Monday, November 19, 2012

အပေါက်အပြဲ ကျုပ်လည်းပေါက်ကွဲခွင့်ရှိပါတယ်__အမွန်မွန်း


ဖိနပ်လည်း တစ်ဖက်တည်းရယ်
ကဗျာတွေ မရေးနဲ့ တဲ့ 
ချစ်ခင်သူတွေ လာလာသတိပေးတယ်
ကိုယ့်မှာလည်း တစ်ယောက်တည်း
မလောက်မငှရယ်ပါဆိုမှာ
ငြင်းပယ်မှုတွေ ဆိုက်ရောက်
ဘယ်ကမ်းမှ ကပ်စရာမရှိတဲ့အခါ
မျောခြင်ရာမျော အတွေးက ဒလဟောပဲ
ကိုယ့်အသိုက်နဲ့ ကိုယ်အစေးမကပ်

လူမှုရေးဆိုလည်း ပါလိုက်တာပဲ
နိုင်ငံရေးဆိုလည်း နွဲလိုက်တာပဲ
အိပ်ကပ်အပေါက်အပြဲအောက်မှာ
နှလုံးသား အပေါက်အပြဲနဲ့ 
ဘာကိုထပ်စွန့် လွှတ်ရဦးမလဲ
ကိုယ့်ကိုယ်ကိုယ်တောင် စွန့် လွှတ်ထားပြီပဲ
နောက်များဆို လှည်းတန်း ဂုံးကျော်တံတားအောက်
သွားငေးတွေးဆွေးဦးမယ်
ခြေထောက်အောက်က လမ်းတောင် မညီတာ
ဒီခြေလှမ်းကို ဘယ်လိုညီအောင်လှမ်းရမလဲ
တခါက တွဲခေါ်ခဲ့ဖူးတဲ့ လက်ဖ၀ါးကို လွမ်းဆွတ်မိသလို
တခါမှ မဆုံဖူးသေးတဲ့ အနမ်းတစ်ချို့ ကို
တွေးနေတုန်းလေး ကားဖြတ်တိုက်သွားတာ
ဖရိုဖရဲပဲ...........လွှင့်
ကောင်းကင်ပြာပြာကိုမော့ကြည့်ရတာ ဇက်စောင်းနေပြီ
ဒီကမ္ဘာကြီး ငါ့အတွက်ရှိနေတယ်ဆိုတာ
ဟသပဲ.............
အချစ်နည်းနည်းရောထည့်မယ်ဆိုလည်း
အစုတ်အပြတ်အနုံအချာ ဘ၀က
စည်းသတ်ပြီးပြီပဲ
ခင်ဗျားပုံလေးခိုးခိုးကြည့်နေရုံနဲ့ 
ကျွန်တော့် စိတ္တဇတွေ တိုးတိုးလာခဲ့တာ
အဲဒီအရူး တစ်ရက်တော့ ဖမ်းရမယ်တဲ့
ထွီခနဲ ရွှီခနဲ......ရင်ခုန်သံတွေ အလှပ်လိုက်လွှာကျ
စိတ်ကပျောက်သွားလိုက် ခြောက်ခြားလိုက်နဲ့ 
အစကတည်းက ဘယ်က ပြုတ်ကျလာမှန်းမသိတဲ့
ဘ၀က ဖုတ်ခနဲ မြေကြီးပေါ်
မာစတာ ဘင်းလောက်တော့ ကံထူးချင်ပါရဲ့ 
အစစွဲထုတ်စရာတောင် မရှိတဲ့ ချည်ခင်ထဲ
ပင့်ကူအန်ဖတ်အထွေးလိုက်လိုကောင်မျိုး
ကျွန်တော့်မှာ ဖောက်လွဲဖောက်ပြန်အတွေးတွေပဲ ချမ်းသာတာ
သကောင့်သား မှာလည်း အသည်းနဲ့ အူနဲ့ အစာအိမ်နဲ့ ပဲ
`နည်းနည်းလောက်တော့ သနားကြပါဗျာ အကိုတို့ အမတို့ ရာ။

အမွန်မွန်း
၇.၁၁.၂၀၁၂

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...