Showing posts with label လင်းနောင်. Show all posts
Showing posts with label လင်းနောင်. Show all posts

Sunday, February 24, 2013

ကိုယ့်အကြောင်းငါရေးပြီး ဇာတ်နာနေရတဲ့ကောင်(လင်းနောင်)






မနက်ခင်းတခုဟာ မနက်ခင်းတခုထဲမှာ ပျောက်ဆုံးနေရ ..
နေ့ လည်ခင်းတခုဟာ နေ့ လည်ခင်းတခု ထဲမှာပဲ သေဆုံးနေရ
ညခင်းတခုဟာလဲ ညခင်းတခုထဲမှာပဲ အဓိပ္ပါယ်မဲ့နေရတာကြာပြီ ..။
ကွေ့ တခုရောက်တိုင်း စလစ် ဖြစ်နေတဲ့ စိတ်နဲ့ 
ခေါင်းချင်းဆိုင် တိုးတိုက်မိခိုက် မရယ်မပြုံးဖြစ်တော့တဲ့ ဆက်ဆံရေးဟာ
သူ့ ကျင်စွယ်မုတ်ဆိတ်တွေလို ကြမ်းရှရှ ကျိုးတိုးကျဲတဲဖြစ်နေရ….

မနက်ခင်းကို နံပြာတချပ်လိုစုတ်ဖြဲပြီး ဆိတ်စွပ်ပြုတ်တခွက်ထဲထိုးနှစ် အဟာရတခုလို စားသုံးခဲ့တယ်

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...