Sunday, February 24, 2013

သက္ကရာဇ် . အလွန်(ကေဇာ)

လောကနဲ့ အဆက်အသွယ်ပျက်နေခဲ့သော ရာသီစက်ဝန်းတွေမှာ ကိုယ်က အိမ်ဆိုသော ဝေါဟာရ တစ်ခုအောက်မှာ ခပ်ကုတ်ကုတ်လေး ငြိမ်ဝပ်နေခဲ့တယ်။
 
        ကိုယ့်ကိုယ်ကိုလဲ ဘယ်အရာကိုမှ ဝေဖန်သုံးသပ်ခြင်း မရှိနိုင်ခဲ့ဘူး မတတ်နိုင်ခဲ့ဘူး ။ စိတ်ရဲ့ ပျော်ရွှင်မှု အနားယူမှုတစ်ခုတစ်လေတောင် မရခဲ့တဲ့ ပြသာဒါးများများ ၊ရက်ရာဇာနဲနဲနဲ့ နေ့တွေ၊ ညတွေ ဖြတ်သန်းခဲ့ရပြီးပြီ။

        အဓိပါယ်မဲ့ လိုချင်မှု ရက်စွဲတွေကို သေအံ့မူးမူး ခံနိုင်ရည် ရရှိခဲ့ဘူးပါရဲ့။ ဘဝဆို ခဏခဏ ပြောခဲ့ဘူးသော စကားလုံးလေးလိုပဲ ခက်ခက်ခဲခဲပဲ ပျော်ရွှင်တယ်လို့ ထင်နေသူတွေအတွက် ကိုယ်ပျော်ရွှင်ပြခဲ့ရဖူးခဲ့ပြီ။

       (တစ်ကယ်တော့ နားချိန်မရှိခဲ့ရဖူးဘူး ၊ တစ်ရက်လေးလောက်တော့ အိမ်မှာနေပြီး မနက်နောက်ကျမှထ မျက်နှာသစ် ကော်ဖီတစ်ခွက်ဖျော်ပြီး စာအုပ်လေးတစ်အုပ်ကောက်ကိုင် ဒါမှမဟုတ် ရုပ်၇ှင်ကြည့် ) ဒါကိုယ်ရင်း
နှီးသူတွေကို ပြောခဲ့ဖူးတဲ့စကား တွေ ။ တစ်ကယ့် လက်တွေ့မှာ  ငြီးငွေ့မှုတွေကို လက်တွေ့ကျကျ အရည်ဖျော်ပစ်နေရတဲ့ အခြေအနေတစ်ခုသာသာရယ်ပါ ။ နေထိုင် ရှင်သန်မှုတစ်ခု အနေနဲ့က ကိုယ့်ဖြစ် ရုပ်လက္ခဏာ၊ ညစ်ညမ်း ရှုပ်ထွေူးနေခဲ့ဖူးခဲ့ပြီ။ သဘာဝအရ ၊ ဖြစ်တည်ပြောင်းလဲမှု ဘယ်သူမပြု မိမိမူ့ ဆိုဆို ၊ ကံတရားအလှည့် အပြောင်းကို ကိုယ် ခံနိုင်ရည် မရှိခဲ့ပါဘူး။ လိမ်ခြင်း၊ ညာခြင်း မျက်နှာပြောင်တိုက်ခြင်း ၊ စာရိတ္တပိုင်း ချို့တဲ့စွာ ကိုယ်ပိုင်အသိဥာဏ်ကို မျက်စိပိတ်၊ နားပိတ် ၊ ဘဝအလှည့်
အပြောင်းကို ဒေါင်ကျကျ၊ ပြားကျကျ ခံနိုင်ရည် ရှိဖို့ ကြိုးစားရင်းက အနာဂတ်က တစ်ဖြည်းဖြည်း ဝေဝါး သဲကွဲစွာ မမြင်လိုက်ရတော့ဘူး။ ကံကြမ္မာက မျက်နှာသာ မပေးထားတဲ့ အဖြစ်အပျက်တွေကို ခံနိုင်ရည် မရှိခဲ့ပါဘူး။  ဟုတ်ကဲ့ ကိုယ်ကဒီလိုပါပဲ  ဒါမျိုးတွေက ဖြစ်နေကျပ်ဲပြောပြောနေကျ စကားပေမယ့် ဒီတစ်ခါ ကျရောက်တဲ့ လောကဒဏ်က ကိုယ့်ကိုယ်ကို စိန်ခေါ်မှု၊ ရင့်ကျက်မှု တွေ ယုံကြည်မှုတွေ မပေးစွမ်း နိုင်ခဲ့တော့ပါဘူး။
လူသားဆန်ဆန် ၊ လူသားတစ်ယောက်အနေနဲ့ ညစ်နွမ်းမှုတွေ ၊ ရုပ်ဝါဒ ဆန်မှုတွေ ခံစားမှုတွေကို တစ်ပါးသူတွေထက် ကိုယ့်အသက်အရွယ် အပိုင်းအခြားနဲ့ မူဝါဒကွဲလွဲစွာ နေထိုင်ပစ်ခဲ့ နေထိုင်ခဲ့ရပြီးပြီ (သာမာန်ထက် လွန်ကဲစွာ ) ။


           ဒီစာကို ဖတ်ပြီး ဘာတွေေ၇းမှန်းမသိ ဘာစာမှန်းလဲမသိ နားမလည်ပါဘူး အရူးလိုပဲ လျောက်ရေးထားတယ်ပြောပြော နားမလည်ခဲ့ဘူးဆို ပိုဝမ်းသာမိမှာ အမှန်ပါ။ ကိုယ့်အမှောင်ကို လူတွေမမြင်အောင် ဖုံးထားရတာ ပင်ပန်းနေခဲ့ပါပြီ။ ကိုယ့်ကို မမြင်ရလေ ပိုဝမ်းသာမိလေပါ။ ကိုယ့်ကိုယ်ကို ရှက်ခြင်း ၊ မှောင်မိုက်ခြင်းကို ချပြချင်ပေမယ့် မပြရဲခဲ့သေးပါဘူး။ ဘယ်တော့ သတ္တိတွေ ရလာမလဲ ကိုယ့်ကိုယ်ကို မသိသေးပါဘူး။ ငြိမ်ငြိမ်လေး သူများအမြင်မှာ ကိုယ့်ဘဝကို  အားကျချင်ကျနေပေမယ့် တစ်ကယ်တော့ ဘဝ၊ စိတ် စုံလင်စွာ ပင်ပန်းစွာ နေထိုင်ခဲ့ရဖူးပါပြီ။ သွေးပျက်စေတဲ့ တစ်စုံတစ်ရာက ဘယ်အရာကိုမှ တည်တံ့အောင် တည်မြဲအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။

        သက္ကရာဇ်တွေကို မလိုချင်သလို ငယ်တုန်းကသက္ကရာဇ် ရှည်လျားစွာ ဖြတ်သန်းခဲ့ဖူးပါပြီ နောက်လာမယ့် သက္ကရာဇ်တော်တော် များများကို ဆက်လက်ကျော်ဖြတ်ပစ်ချင်စိတ် ကင်းဝေးနေခဲ့ပါပြီ။

         ဒီခေတ် နဲ့ဆို အရင်တုန်းက ကြားဖူးနေကြ   စကားတွေ တဲအိုမှာ နေရပေမယ့် စိတ်ချမ်းသာမှုမရှိသလို ပြည့်စုံကုံလုံစွာ နေရလို့လဲ စိတ်ချမ်းသာမှု စာရိတ္တတွေ တိုးတက်မလာခဲ့ပါဘူး။


        စိတ်တွေကို အသားကျ နေထိုင်နိုင်ဖို့
ဖြစ် ၊ ပျက် ၊ ပြောင်းလဲ ခြင်း တရားတွေကို ကိုယ်မရနိုင်ခဲ့ သေးပါဘူး ။ သက္ကရာဇ် အကူးအပြောင်း ကာလတွေမှာ
ကိုယ်ဟာ ..  သူရူးတစ်ယောက် ၊ အရက်အလွန် အကျွံသောက်တတ်ခြင်း၊ နီကိုတင်းဓါတ် များများပါဝင်ခဲ့သော
ဆေးလိပ် သောက်တတ်လာခြင်း ၊ (ဒါတွေလုပ်ရတာ မိန်းကလေး မ၇ှက်ဘူးလားလို့ဆိုခဲ့သူ ) ကိုယ်က အီစီကလီ တွေကို ရွံတယ်လေ ။

     (  ဒီမိုကရေစီနဲ့  အီစီကလီစီ  ဘာများ  များများစားစား ကွာဟသွားခဲ့သလဲ။ )


           ဒီသက္ကရာဇ် နဲ့ ဒီစာကို ဖတ်တိုင်း ကိုယ့်ကိုယ်ကို ပြန်မုန်းမိစေဖို့ ။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...