Monday, November 5, 2012

"ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်" (မှူးသစ်))



တစ်ယောက်ထဲရှိနေတဲ့  အခန်းကျဉ်းထဲမှာ အန္တရယ်ရဲ့ အနံ့အသက်တွေ ရနေတယ်
မရှာဖွေတော့ခြင်းတွေ  ဦးနှောက်ကနေ ကြွေကျလာတဲ့နောက် ကိုယ့်ကိုယ်ကိုတောင် မသင်္ကာတော့ဘူး
မြင်တွေ့ရမှုအရောင်တွေလည်း ဘာတစ်ခုမှ အရသာမရှိတော့
ကျွန်တော်နဲ့ ကျွန်တော် အစိမ်းသက်သက်ကြီး ဖြစ်နေတယ်
ကိုယ့်နောက်ကျောမှာ ဓါးတစ်လက်စိုက်ဝင်နေခဲ့ရင် ကိုယ်ကလွဲလို့ ဘယ်သူမှ တာဝန်မရှိဘူး
ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်
ပြုံးရယ်မှု ဟာ မျက်ဝန်းတွေနဲ့ ဘာမှ မသက်ဆိုင် တော့ တဲ့အခါ..
တိတ်တဆိတ်မျှော်လင့်ချက်ကို ချောင်ပိတ်... ရိုက်သတ်ပစ်တယ်
တစ်ခုခု ကိုလို ချင်တဲ့ အခါ…. ဘ၀တစ်ခုလုံးစွန့်လွှတ်ပါ့မယ် လို့ အာမခံ မထားဖို့မှ မလို
တစ်ခုခုကို မှ မရလည်း ဘ၀တစ်ခုလုံးကို စွန့် လွှတ် လိုက် ရ တယ်
ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်

ဘ၀ရဲ့ တန်ဖိုးတွေ တိုင်းတာကြတဲ့ အခါ ရိုးသားမှုတွေလည်း ဘောင်မ၀င်တော့ဘူးတဲ့ ညီမလေးရေ
မေတ္တာတရားဆိုတာ
မယ်တော်မာရီယာနဲ့ မာသာထရီဇာ အကြောင်းတွေ တွေးတော ကြတဲ့အခါ  အမှတ်တရပေါ့
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သစ္စာဖေါက်တယ်
ကိုယ့်နောက်ကျောကို ကိုယ်ရဲ့ ဓါးနဲ့ ပြန်ထိုးတယ် ။ အဲ့ဒီနည်းနဲ့ ချစ်ခြင်းမေတ္တာကို ရိုးသားခဲ့ရတယ်
ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်မပေးချင်တော့ဘူး
မိသားစုဆိုတဲ့ဘ၀ ရယ် မဖြစ်နိုင်တဲ့ “အိမ်” ကလေး ရယ် ကိုယ့်ကိုယ်ကိုယ် ပြန်မပေးတော့ဘူး
ကိုယ့်ကိုယ် ပြန်ပြီးဖြေသိမ့်ရတဲ့အခါ “စပစ်သီးချဉ်တယ်”ဆိုတဲ့ ပုံပြင်လေးနဲ့တင် ဘယ်လုံလောက်ပါ့မလဲ
မလုံလောက်တော့တဲ့ အခါ မလိုအပ်သလိုနေထိုင်လိုက်ခြင်းကလည်း အရင်းအနှီးများတဲ့ အတတ်ပညာတစ်ခုပဲ
ဘ၀ကို တည်ဆောက်တဲ့ အတတ်ပညာတွေ ကိုယ် မကျွမ်းကျင်ဘူး
ကိုယ့်ကိုယ်ကိုယ် ပြန်မကုသနိုင်ဘူး
တကယ်တော့ ကဗျာဆရာဆိုတာ အင်ဂျင်နီယာ မှ  မဟုတ်ပဲ
စကားလုံးတွေတာင် ယိုင်နဲ့ ချို့တဲ့ လွန်းတယ်
ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်
………………………………………………………………………………………………………………
……………………………………………………………………………………………………..

အသက်ရှင်သန်မှုအတွက် အဓိပ္ပါယ်တွေ လိုပါ့မလား
တစ်ချို့လူတွေ ပြောကြတယ်
မွေးလာတော့တဲ့ တစ်ယောက်တည်းပဲ.သေသွားတော့လဲ တစ်ယောက်တည်းပဲ..တဲ့
အဲ့ဒီအရာ နှစ် ခု ကြား ထဲမှာရော….
……………………………………………………………………………………………………….
..................................................................................
ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်


                                                                                                                      မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...