ကျွန်တော်တို့ က ဆာလောင်နေကြတဲ့ လောင်စာတွေပဲ
ခြေထောက်အောက်က ဖိနပ်အပေါက်ထက် စိတ်အပေါက်တွေ
ဖြာထွက်နေခဲ့တာကို ဘယ်လို ဖာထေးကြမတဲ့လဲ
မွေးကတည်းက သေဖို့ မေ့ထားလိုက်ကြတဲ့
မသာအလောင်းအလျာတွေဆိုတာ ခင်ဗျားပဲ၊ ကျွန်တော်ပဲ
ဟို နှုတ်ခမ်းလေးထော်ထော်ပြပြီး အူတွင်းယားစေတဲ့ မသာမလေးလဲပါတယ်။