Showing posts with label မောနွေ. Show all posts
Showing posts with label မောနွေ. Show all posts

Saturday, December 1, 2012

လူနှင့်ငြိမ်းချမ်းမှု (မောနွေ)



သူသည် ဆိုင်သို့နောက်ဆုံးမှ ရောက်လာသော ခရီးသည်ဖြစ်သည်။သူ့အရင်က ခရီးသည်များနှင့်မတူ။ ဆိုင်ကိုလည်း ဆိုင်ဟု
သူက သိပုံမရ။ လူနေ့သည် နေရာတစ်ခုဖြစ်၍ တည်းခိုလို့ရမလာဆိုပြီး မေးခြင်းဖြစ်သည်။

“ဒီနေရာမှာ ဦးဇင်းရက်အနည်းငယ်လောက် တည်းခိုလို့ရမလား ဒကာ”

စောင်းကြိုးကို လေတိုး၍ ထွက်ပေါ်လာသော အသံပမာဏလောက်ဖြင့် သူကမေးသည်။ သူ့ထံတွင် ယခင့်ယခင် ခရီးသည်
များကဲ့သို့ အထုပ်များစွာမတွေ့ရပါ။ အထုပ်ငယ်တစ်ခုသာ ပါသည်။ ဆိုင်ရှင်က မေးကြည့်သောအခါ

“သင်္ကန်းနဲ့ လိုအပ်တာတချို့ရယ်ပါ” ဟု တိုးညှင်းစွာ ပြန်ဖြေသည်။ နောက်ရက်အနည်းငယ် ကြာသောအခါ

Monday, November 5, 2012

. မောနွေ


အဲဒီတောခွေးတွေ ပြည့်ကျပ်နေတဲ့ ပီယာနိုခလုတ်ရဲ့  အနားတဝိုက်မှာ အုံ့စိုင်းစိုင်းခြုံပုတ်တွေနဲ့ အမင်္ဂလာ လမ်းမပေါ်ကနေ
ဒီနှစ်ထဲ ထွေထွေထူးထူး ပြောင်းလဲတာမရှိပါဘူး
ကားပေါ်တက်ပြီး ထိုင်ခုံနေရာဦးရင်း လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့  ဆီလီကွန်ပါဝါ 4 ဂစ် မမ်မိုရီစတစ်ထဲ
နေဟာလည်း ပင်ပေါင်ဘောလုံးလို ဝင်တော့မယ့်ဆဲဆဲ လုံးဝိုင်းဝိုင်းစက်စက်
မင်း သောက်ရမယ့် ဆေးလုံးတွေ ငါဝယ်လာတယ်
အသစ်လျှောက်ရမယ့် မျှော်မှန်းလစာ ၁၅၀၀၀၀ိ/ ကျပ်လို့ ရေးထားတဲ့ ကိုယ်ရေးရာဇဝင်ပါတယ်
ငါ့ မမ်မိုရီစတစ်ထဲ မင့်အကြောင်းနဲ့
ငါ အားကျတဲ့ နိုင်ငံရေးသမား ဒီမီထရော့ဗ်နဲ့ ငါ့မှာ တူတာဆိုလို့
လူဖြစ်လာရခြင်းအတွက် ကျေးဇူးတရားအကြီးမားဆုံးဟာ တာဝန်မကျေခဲ့တဲ့ ကွန်ဒုံးတွေပါပဲ
မိဘနှစ်ပါးဟာ သား၊ သမီးနောင်ရေးအတွက် သံဝါသ ပြုနေချိန်ကတည်းက စဉ်းစားနေပြီလား
လူသားဖေ့ဘုတ်ခ်သုံးနေတဲ့အခါ ရယ်သံကြားလိုက်ရတဲ့ နောက်သဲ့သဲ့က ဇွန်ဘီတွေလို အဆင်မပြေမှုနဲ

Monday, October 29, 2012

ဘယ်လိုလုပ်သိလဲတော့မသိဘူး Hard Disc ပေါ်ကတွေ့တာပဲ(မောနွေ)





ခင်ဗျားမှာ အတွေးအခေါ်မရှိဘူး။ အတွေးအခေါ်လို့ ထင်နေတာဟာ တကယ်တော့ ဘာသာစကားပဲ
စကြဝဠာထဲမှာ မျောနေတဲ့ sign တွေ နောင်ပွင့်လာမယ့် လူသားကပ်ရဲ့ ဘုရားအလောင်းတွေ
သူတို့ကို မြင်လည်းမြင်ရ မမြင်လည်းမမြင်ရ။ ဒါဟာ ဆစ်ဂနယ်ပဲ ။ခင်ဗျားအဲဒါကိုသိလား
ငါသိတာ ငါဘာမှမသိသေးဘူးဆိုတာပါပဲ - ဆိုကရေးတီး ခင်ဗျားအဲဒါကိုသိလား
*ကိုယ်ကတော့ ဘယ်လိုလုပ်သိလဲ မသိဘူး Hard Disc ပေါ်မှာ တွေ့တာပဲ။ ဒီထက်ပိုသိချင်ရင် တော့ F7 ကိုနှိပ်ပါ။*

ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ တစ်နေ့ (မောနွေ)


မှောင်မဲနေတဲ့ အခန်းတစ်ခန်းထဲမှာ ဝင်ထိုင်မလို့ စတင်ကြိုးစားတယ်
ကိုယ်…ကိုယ်တိုင်ဟာ တံခါးတစ်ချပ်ဖြစ်သွားတဲ့အခါ ဒါဟာ ကံတရားက မာဂျင်နယ်လိုက်ဇ်လုပ်ကြံတာခံလိုက်ရသလို
စိတ်ကူးထဲ လောင်နေတဲ့ အလင်းမှာ ဘာအလင်းမှထပ်မလိုဘူး
စကြဝဠာရဲ့ ကယ်ရီကေးချားအပါအဝင် အလင်းနဲ့ရေးထားတဲ့ အရာအားလုံး
ချစ်ခြင်းမေတ္တာရဲ့ ဗျည်း၊ သရတွေအားလုံးဟာ အရောင်မရှိတဲ့အတွက် ဘယ်တော့မှ မထင်ဘူး။
လူ့အရေပြားပေါ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတံဆိပ်နဲ့ သစ်ပင်စိုက်လိုက်
Nihilist အယူအဆနဲ့ လူ့ဘ၀ကိုမမြင်ချင်
ခါးကိုဖက်ပြီး လမ်းလျှောက်သွားနေတဲ့ ကောင်လေးနဲ့ကောင်မလေးကို အရူးတစ်ကောင်က လိုက်ကြည့်
*လူတွေပြည့်ကျပ်နေတဲ့ အခန်းထဲမှာ ငါတစ်ယောက်တည်း အထီးကျန်နေတယ်*

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...