Showing posts with label ကေဇာ. Show all posts
Showing posts with label ကေဇာ. Show all posts

Sunday, February 24, 2013

သက္ကရာဇ် . အလွန်(ကေဇာ)

လောကနဲ့ အဆက်အသွယ်ပျက်နေခဲ့သော ရာသီစက်ဝန်းတွေမှာ ကိုယ်က အိမ်ဆိုသော ဝေါဟာရ တစ်ခုအောက်မှာ ခပ်ကုတ်ကုတ်လေး ငြိမ်ဝပ်နေခဲ့တယ်။
 
        ကိုယ့်ကိုယ်ကိုလဲ ဘယ်အရာကိုမှ ဝေဖန်သုံးသပ်ခြင်း မရှိနိုင်ခဲ့ဘူး မတတ်နိုင်ခဲ့ဘူး ။ စိတ်ရဲ့ ပျော်ရွှင်မှု အနားယူမှုတစ်ခုတစ်လေတောင် မရခဲ့တဲ့ ပြသာဒါးများများ ၊ရက်ရာဇာနဲနဲနဲ့ နေ့တွေ၊ ညတွေ ဖြတ်သန်းခဲ့ရပြီးပြီ။

        အဓိပါယ်မဲ့ လိုချင်မှု ရက်စွဲတွေကို သေအံ့မူးမူး ခံနိုင်ရည် ရရှိခဲ့ဘူးပါရဲ့။ ဘဝဆို ခဏခဏ ပြောခဲ့ဘူးသော စကားလုံးလေးလိုပဲ ခက်ခက်ခဲခဲပဲ ပျော်ရွှင်တယ်လို့ ထင်နေသူတွေအတွက် ကိုယ်ပျော်ရွှင်ပြခဲ့ရဖူးခဲ့ပြီ။

       (တစ်ကယ်တော့ နားချိန်မရှိခဲ့ရဖူးဘူး ၊ တစ်ရက်လေးလောက်တော့ အိမ်မှာနေပြီး မနက်နောက်ကျမှထ မျက်နှာသစ် ကော်ဖီတစ်ခွက်ဖျော်ပြီး စာအုပ်လေးတစ်အုပ်ကောက်ကိုင် ဒါမှမဟုတ် ရုပ်၇ှင်ကြည့် ) ဒါကိုယ်ရင်း
နှီးသူတွေကို ပြောခဲ့ဖူးတဲ့စကား တွေ ။ တစ်ကယ့် လက်တွေ့မှာ  ငြီးငွေ့မှုတွေကို လက်တွေ့ကျကျ အရည်ဖျော်ပစ်နေရတဲ့ အခြေအနေတစ်ခုသာသာရယ်ပါ ။ နေထိုင် ရှင်သန်မှုတစ်ခု အနေနဲ့က ကိုယ့်ဖြစ် ရုပ်လက္ခဏာ၊ ညစ်ညမ်း ရှုပ်ထွေူးနေခဲ့ဖူးခဲ့ပြီ။ သဘာဝအရ ၊ ဖြစ်တည်ပြောင်းလဲမှု ဘယ်သူမပြု မိမိမူ့ ဆိုဆို ၊ ကံတရားအလှည့် အပြောင်းကို ကိုယ် ခံနိုင်ရည် မရှိခဲ့ပါဘူး။ လိမ်ခြင်း၊ ညာခြင်း မျက်နှာပြောင်တိုက်ခြင်း ၊ စာရိတ္တပိုင်း ချို့တဲ့စွာ ကိုယ်ပိုင်အသိဥာဏ်ကို မျက်စိပိတ်၊ နားပိတ် ၊ ဘဝအလှည့်

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...