Sunday, January 13, 2013

(လွန်)လေပြီးသော အခါ (အမွန်မွန်း)

စက်သုံးဆီဈေးကို နှုန်းရှင်စနစ်ဖြင့်ရောင်းချ(ခွင့်)ပေး နောက်

အရှင်းရှင်(၀ါ)ခရိုနီ ဟူသော ဝေါဟာရ မီးပုံးပျံ လွှတ်တင်ခဲ့တယ်

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခွင့်တွင် အမှန်တကယ်

လွတ်လပ်ပေါ့ပါးသော စိတ်ဟာ မိုးပျံပူပေါင်းထဲက လေလို/လေးလို့ 

နိုင်ငံတော်မှ နိုင်ငံတကာသို့ ပေးဆပ်ရန်ရှိသည့် အကြွေးစားရင်းအရ

အောင်ဘာလေ သိန်းဆု အထူးဆု ကျပ်သိန်း ၁၅၀၀ စတင်ချီးမြှင့်တယ်


အမျိုးသမီးသီးသန့် ယာဉ်စတင်ပြေးဆွဲသော ဖေဖေါ်ဝါရီ တစ်ဆယ့်လေးပြီးနောက်

မသီတာထွေး၏ အဆုံးမလှသော နိဂုံးဘ၀တွင် ထတောက်လေသော အာဃာတမှာ

ရာဇ၀တ်မှုလွန် လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်လာသည့် ဘီလူးမျက်နှာဖုံးများနှယ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နောက် ရီဆိုက်ကယ် အသွင်ကူးပြောင်းရေး

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ပြဌာန်း/လက်ပွေ့ ဈေးကွက်အတွက် အားရဖွယ်

ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီလေးပိတ်ထားလိုက်က

အားလုံး အဆင်ပြေသွားပါလိမ့်မည်ဆိုသော နိုင်ငံတော် သမ္မတအကြံပေးကြီး၏

စကားလုံးများ အမှောင်ကျ/ချ ခံထားခဲ့ရသော နှစ်ဆိုးခေတ်ဆိုးအတွင်းမှ ထိုးထောင်ထလာသော

စတုတ္ထ မီဒီယာ လွတ်လပ်ခွင့်သည် ဂျာနယ်ရောင်းကောင်းရုံ ခပ်ဖွဖွလေး ဖိရေးထားသော

ခေါင်းကြီးပိုင်းသတင်းမှာ ကျွန်မအာဏာရချင်တယ် /ကျွန်မ အာဏာရချင်တယ်/ကျွန်မ အာဏာရချင်တယ်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ နည်းဥပဒေထုတ်ပြန်/လှည့်စားထားသော

နိုဝင်ဘာလ ၂၅ ရက်တွေ ဆေးပေါင်းခစေ အလို့ ငှာ သံဃာတော်များအား မီးပူဇော်ခဲ့ပြီးနောက်

ကွာကျလာသော အရေပြားမှာ တရားခံဟာ ပဲ့ထွက် ကျလာတဲ့ အရိအရွဲလို ရုပ်ပျက်ဆင်းပျက်

ဒီပြသနာက ရေနဲ့ ဖြန်းတာပဲ ၊ ဒါပေမယ့် ငရဲပြည်ကရေဖြစ်နေတာက ဆိုးတယ်( သီတဂူ ဆရာတော်)

ဒီမိုကရေစီဟာ အပျိုဖော် မ၀င်ခင်မှာတင် အတွင်းသပ် အကြိမ်ကြိမ် မုဒိန်းအကျင့်ခံထားရသူလို

ပိတ်ဆို့ မှုများဟာ ပြန်လည်ရုပ်သိမ်းခံသွားရသလို တချို့ သော လူသယံဇာတများသည်လည်းကောင်း

စိတ်ဓါတ်စစ်ဆင်ရေးမှာ နဖူးကွဲ ဒူးပြဲ ၊ ကြောက်စိတ်ဟာ အရိုး/အသား/အသည်းထဲ စွဲနေတယ်

တရုတ်ကိုလည်း တပည့်တော်တို့ က ကြောက်ရပါတယ် ဘုရား( သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းမှပြောကြား)

အိုဘားမားကောင်းမှုနဲ့ လန်းသွားတဲ့ ကျောင်းတော်ကြီး၏ ပညာရည်တိုးတက်မြင့်မားလာခြင်းသည်

စာရွက်ပေါ်တွင် Bold တင်ထားသော စကားလုံးများ အတွင်းတွင်သာ ရှိသည်

သမ္မတကြီး သည်တရုတ်နိုင်ငံ ယန်လင်း(စိုက်ပျိုးရေးနှင့်သစ်တော) တက္ကသိုလ်မှပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့ ရရှိ

ရုတ်သိမ်းသွားသော လယ်မြေများအတွက် ဆန္ဒထုတ်ဖော်နေကြသော လယ်သမားများအား

ပညာမဲ့ လူတန်းစား အားလို့ ယားနေကြသူများဟု သတ်မှတ်ကြသော လူငယ့်အတွေးအခေါ်တချို့ တွင်

အနှီ မောင်ကီးက မီးထိုးပြီး ယပ်ခပ်ပေးဖို့ ဒူးလေးနန့် / (မ) ပညာတတ် နှင့် ( မောင်) လူယုတ်မာ တို့ ၏ မင်္ဂလာ

ဆာလောင်သူ ကို ဆူလောင်သူ အဖြစ်မသတ်မှတ်ဖို့ အရေးကြီးပါတယ်( ကိုကိုကြီး)

နန်းဟာ နိုင်ငံဂုဏ်ကို အချိုးအစားကျန လှပစွာ ဆောင်ခဲ့လေတယ် ပုရိသတို့ ဂုဏ်ယူဖွယ် အိုမြန်မာရယ်

မြန်မာနိုင်ငံတွင် ပထမဆုံးဖျော်ဖြေ(ခွင့်) ရသော ကမ္ဘာကျော်  အဆိုတော်ကြီး ဂျေဆင်မရက်ဇ် ရယ်

အဲ ပုဂံလေကြောင်း ၁၁၉ ပျက်ကျမသွားခင်တစ်ရက်က ရွှေတိဂုံဘုရားမှာ ဟိမ၀န္တာလဒတွေ နားခဲ့

ကျွန်တော် ကျွန်မတို့ သည် ကွန်ပျူတာရှေ့ ရောက်သော အခါ အမျိုးသားရေး စိတ်ဓါတ်ပြင်းပြကြတယ်( တစ်ချို့ )

ခွေးချေးတက်နင်းမိတိုင်း ဟုတ်ပါ့မလားဆိုပြီး ကောက်နမ်းကြည့်ရတာ အားမရလို့ လျှာနဲ့ လျှက်ကြည့်သလို

သေချာမှုမျိုးနဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မှာ ( အားလုံး)  ပီပီပြင်ပြင် အကယ်ဒမီရကြလေသတည်းတဲ့။


အမွန်မွန်း
၂၀၁၃ ဇန်န၀ါရီ ၁၁
( ၈:၁၇ ) နာရီ
Ref: 7 Days News Journal

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...