Tuesday, December 25, 2012
ထိလွယ်ရှလွယ် အကုန်လွယ်ပါတယ်။ (မှူးသစ်)
ခဏခဏ လဲပြီး ခဏခဏ ပြန်ထနေရတယ်။
အလိုမကျမှုတွေ အမောဖေါက်နေတယ်၊.ရင်ထဲကအမောတွေ ..
ဘယ်နားမှာ သွားဆို့နေလဲ၊...
မျက်လုံးလား.ဒူးခေါင်းအဆစ်မှာလား.လက်ဖ၀ါးပေါ်မှာလား..
သွားရင်းလာရင်း စားရင်းသောက်ရင်း ဒီလိုပဲ ခုလုတ်တွေတိုက်သွားတာပဲ
ခလုတ်တွေဖြုတ်လိုက်/တက်လိုက်..အသိဥာဏ်တွေ ရိပ်ခနဲ..ရိပ်ခနဲ..
ဒီလိုပဲမဟုတ်လား ဇတ်ကောင်တွေ ဓါတ်ပုံ ပုံသေရိုက်သလို ရိုက်ယူထားလိုက်တယ်
တစ်ခါလူဆိုးဆိုရင် နောက်တစ်ခါပြန်မကောင်းတော့ဘူး
တစ်ခါကောင်းပြီးရင် ဘယ်တော့မှ ပြန်မဆိုးတော့ပါ
ကတိရှိလား.
မရှိတာတွေ ပျောက်ကုန်ပြီ မရှိတော့ဘူး..ဆင်ခြင်နိုင်စွမ်းရော.ခံယူချက်ရော..စေတနာရော
၂၀၀၈ နာဂစ်တုန်းက ပါသွားပြီ
အဲ့ဒီလိုပဲမဟုတ်လား လူကြိုက်များတဲ့ ဇတ်ကားတစ်ခုမဟုတ်လား
တကယ်ဆို သတိရတိုင်း ခေတ်ကိုပေါက်ခွဲပစ်လိုက်ရုံပေါ့ဆရာ..
ကံစမ်းမဲတွေဖေါက်နေရသလို ယုံကြည်မှုပြည့်ဝစွာ ဆက်လက်ဆောင်ရွက်ရန်ရှိပါသည်။
အင်တာဗျူးတွေများလာပြီ မေးခွန်းတွေစဉ်ဆက်မပြတ်..
စနစ်ကိုမြင်မလား/လူကိုမြင်မလား
အပြုကိုမြင်မလား/အပျက်ကို ဆင်မလား
ခုန်မဆင်းဖြစ်တဲ့ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု
မြင်နေရင်း/မြင်နေရင်း
အိမ်မက်တွေက သိုးလွယ်/ပျက်လွယ်..ပျှော်ရင်လည်း လွယ်လွယ်
"လ"တွေကွယ်ကွယ်သွားသလို
အိုင်ဒီယိုလော်ဂျီခြင်းထိပ်တိုက်တွေ့ဆုံခြင်းတွေဟာ
ထိလွယ်ရှလွယ်.စိတ်ခံစားမှုတွေက ခတ်တွေကို သယ်ဆောင်သွားတယ်။
ခေတ်တွေကပြောင်းလဲလာတော့လည်း
စကားလုံးတွေက င်္အကျီချုပ်ဝတ်လို့ သိပ်ကောင်းတဲ့ ဖက်ရှင် ဒီဇိုင်းတစ်ခု ဖြစ်လာတာပဲ
တန်းဖိုးနည်းပစ္စည်းတွေ လူတန်းစားထက် အရပ်မြင့်နေတယ်
မ၀ယ်နိုင်တဲ့ ပစ္စည်းတွေပဲ ဈေးတွေ ကျကျနေတော့ ခက်ရော
၂၁၁၂ ခုနှစ် နောက်ပိုင်း ဖြစ်ပေါ်လာနိုင်ချေရှိသော ခေတ်သစ်နာဂစ်ဟာ
တစ်စုံတစ်ရာကို သယ်ဆောင်ဖို့ကြိုးစားနေပါတယ်
သုသေတနတွေပြုဖို့လိုနေမလား
စိတ်ခံစားမှုတွေက နေရာတိုင်းမှာ အသုံးမ၀င်ဘူးဆိုသော်ငြား
အသုံးချကောင်းသော ပစ္စည်းတစ်ခု ဖြစ်လာ
ဆဲပါ/ဆိုပါ/"အ"ပါ/"သုံး"ပါ/"ချ"ပါ..အသုံးချပါ./ပျှော်ပါ/ရွှင်ပါ..၀မ်းနည်းပါ။
ဒီမိုကရေစီနဲ့ ဖွံဖြိုးတိုးတက်ခြင်း ဟာ နောက်ထပ် နှစ်ပေါင်း (၅၀) မကျော်ခင်မှာ
အပြည့်အ၀ရရှိလာပါလိမ့်မည်။
မှူးသစ်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment