Monday, November 5, 2012
. မောနွေ
အဲဒီတောခွေးတွေ ပြည့်ကျပ်နေတဲ့ ပီယာနိုခလုတ်ရဲ့ အနားတဝိုက်မှာ အုံ့စိုင်းစိုင်းခြုံပုတ်တွေနဲ့ အမင်္ဂလာ လမ်းမပေါ်ကနေ
ဒီနှစ်ထဲ ထွေထွေထူးထူး ပြောင်းလဲတာမရှိပါဘူး
ကားပေါ်တက်ပြီး ထိုင်ခုံနေရာဦးရင်း လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဆီလီကွန်ပါဝါ 4 ဂစ် မမ်မိုရီစတစ်ထဲ
နေဟာလည်း ပင်ပေါင်ဘောလုံးလို ဝင်တော့မယ့်ဆဲဆဲ လုံးဝိုင်းဝိုင်းစက်စက်
မင်း သောက်ရမယ့် ဆေးလုံးတွေ ငါဝယ်လာတယ်
အသစ်လျှောက်ရမယ့် မျှော်မှန်းလစာ ၁၅၀၀၀၀ိ/ ကျပ်လို့ ရေးထားတဲ့ ကိုယ်ရေးရာဇဝင်ပါတယ်
ငါ့ မမ်မိုရီစတစ်ထဲ မင့်အကြောင်းနဲ့
ငါ အားကျတဲ့ နိုင်ငံရေးသမား ဒီမီထရော့ဗ်နဲ့ ငါ့မှာ တူတာဆိုလို့
လူဖြစ်လာရခြင်းအတွက် ကျေးဇူးတရားအကြီးမားဆုံးဟာ တာဝန်မကျေခဲ့တဲ့ ကွန်ဒုံးတွေပါပဲ
မိဘနှစ်ပါးဟာ သား၊ သမီးနောင်ရေးအတွက် သံဝါသ ပြုနေချိန်ကတည်းက စဉ်းစားနေပြီလား
လူသားဖေ့ဘုတ်ခ်သုံးနေတဲ့အခါ ရယ်သံကြားလိုက်ရတဲ့ နောက်သဲ့သဲ့က ဇွန်ဘီတွေလို အဆင်မပြေမှုနဲ
့ လူရောင်လွင့်
ပီယာနိုခလုတ်ပေါ် ငါတက်လိုက်တယ် ငါစီးရမယ့် ကားလိုင်းက ၅၇
အိုရှိုးရဲ့ From Sex To Superconsciousness စာအုပ်အပါအဝင် အိုရှိုးကိုနားလည်ဖို့
ဒီမီထရော့ဗ်တို့က နိုင်ငံရေးလုပ်တာ မျိုးရိုးလိုက်သလို
နှစ်ရာတန်တစ်ရွက်ကို စပယ်ယာလက်ထဲ ငါထိုးထည့်လိုက်တယ် သူဟာ rugaru ရောဂါသည်လို ပိုက်ဆံကို အငမ်းမရ
လေလိုလွင့်ရင်း ပလက်ဖောင်းပေါ် င့ါစိတ်က ဟိုဒီပြေးလွှားနေတယ်
ကဗျာရေးချင်စိတ် အရင်ကထက် နည်းလာတာက လွဲရင် အားလုံးမပြောင်းလဲဘူး အရင်အတိုင်းပါပဲ
အိုရှိုးက ဂန္ဒီက အကြမ်းဖက်သမားလို့ ဝေဖန်တယ် ဂျွန်လင်နွန်ထင်ခဲ့တာက 'Fuck' ဒါပေမဲ့ 'Yes' ဖြစ်နေခဲ့တယ်
Contraception နဲ့ Abortion ကို ခွဲခွဲခြားခြား သိလာတာနဲ့
ဘော်ဒါတို့အမြင်မှာ ကိုယ်ဟာ ဘဝအနာဂတ်ပျောက်နေတဲ့ စူပါ လူ့အစွမ်းတုံး
အရင်းတုန်းက မစဉ်းစားခဲ့ပေမဲ့ ခုတော့ ဒါမျိုးတွေ စဉ်းစားတတ်လာပြီ
လူတစ်ယောက် အချစ်စိတ် ခံစားတတ်လာတယ်ဆိုတာ ရုပ်ဝတ္ထုသမား ဖြစ်တော့မယ်ဆိုတာ အချက်ပြတာပဲလို့ ငါစဉ်းစားမိတယ်
ငယ်ငယ်က ငါ့ရည်ရွယ်ချက်က အင်ဂျင်နီယာ နောက်ပိုင်းတော့ ပိုင်းလော့ နောက် သွားဆရာဝန်
ခုကဗျာဆရာတစ်ယောက် ဖြစ်တည်မှု အလုပ်လက်မဲ့ လောလောဆယ် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အသက်အရွယ်
လင်ကောင်းမရခဲ့တဲ့ အမေက မွေးခဲ့တော့
သူတောင်းစားအစ သမ္မတအဆုံး လူ့အဖွဲ့အစည်းရဲ့ နောက်ကွယ်က လိင်ကိစ္စအရှုပ်အထွေးတွေဟာ
ငါလည်း သားကောင်း၊ ဖခင်ကောင်းဖြစ်ဖို့ အရည်အသွေး မပါလာဘူး
အာပုပ်စော်နံနေတဲ့ သက်ပြင်းက ပီယာနိုခလုတ်တွေပေါ် ဒီရေမီဖာ ပြင်းထန်စွာ လက်ချောင်းတွေ ဆော့ကစားပြေးလွှားနေပြန်
မော့ကြည့်လိုက်တော့ တိမ်တွေဟာ ဂျပန်ဝတ္ထုထဲကလို
ငါတို့က ယောက်ျားကောင်းမပီသတဲ့ နေရာမှာ မျိုးရိုးလိုက်တယ်
ကားအလာကိုတွေ့တော့ လူအုပ်ကြီးက လောက်တွေလို လှုပ်ရွလာပြန်ရော
ခြေတစ်ဖက်စာနေတဲ့ ခွေးတစ်ကောင်လို ကားဂိတ်ကို ငါလျှောက်လာခဲ့တယ်
မြင်နေကျ တောခွေးအုပ်ကို ခပ်ပြပြ မြင်ရပြီ
ပုပ်ပွနေတဲ့ မင်းရဲ့ အလောင်းကောင်ကြီးကို မျှော်လင့်မထားဘဲ ငါတွေ့လိုက်ရတယ်
လှနေတာ
မောနွေ
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment