Showing posts with label မိုးအိမ်လူ. Show all posts
Showing posts with label မိုးအိမ်လူ. Show all posts
Sunday, November 18, 2012
သံသရာ၏ သံသရာ မိုးအိမ်လူ
စာသားတွေ အနက် ကွာကျလာမှုနဲ့ အတူ
မနက်ဖြန် အရေးအသားတွေဟာ တောင်ခြောက် မြောက်ခြောက် ဖြစ်
တော့မယ်လို့ တောင်ပြော မြောက်ပြော ကောလဟာလတွေ ရပ်ကွက်ထဲ အနှံ့
ပျံ့နှံ့ ၀င်ရောက်နေတဲ့ ဗိုင်းရပ်စ်တွေဟာ သွေးနီဥ သွေးဖြူဥ ဆဲလ်တွေကို
ကိုက်ဖျက် ဖျက်ဆီး ခန္ဓာကိုယ်ဟာ ရွေ့လျားမှု / လှုပ်ရှားမှု နှေးကွေးလာပြီး
နောက် ရီဖရက်ရှ် အခါခါလုပ်လည်း မရ ၀င်းဒိုး တစ်ခုလုံး ပြုတ်ကျ
Monday, November 5, 2012
ပစ္စက္ခ + မီး + ရှင်သန်မှု (မိုးအိမ်လူ)
ယမန်နေ့ ဒိုင်ယာရီ ကွက်လပ်ကြီးငယ် က အစ ဒဏ်ရာ အတိမ်အနက်
စိတ်လွတ်ကိုယ်လွတ်ကြီး မဟုတ်ဘဲ လွတ်လပ်မှုက ဘာ ဖရီးဒမ် က ဘာ အစ သဖြင့်
သံယောဇဉ် အထုံးအကြီးအသေး မီးနီ ပြမှု မရပ်တန့်ခြင်း ကြိမ်တို့ခံရမှု
ဘယ်လမ်းက ဖြစ်ဖြစ် စီးဆင်းမယ့် ရေ။ ထို့အတူ အလိုမတူ ၀မ်းကျောင်းနေရ။
ဘာသာစကားထဲမှာ ပိတ်မိနေပြီး ကဗျာဟာ ရှေးရှေးတုန်းကလို သျှောင်ထုံးနဲ့ မဟုတ်ဘဲ
တွစ်စတာလေး သေနတ်ပစ်သလို ဘိုကေပဲလား အဲဒီလို မသေချာမှု
မဲပြာပုဆိုး မနက်ဖြန်တွေထက် စာရင် မနက်ဖြန်သာမယ့် နေ ထဲမှာ ပိုးမွှားတွေ ပို
ပိုလာမလား ငယ်စဉ်တောင်ကျေးကတည်းက စွဲကပ်ခံရတဲ့ စိုးရိမ်စိတ်နဲ့
ကော်ဖီဒကာတွေ နေ့စဉ်နဲ့ အမျှ ရှာဖွေနေရတဲ့ ခေတ်ပညာတတ် အရာရှိငယ်
Tuesday, October 30, 2012
အသစ်လို့ပြောကြတဲ့ ခေတ်ထဲက အဟောင်းနဲ့ ဆက်စပ်သမျှ ရှင်သန်မှု (မိုးအိမ်လူ)
ပြောဖို့ ကြိုးစားပြီး ပြောလိုက်တာပဲ ဖြစ်မလာတော့လည်း စကားတွေပဲ စိတ်ထဲမှာ ကျန်တာပေါ့
စဉ်းစဉ်းစားစား ကိစ္စတွေ သိပ်မစဉ်းစားချင်တော့သလိုလို နဲ့ အတ္တကိစ္စပဲ ရှေ့တန်းတင်
စနစ်ဟောင်းထဲက / အကျင့်ဟောင်းထဲက / အစဉ်အလာဟောင်းထဲက / မကျွတ်လွတ်နိုင်
နေ့စဉ်ရက်ဆက်တွေမှာ လူမှုဆက်ဆံရေး တံတိုင်းကို ဘယ်လို ခတ်ထားရမလဲ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာကြီးက ရိုးလွန်းတယ်
သုံးစွဲနေတဲ့ ဘာသာစကား အဆောက်အအုံထဲမှာ နေ့စဉ်ဘ၀ကို အခါခါ စဉ်
ကြိမ်နှုန်းများ ကျင့်သားရ လက်ဖ၀ါးတွေလို တွေဝေခြင်း ကင်းမဲ့နေဆဲ
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...