုးကိုပင် ချိန်ချိန်ဆဆ ဖြင့်သုံးနေရသူ က ကရင်ပြည်နယ်မှ မွေးနေ့ပွဲသို့ သွားရန်ခေါင်းညိမ့်လိုက်သည်(တဲ့)။
ကလေးမလေး၏ မိဘများသည် ကဗျာတစ်ပုဒ်အားမွေးနေ့လက်ဆောင်အဖြစ်လက်ခံမည်မဟုတ်သကဲ့သို့ ကျွန်တော် က လည်း တစ်ရှုးတစ်ရွက်ဟု အသတ်မှတ် မခံနိုင်သဖြင့် ပေးမည်လည်းမဟုတ်ပါ

မုန်းစရာရှိတာမုန်းခဲ့ ပြီး ချစ်စရာရှိတာချစ်ခဲ့ပြီးပြီ။ “တပြိုင်နက်လေးစားမိလျက်သား“ ကို လက်ဘက်ရည်နှင့်တို့စားလိုက်သည် ၊ အရသာ သည် ပီတိနှင့်ညီ၏။ သွေးကြောစိမ်းများယှက်ဖြာနေသော လက်ဖမိုးများသည် ပုခက်ကိုင်နေပြီမဟုတ်ပါလား ။ မာသာထရီဇာ အား ယောင်ယောင်ကန်းကန်း မြင်ယောင်မိလိုက်သေးသည်။ “အကို မာသာထရီဇာတစ်ပွဲဆိုလို့“။
                            “ ကဗျာတွေရေးနေတုန်းပဲဆို “သည် ယင်ကောင်ကဲ့သို့ တ၀ီဝီ ၊ မောင်းလည်းမထုတ် ၊ ခေါ်ရျှ်လည်းမထိုင်စေ။ ကျဆိမ့်ဖျော်ရျှ်လာချပေးသော ဖျော်ဆရာအား ကျေးဇူးတင်မိသည်။ ယနေ့ကျဆိမ့်တော်တော်ကောင်း၏။ ကျွန်တော့်လျှာ … ကျွန်တော့်လျှာ အား အခုမှသတိရသည် ၊ City Mart အ၀င်ဝ အလွန်တွင် ကျကျန်ခဲ့ဟန်ရှိသည်။ ယခုတော့ အရသာသည်လျှာပေါ်တွင်သာမက … ။

   “ငါ ကလည်း သုညတစ်လုံးတောင်
    ဖဲကြိုးလေးနဲ့ လက်ဆောင် မပေးနိုင်တဲ့ကောင်“။ ။

*ဆက်ရန်ရှိသေးသည်

ကောက်ကွေ့

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...