ခေတ်မြူမှုန်ပိုင်းတစ်ပိုင်း ...(ကာက်ကွေ့)






“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ...

အဖေ က တက္ကစီ မောင်းတယ်
သမီး က တက္ကစီး ငှားတယ်

အဖေ က ဒရိုင်ဘာ
သမီး က ကျောင်းသူ

အဖေ က တက္ကစီ
သမီး က အထူး

အဖေ က ပညာတတ်
သမီး က အဝေးသင်

အဖေ က အိမ်ဦးနတ်
သမီး က မှီခို


အဖေ က ညမောင်း
သမီး က ညကျောင်း

အဖေ က မနက်၇နာရီ
သမီး က မနက်၅နာရီ

အဖေ တက္ကစီမောင်းတာ အမေ သိသလို
သမီး တက္ကစီငှားတာ အမေမသိဘူး

အဖေ က အမေ့ချာတိတ်
သမီး က ပုလ္လိင်ပညာရှင်

အဖေ က ကုသိုလ်လည်းရ
သမီး က ၀မ်းလည်းဝ

အဖေ က သာမန်ဘွဲ့ရ
သမီး က ဆယ်တန်းအောင်ဘွဲ့ရ

အဖေ့ အမှန်တရား က “TAXI ဆိုင်းဘုတ်“
သမီး အမှန်တရား က “ချွတ် ချွတ်“

အဖေ့ အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး
သမီး အတွက် ကြာကြာခိုထိန်းသိမ်းရေး

အဖေ က အုံနာကြေး တစ်သောင်းခွဲလောက်အတွက် တက္ကစီဒရိုင်ဘာ
သမီး က တစ်ဖက်တစ်လမ်း ခေတ်ပေါ် fashion အတွက် ကျောင်းသူအထူး

အဖေ က အမေ့အတွက် အိမ်ဦးနတ်ပညာတတ်
သမီး က အမေ့အတွက် အဝေးသင်မှီခို

အဖေ က ဆန်၊ဆီ၊ငရုတ်၊ကြက်သွန် ... အတွက် ညမောင်း ၇ နာရီ အိမ်ပြန်
သမီး က မောင်၊ညီမ၊စာအုပ်ဖိုး၊ကျောင်းစရိတ် ... အတွက် ညကျောင်း ၅ နာရီ အိပ်


အဖေ က “သမီး ဘယ်သွားမလဲ အဖေလိုက်ပို့ပေးမှာပေါ့“
သမီး က “နေပါစေ အဖေ ၊ သမီးအကျင့်ပါနေပြီ“

အဖေ က တည်းခိုးခန်း/ဘိ တွေ မြို့နယ်အလိုက် ကျွမ်းကျင်
သမီး က မြို့နယ်ခန်းတွေ တည်းခိုအလိုက် လည်ပတ်

အဖေ က ဘဲဥ နဲ့ လူပြတ်အရပ် ဆိုရှောင်တယ်
သမီး က လှည့်ကင်း နဲ့ မယားရှိလင် ဆို ရှောင်တယ်

အဖေ က ဖင်ကောက်တစ်စီး ၀ယ်ဖို့ အားသန်
သမီး က ဘုရားလက်ထက် ပြည့်တန်ဆာ ဖြစ်ဖို့ အားကျ

အဖေ က လစာမကောင်းတော့
“သမီးရှိနေလို့ “ က အမေ့ပါးစပ်ဖျားမှာ “ကောင်းတယ်“

အဖေ ကံဆိုးတာလား
သမီး ကံဆိုးတာလား

တက္ကစီတွေ ပေါလာတယ်
သမီးတွေ တိုးလာတယ်

အဖေ့ ကို သံရည်ကြိုပို့တယ်
သမီး ကို စလစ် ထုတ်တယ်

အဖေ စိတ်ဓာတ်ကျသလို အမေ ချုံးချုံးကျ
တစ်အိမ်လုံး သမီး ပေါ် ပြိုလာတယ်

ဒီနှစ်နောက်ဆုံးနှစ်

သမီးအဖေ့လို လေဖြတ်ချင်တယ်
အဖေ သမီး ခြေထောက်တွေ ယူပါ

မောင်၊ညီမလေးတွေ မြေကွက်လပ်ပေါ်ကျန်ခဲ့
ကျောင်းတွေ သူတို့ကိုထား ထွက်ပြေးသွားကြတယ်

တက္ကစီတွေ ဖြစ်ဖြစ်မြောက်မြောက် ပေါက်ရောက်လာတဲ့ခေတ်မှာ
သမီး လည်း မြန်မြန် တက် မြန်မြန် ဆင်း

အိုဘားမားလာတဲ့နေ့ က သမီး လမ်းပေါ်မှာ
“ဒီမှာပါ“ လို့ လက်မှာ စာရေးပြီးပြကြတာ တရုန်းရုန်း

God Is Dad
ကိုယ့်အားကိုယ်ကိုး ရပြန်တယ်
ကိုယ့်အားကိုယ် ပြုပြင်ခြယ်သရပြန်တယ်

ညဉ့်ငှက်လို့ သူတို့ခေါ်သလို
နာမည်အားဖြင့် လှပါရဲ့
ညတိုင်း ညနဲ့ သမီး လိုက်လိုက်သွား တာ
နိစ္စ၊ဓူဝ

အမေ သမီး ကျောက်ကပ်
ကောင်းတယ်ဆို
ဝတ်လိုက် ဒါမှ အမေလည်း

ချောင်းမဆိုးတော့မှာ

ချွတ် ချွတ်

သမီး ဆေးဆိုင်တွေ ကို မကြောက်တော့ဘူး
သမီး ဘာကိုမှ မရှောင်တော့ဘူး

Naked တွေ ကလွဲလို့ပေါ့။ ။
 



 ကာက်ကွေ့

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...