Showing posts with label မိုဃ်းဇက်သော်. Show all posts
Showing posts with label မိုဃ်းဇက်သော်. Show all posts
Sunday, February 24, 2013
ဗိုင်းရပ်(စ်)လှလှတစ်ကောင်ရဲ့ အဆိပ်အသိုးအမြည့်များ (မိုဃ်းဇက်သော်)
အတိုင်းအဆမရှိ မှောင်နေတဲ့ ဗလာနယ်ညတွေထဲ ရင့်မူးစွာ ထိုးကျခဲ့ရတယ်။ အဆင့်အတန်းတဲ့… ထွီ…သွားစမ်း။ နှုတ်ခမ်းပဲ့ချင်း မီးလာမှုတ်ပြမနေနဲ့။ ဂုဏ်သိက္ခာတုကို တံဆိပ်ကပ်သူတွေ…ဦးနှောက်တစ်ခြမ်းမီးပျက်နေသူတွေ။ ဘာတွေဘယ်လိုဖြစ်ဖြစ် ကံ့ကော်မြို့ရိုးကို ချိုးဖျက်ပြီး နင့်ရဲ့ပါးချိုင့်နိမ့်နိမ့်လေးဆီ ငါပြန်ခဲ့ပြီ…ဒေလီယာ။ ငါ့အသွေး အသားကို ၀ါးမျိုပါ…ငါ့အသက်ရှူပွင့်တွေကျရှုံးအောင် ကျည်ဆန်တွေ တစ်တောင့်ချင်းပစ်ခတ်နေတာ နင့်ရုပ်နာမ်လေးပါ။ တစ်ခါတလေတော့လည်း လွမ်းတယ်ဆိုတာ ကိုယ့်နှလုံးသားကိုယ် နာကျင်စွာ ဓားပေါက်လေ့ကျင့်နေရတာမျိုးပါကွယ်။ ငါဗွေမယူပါဘူး။ နင်တို့အသိုက်အ၀န်းက မီးတွေ ငါ့အကျင့်စာရိတ္တထဲအထိ လာလာစူးနေတယ်။ ဒီလိုနဲ့ ငါတစ်ယောက် တည်း ငါနဲ့ငါ စစ်ဖြစ်ခဲ့ရပေါ့။
***
ရေပေးပါ…။ ဘယ်သူ့မှ မကြားကြဘူးလား။ အားးးးးးးးးးး….တစ်စတစ်စ ငါ့မျက်ဝန်းတွေ…နစ်မွန်းကျိန်းစပ်လာတယ်။ အသံတွေ ပြာနှမ်းလာတယ်။ လူတောထဲနေပေမယ့် လူနဲ့တူတာ တစ်ယောက်မှ မရှိတော့ဘူးလား။ ငါကကော လူနဲ့တူလို့ လား။ လူ့ကျင့်ဝတ်တွေကို သုတ်သင်စုတ်ဖြဲပစ်နေတဲ့ လူယောင်ဆောင် သတ္တ၀ါပဲလား။ ဖြေစမ်းပါ(တစ်ယောက်ယောက်ဖြစ်ဖြစ်ပေါ့)။
Subscribe to:
Posts (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...