Monday, November 19, 2012

အော်မိတ__ဇာတိ(ဖျာပုံ)

ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့အချိန်ကာလတစ်ခုလုံးကို လက်ခံထားရတာပဲ
ကြိုးမျှင်တွေ ဘယ်လောက် ရှည်လျား ရှည်လျား
ကမ်းကုန်အောင် ရူးသွပ်ပစ်လိုက်ကြမယ်
ငါတို့ အဖြစ်နိုင်ဆုံးသော လက်တွေ့တွေကို အကောင်အထည်ဖော်မယ်
သေသေချာချာ မမြင်ရတဲ့အခါ ပိုလို့ထင်ပေါ်လာလိမ့်မယ်
အဲ့ဒါ အကြောက်တရားတစ်ခုဆိုရင်တောင် လုပ်ယူထားတဲ့ အကြောက်တရားပဲ ဖြစ်လိမ့်မယ်
ငါ့ဘ၀ထဲက ငါရုန်းထိုး ထွက်လိုက်မယ် ပြီးရင်
ငါ့ဘ၀ထဲကို ခိုးကြောင် ခိုးဝှက် ပြန်ဝင်ဖို့ ကြိုးစားမယ်
ဒါပေမဲ့ ငါတို့အဖွဲ့အစည်းတွေကြားထဲမှာတော့ ငါ ဆိုတာကို ဖျောက်ကွယ်ပစ်ရမယ်

အဲ့ဒီတော့ ဇော တွေပဲ     အရမ်းပြင်းထန်လာတဲ့အခါ
အားလုံးတောင့်တင်းနေတဲ့ ဒီခန္ဓာကိုယ်တွေဟာလဲ  တရစ်ရစ် ပျော့အိလာလိမ့် နိုးနိုးပဲ
စာပိုဒ်ကတော့ တော်တော်ရှည်တယ်  အားလုံးကတော့ သစ်တယ်
အော်မိတ ချစ်တယ် အော်မိတ
ဘာကိုပဲဖြစ်ဖြစ် ယုံကြည်ထားတဲ့ စိတ်ကလေးလက်တဆုပ်နဲ့ မယုံကြည်ပဲ မနေလိုက်ပါနဲ့
မချစ်ပဲ မနေကြပေမယ့် ချစ်တတ်လာတဲ့အခါ ကမ္ဘာဟာပျောက်ကွယ်သွားတော့မယ်
ရယူခြင်းကင်းတဲ့ ချုပ်နှောင်မှုတွေ အောင်မြင်ခြင်းဟာလဲ မှန်ကန်မှုတစ်ခု လုံးဝဖြစ်မလာနိုင်ဘူး
စိတ်ရှိ လက်ရှိပဲ အော်မိတ ရုန်းရင်းအဆံခတ်ကြ ငါက ကတုံးပဲ အော်မိတ
ဒီနေရာကနေ ပျောက်ကွယ်သွားတဲ့အခါ အော်သံတွေကို အော်ခေါ်ပါ
အစဦးပိုင်းမှာတော့ အံ့သြပျော်ရွှင်တုန်လှူပ်ကြောက်လန့်စိုးရိမ်စိတ်ပူရင်ခုန်မြူးတူးနေကြလိမ့်မယ်
ဒါတကယ်ပဲလား အော်မိတ
ငါက နောက်ဆုံးဘာဖြစ်မှန်းမသိ ဖြစ်နေတာကိုပဲ ကျေနပ်နေတာ
ငါတို့ နှစ်ယောက် အရေးအခင်းတစ်ခုကို ဖန်တီးနေကြတာ
အငဲ ဇာတိ (အန္တိမ) အိမ်မက်တွေထဲမှာကဆုန်ပေါက်
တစ်ရက်တော့ အရက်သောက်မယ် အော်မိတ
အကယ်၍ တစ်ယောက်နဲ့တစ်ယောက် သက်ပြင်းတွေကိုယ်စီနဲ့ ကျောခိုင်းကြတဲ့အခါ စာတွေကို လှုပ်နှိုးပါ
လွတ်လပ်သွားတဲ့ စိတ်တွေဟာ ဘာကိုမှအခြေမပြုထားဘူးဆိုပေမဲ့
ဒီနေရာမှာသတိထားရမယ့်အချက်တွေ ရှိတယ်  အော်မိတ







ဇာတိ(ဖျာပုံ)
5.6.2012

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...